Connect with us

Hi, what are you looking for?

News

ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူများက အင်းမရွာကို ထပ်မံမီးရှို့ဖျက်ဆီးခဲ့ရာ ​နေအိမ်၇၀ ကျော် မီးလောင်ပျက်စီး

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သောင်းကျန်းနေမှုကြောင့် မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်း၊မုံရွာ-အမြင့်လမ်းပိုင်း၊ချောင်းဦး-အမြင့်လမ်းပိုင်း၊ချောင်းဦး-ပခုက္ကူလမ်းပိုင်းများကို အရေးပေါ်ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးကြေညာထားသည်။

(အင်းမကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

▪️ဒေသခံပြည်သူတစ်ဦးကိုပါ ပစ်သတ်သွား

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်တွင် အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများပေါင်းပြီး အင်းမကျေးရွာကို မီးရှို့ဖျက်ဆီးခဲ့ရာ ​နေအိမ် ၇၀ ကျော် မီးလောင်ပျက်စီးခဲ့ပြီး ​ဒေသခံပြည်သူတစ်ဦးကိုပါ ပစ်သတ်သွားကြောင်း ဒေသခံများက ​ပြောသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများသည် ယမန်နေ့(ဧပြီ ၂၃ ရက်) နံနက် ၁၀နာရီ၅၀မိနစ်ခန့်က ချောင်းဦးမြို့နယ် အင်းမကျေးရွာကို လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ပစ်ခတ်ပြီး​နောက် ဝင်ရောက်မီးရှို့ရာ အိမ်ပေါင်း ၇၀ ကျော်ပျက်စီးဆုံးရှုံးကာ ကျေးရွာနေ ပြည်သူတစ်ဦးဖြစ်သူ ဦးဝင်းမြင့်ကိုလည်း ပစ်ခတ်သတ်ဖြတ်သွားကြောင်း ​ဒေသခံများက ပြောသည်။

အင်းမကျေးရွာရှိ ပြည်သူများ စိုက်ခင်းများမှသီးနှံများရိတ်သိမ်းနေစဥ် ကင်းမွန်းတော်ရွာမှပျူစောထီးများနှင့် အကြမ်းဖက်စစ်တပ်က လက်နက်ကြီး၊လက်နက်ငယ်များဖြင့်ပစ်ခတ်လာပြီး ကျေးရွာအတွင်းသို့ဝင်ရောက်လာကြောင်း၊ အင်းမကျေးရွာထဲသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး နေအိမ်သုံးလုံးစတင်မီးလောင်ကျွမ်းခဲ့ကြောင်း၊ ပျူစောထီးနှင့် စစ်တပ်ကလည်း ကျေးရွာအတွင်း ဝင်ရောက်မီးရှို့ခဲ့သည့်အပြင် အပြစ်မဲ့ပြည်သူဦးဝင်းမြင့်နှင့် နွားတစ်ကောင်ကိုပါ ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

“အင်းမကျေးရွာဟာ ဒုတိယအကြိမ်မီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး ပထမတစ်ကြိမ်တုန်းကလည်း ဘုန်းကြီးကျောင်းအတွင်းက ကားတွေအပါအဝင် ​နေအိမ်အများအပြားကို အကြမ်းဖက်စစ်တပ်နဲ့ ပျူစောထီးတွေက မီးရှို့ဖျက်ဆီးခဲ့ကြပါတယ်။”ဟု ဒေသတွင်း မိုးသားရိပ်စာမျက်နှာက ရေးသားသည်။

(အင်းမကျေးရွာ မီးရှို့ဖျက်ဆီးခံရပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ-CJ)

အကြမ်းဖက်စစ်တပ်နှင့် ပျူစောထီးများ မီးရှို့သောင်းကျန်းနေမှုကြောင့် မုံရွာ-ချောင်းဦး-မြင်းမူလမ်းပိုင်း၊မုံရွာ-အမြင့်လမ်းပိုင်း၊ချောင်းဦး-အမြင့်လမ်းပိုင်း၊ချောင်းဦး-ပခုက္ကူလမ်းပိုင်းများကို အရေးပေါ်ယာယီပိတ်ထားကြောင်း ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးကြေညာထားသည်။

အင်းမကျေး​ကျေးရွာသည် ချောင်းဦးမြို့၏ အနောက်ဘက်တွင်တည်ရှိပြီး အမြင့်တိုက်နယ်တွင်ပါဝင်သည်။ အမြင့်တိုက်နယ်ရှိ အင်းမကျေးရွာအပါအဝင် အနီးနားရှိ ကျေးရွာများကို ကင်မွန်းတော်၊ကံဇီး၊ကံကြီးကုန်းစသည့် ကျေးရွာများရှိ အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံများဖြစ်သော ပျူစောထီးများက မကြာခဏဝင်ရောက်မွှေနှောက်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လေ့ရှိကြောင်း ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်နှင့် ပျုစောထီးများသည် ဧပြီ၂၁ ရက် ညနေပိုင်းကလည်း အင်းမကျေးရွာ အနီးရှိ တောကျောင်းလေးကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှု့များပြုလုပ်ခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှူံးခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ နတ်မောက်မြို့နယ်မှာ သားအဖ ၂ဦး ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်မှုမှာပါ၀င်ခဲ့တဲ့ ပျူစောထီးကို ဖမ်းမိတယ်လို့ နတ်မောက် ပကဖက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးမြို့မှာ ပျူစောထီးတွေက ပြည်သူ့စစ်နာမည်တပ်ကာ မြို့ပေါ်မှာသောင်းကြမ်းနေတယ်လို့ ဝေဖန်ခံရပြီးနောက် အချင်းချင်းစိစစ် အရေးယူမယ်လို့ ရဲမွန်တောင်ပြည်သူ့စစ်ခေါင်းဆောင်က ပြောလိုက်ပါတယ်။

သတင်း

မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ဟေမမာလာတောင်ရပ်ကွက်မှာ စစ်မှုထမ်းမဲနှိုက်ရာမှာ ရပ်ကွက်အုပ်ကြီးအပါအဝင် အာဏာပိုင်တွေနဲ့ မြို့မျက်နှာဖုံး ငွေကြေးချမ်းသာသူတွေရဲ့ သားသမီးတွေ ကင်းလွတ်ခွင့်ရနေကြောင်း အမျိုးသမီးပျူစောထီးတစ်ဦးဖြစ်သူ ရွှေမူမူအောင်က ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။