Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘီးလင်းကနေ စစ်ကောင်စီတပ်စခန်းတွေဆုတ်ခိုင်းတာက KNU မူဝါဒဖြစ်တယ်လို့ တာဝန်ရှိသူပြော

KNU သထုံခရိုင် တပ်မဟာ ၁ KNDO တပ်ရင်း(၂) နယ်မြေအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီရဲ့ လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းတို့ဟာ သုံးရက်အတွင်း စခန်းကနေ ဆုတ်ခွာပေးဖို့နဲ့ ဆုတ်ခွာခြင်းမပြုပါက စစ်ရေးအရ ထိရောက်စွာအရေးယူသွားမယ်လို့ KNDO တပ်ရင်း (၂) က မနေ့ ဧပြီ ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေငြာခဲ့တာပါ။

ကေအဲန်ယူ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဘီးလင်းမြို့နယ်ထဲက စစ်ကောင်စီတပ်စခန်းတွေကို ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တပ်ရင်း(၂)က ဆုတ်ခွာခိုင်းတာဟာ ကေအဲန်ယူရဲ့မူဝါဒကို အကောင်အထည်ဖော်တာဖြစ်တယ်လို့ ကေအဲန်ယူပြောခွင့်ရသူ ပဒိုစောတောနီးက ဆိုပါတယ်။

“စစ်အာဏာရှင်စနစ်ကို ကျနော်တို့ ဖျက်သိမ်းရမယ်ဆိုတာ ကျနော်တို့ဒီအတိုင်းပါးစပ်ပြောလို့ရတာမှ မဟုတ်ပဲ။ စစ်အာဏာရှင်စနစ်ကို မလိုဘူးဆိုတာ ကျနော်တို့တိုက်ဖျက်ရမှာပဲလေ။ နည်းလမ်းပေါင်းစုံနဲ့လုပ်ရတဲ့အခါမှာတော့ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးနဲ့ သံတမန်ရေးနဲ့ စီးပွားရေးပိတ်ဆို့မှုတွေအားလုံး နောက်ဆုံးကျ စစ်ရေးနည်းလမ်းအရ ကျနော်တို့ဖိအား မပေးလို့ကိုမရဘူး”လို့ ပဒိုစောတောနီးက ဆိုပါတယ်။

KNU သထုံခရိုင် တပ်မဟာ ၁ KNDO တပ်ရင်း(၂) နယ်မြေအတွင်းမှာ တပ်စွဲနေထိုင်တဲ့ စစ်ကောင်စီရဲ့ လေးကေစခန်းနဲ့ ဝင်းတာပန်စခန်းတို့ဟာ သုံးရက်အတွင်း စခန်းကနေ ဆုတ်ခွာပေးဖို့နဲ့ ဆုတ်ခွာခြင်းမပြုပါက စစ်ရေးအရ ထိရောက်စွာအရေးယူသွားမယ်လို့ KNDO တပ်ရင်း (၂) က မနေ့ ဧပြီ ၂၀ ရက်နေ့ရက်စွဲနဲ့ ထုတ်ပြန်ကြေငြာခဲ့တာပါ။

ကေအဲန်ယူ သထုံခရိုင် တပ်မဟာ ၁ နယ်မြေအတွင်းမှာ ဝင်ရောက်တပ်စွဲနေထိုင်လျက်ရှိတဲ့ စစ်ကောင်စီတပ်စခန်းတွေဟ ကျေးရွာတွေအပေါ် လက်နက်ကြီးပစ်ခတ်မှုတွေ မကြာခဏလုပ်ဆောင်နေပြီး ပြီးခဲ့တဲ့ မတ်လ ၁၉ ရက်နေ့ညပိုင်းက တပ်မဟာ ၁ နယ်မြေအတွင်းက ကျေးရွာဘုရားပွဲတစ်ခုကို စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်လို့ ဒေသခံတွေ ထိခိုက်သေဆုံး ဒဏ်ရာရရှိသွားခဲ့သေးတာပါ။

Public Service Announcement

Public Service Announcement

“အနီးအနားမှာရှိတဲ့ရွာတွေကို လက်နက်ကြီးကနေ လှမ်းလှမ်းထုတာ တပ်မဟာ ၁ က အဲ့ဒီစခန်းတွေကဆို နာမည်အကြီးဆုံးပဲ။ တောက်လျှောက်ပစ်ချလိုက်တာ ဘုရားပွဲမရှောင်ဘာမရှောင် ဘုရားပွဲသွားတဲ့လူလည်း ထိလိုထိနဲ့။ ဆယ်ဂဏန်းကျော်ပြီးတော့ ထိခိုက်ဒဏ်ရာရ သေတဲ့ဟာလည်းရှိ။ အဲ့လိုမျိုးဖြစ်လာတဲ့အခါကျတော့ ဒါတွေက ဒီအဆင့်ကိုရောက်လာတာပဲလေ” လို့ ပဒိုစောတောနီးက ပြောပါတယ်။

တပ်မဟာ ၁ နယ်မြေအတွင်းမှာ ကေအဲန်ယူနဲ့ စစ်ကောင်စီတပ်တို့အကြား စစ်ရေးပဋိပက္ခတွေ တောက်လျှောက်ဖြစ်နေပြီး ကျိုက်ထို-ဘီးလင်း-သထုံလမ်းတစ်လျှောက်မှာ စစ်ကောင်စီရဲ့တပ်တွေလည်း မကြာခဏ တိုက်ခိုက်ခံရတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကပဲ တပ်မဟာ ၁ နယ်မြေဖြစ်တဲ့ ဘားအံမြို့နယ် သံလွင်အနောက်ဘက်ခြမ်းက သထုံ-ဘားအံလမ်းနဲ့ ဘားအံ-ကမမောင်း-ဖာပွန်လမ်းဆုံရာဖြစ်တဲ့ ဝါးဘိုးတောလမ်းဆုံမှာရှိတဲ့ စစ်ကောင်စီရဲကင်းဂိတ်စခန်းကို KNLA ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ရဲခြောက်ဦးသေဆုံးသွားခဲ့သေးပါတယ်။

“ကျနော်တို့ သတိထားမိတာကတော့ စစ်ကောင်စီဘက်က ကျဆုံး ဆုံးရှုံးမှုတွေက တဖြည်းဖြည်းနဲ့ တဖြည်းဖြည်းနဲ့ ပိုပြီးတော့များများလာတယ်။ တော်တော်သိသိသာသာဖြစ်လာတယ်။ အခုလပိုင်းအတွင်းမှာနော်။ ဒီဧပြီလတောင်မှ လမကုန်သေးဘူး။ ကျနော်တို့ စာရင်းချုပ်ကြည့်လိုက်တဲ့အခါမှာ နှစ်ပတ်အတွင်းမှာလည်း အရင်ကထက်မကြုံဖူးပါဘူး တော်တော်များပြားလာတာကို တွေ့နေရတယ်။ ပြောရမယ်ဆိုရင် သိပ်မဟန်ဘူးပေ့ါဗျာ။ သူတို့စစ်ဆင်ရေးအကြီးအကျယ်ထိုးတယ် ထိုးစစ်တွေဆင်တယ်။ နောက်ပြီးတော့ နယ်မြေစိုးမိုးရေးလုပ်မယ်ဆိုတဲ့ဟာအနေအထားက ခုကတဖြည်းဖြည်းနဲ့ မိုးကကျလာတော့အနေအထား ရောက်လာတော့မယ်ဆိုရင် ဘာမှလည်းအရာမထင်သေးဘူးဆိုတာ တွေ့နေရတယ်”လို့ ပဒိုစောတောနီးက ဖြည့်စွက်ပြောပါသေးတယ်။

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ကော်သူးလေအုပ်ချုပ်နယ်မြေအတွင်းမှာ စစ်ကောင်စီက စစ်ရေးအင်အားတိုးချဲ့တာတွေ ပိုမိုလုပ်ဆောင်နေတာကြောင့် ထိတွေ့တိုက်ပွဲတွေ အရင်ကထက်ပိုမိုဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုတွေဟာလည်း အရင်ကထက် ပိုမိုများပြားလာခဲ့တာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။