Connect with us

Hi, what are you looking for?

News

အမြန်လမ်းတွင် ခရီးသည်တင်ယာဥ်တစ်စီး ချောင်းထဲထိုးကျ၊ ၁၁ ဦးဒဏ်ရာရ

ချောင်းထဲထိုးကျသည့်ဖြစ်စဥ်ကြောင့် အဆိုပါယာဥ်နှင့် လိုက်ပါလာသည့် ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများအား မြို့ချောင်းဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဓာတ်ပုံ - ဆင်ဖြူတော် လူမှုကူညီရေးအဖွဲ့

ရန်ကုန်-နေပြည်တော်အမြန်လမ်းတွင် ယနေ့(ဧပြီ ၂၄) နံနက်အစောပိုင်းက ခရီးသည်တင်ယာဥ်တစ်စီး ချောင်းထဲထိုးကျမှု ဖြစ်ပွားခဲ့သည်။

ယနေ့နံနက် ၄ နာရီ ၄၇မိနစ်ခန့်က အမြန်လမ်း (၉၉) မိုင် (၅)ဖာလုံတွင် နန်းထိုက်တော်ဝင် ခရီးသည်တင်ယာဥ် ချောင်းထဲကျသည့်ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သွား ရောက်ကူညီပေးနေသည့် ဆင်ဖြူတော် လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်သည်။

“ဖြစ်စဥ်အား ဆင်ဖြူတော်လေးများနှင့် ဆင်ဦးစီးများ သွားရောက်ကူညီ။ အသေအပျောက်မရှိ”ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အထက်ပါ နန်းထိုက်တော်ဝင်ယာဥ်သည် ပျော်ဘွယ်မြို့မှတဆင့် ရန်ကုန်မြို့သို့ ထွက်ခွာလာသည့် ခရီးသည်တင်ယာဥ်တစ်စီးဖြစ်ပြီး ဘီးပေါက်ရာမှ တံတားနှစ်စင်းကြားရှိ ချောင်းထဲသို့ ထိုးကျသွားခြင်းဖြစ်ကြောင်း အမြန်လမ်းမီးသတ်မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ဓာတ်ပုံ – ဆင်ဖြူတော် လူမှုကူညီရေးအဖွဲ့

ချောင်းထဲထိုးကျသည့်ဖြစ်စဥ်ကြောင့် အဆိုပါယာဥ်နှင့် လိုက်ပါလာသည့် ခရီးသည် ၁၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဒဏ်ရာရသူများအား မြို့ချောင်းဆေးရုံသို့ပို့ဆောင်ထားကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ အိမ်စီးကားတစ်စီး ဘီးပေါက်လမ်းဘေးထိုးကျ တိမ်းမှောက်လို့ ယာဉ်ပေါ်မှာပါတဲ့ အမျိုးသမီး ၂ဦးသေဆုံးခဲ့တယ်လို့ သွားရောက်ကူညီခဲ့တဲ့ စကားအင်းအမြန်လမ်း မီးသတ်စခန်းရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မြတ်မန္တလာထွန်း ခရီးသည်တင်ယာဉ် ဘီးပေါက်လို့ ယာဉ်နောက်လိုက်က ကားအောက်ဝင်ပြီး စပယ်ယာဘီးလဲနေချိန် ကားလေအိတ်ပေါက်ခဲ့တာကြောင့် သေဆုံးသွားတယ်လို့ အမြန်လမ်းမကြီးထိန်းသိမ်းပြုပြင်ရေးနှင့်ကြီးကြပ်ရေးအဖွဲ့ ကအသိပေးထားပါတယ်။

သတင်း

ရန်ကုန်-မန္တလေးအမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ် ၂၁၈ မိုင် ၄ ဖာလုံမှာ ဒီနေ့ (မတ်လ ၂၈ ရက်) မနက်ပိုင်းက အိမ်စီးကားတစီး တိမ်းမှောက်တာကြောင့် ကားပေါ်မှာ ပါလာသူသုံးဦးသေဆုံးခဲ့တယ်လို့ မီးသတ်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။

သတင်း

ရန်ကုန် -မန္တလေးလမ်းဟောင်းကနေ နေပြည်တော်ကိုသွားတဲ့ စစ်ယာဥ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ -ပုဏ္ဏဝတီ (တောင်တွင်းကြီး) တာဝန်ရှိသူက ပြောပါတယ်။