Connect with us

Hi, what are you looking for?

LuduNwayOo

News

အမြန်လမ်းတွင် ခရီးသည်တင်ယာဥ်တစ်စီး ချောင်းထဲထိုးကျ၊ ၁၁ ဦးဒဏ်ရာရ

ချောင်းထဲထိုးကျသည့်ဖြစ်စဥ်ကြောင့် အဆိုပါယာဥ်နှင့် လိုက်ပါလာသည့် ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများအား မြို့ချောင်းဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဓာတ်ပုံ - ဆင်ဖြူတော် လူမှုကူညီရေးအဖွဲ့

ရန်ကုန်-နေပြည်တော်အမြန်လမ်းတွင် ယနေ့(ဧပြီ ၂၄) နံနက်အစောပိုင်းက ခရီးသည်တင်ယာဥ်တစ်စီး ချောင်းထဲထိုးကျမှု ဖြစ်ပွားခဲ့သည်။

ယနေ့နံနက် ၄ နာရီ ၄၇မိနစ်ခန့်က အမြန်လမ်း (၉၉) မိုင် (၅)ဖာလုံတွင် နန်းထိုက်တော်ဝင် ခရီးသည်တင်ယာဥ် ချောင်းထဲကျသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သွား ရောက်ကူညီပေးနေသည့် ဆင်ဖြူတော် လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်သည်။

“ဖြစ်စဥ်အား ဆင်ဖြူတော်လေးများနှင့် ဆင်ဦးစီးများ သွားရောက်ကူညီ။ အသေအပျောက်မရှိ”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါ နန်းထိုက်တော်ဝင်ယာဥ်သည် ပျော်ဘွယ်မြို့မှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဥ်တစ်စီးဖြစ်ပြီး ဘီးပေါက်ရာမှ တံတားနှစ်စင်းကြားရှိ ချောင်းထဲသို့ ထိုးကျသွားခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဆင်ဖြူတော် လူမှုကူညီရေးအဖွဲ့

ချောင်းထဲထိုးကျသည့်ဖြစ်စဥ်ကြောင့် အဆိုပါယာဥ်နှင့် လိုက်ပါလာသည့် ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများအား မြို့ချောင်းဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

တိုက်ဒေါင်းပြည်သူ့တော်လှန်ရေးအင်အားစုနှင့်မဟာမိတ်များသည် စက်တင်ဘာလ ၂၃ ရက်နေ့ကလည်း ပျော်ဘွယ်မြို့နယ်၊ ညောင်ကုန်းတိုက်နယ်ရဲစခန်းကို သွားရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၃ဦးသေဆုံးခဲ့သည်။

သတင်း

အဆိုပါ အမျိုးသားနှင့် အမျိုးသမီးတို့ကို အမြန်လမ်းကြက်ခြေနီအသင်းမှ ဖြူးဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း အမြန်လမ်းမီးသတ်တပ်ဖွဲ့က ဆိုသည်။

သတင်း

အဆိုပါ လမ်းပိုင်းများ၊ အထူးသဖြင့် ရန်ကုန် -နေပြည်တော် အမြန်လမ်းတွင်စစ်ကောင်စီတပ်ကားများသည် ပြည်သူများ၏ အိမ်စီးကားများ၊ ခရီးသည်တင်ကားများကို အကာအကွယ်ယူကာ သွားလာနေသည်ကို တွေ့ရသည်ဟု ရဲဘော်တင်ဦးက‌ပြောသည်။

သတင်း

နေပြည်တော် - ရန်ကုန်အမြန်လမ်း ၁၆၉ မိုင်အနီးတွင် ယနေ့ (ဇူလိုင်လ ၇ ရက်) နံနက် ၉နာရီ ၁၅မိနစ်ခန့်ကမိုင်းဆွဲတိုက်ခိုက်တိုက်ခိုက်ခဲ့ပြီး​နောက် လက်နက်ကြီးဖြင့်ပါ