Connect with us

Hi, what are you looking for?

News

ဇီးပြားရဲစခန်းကို မြိုင်PDF လက်နက်ကြီးဖြင့်ပစ်ခတ်တိုက်ခိုက်

ဇီးပြားရဲစခန်းကို ပြီးခဲ့သည့် အောက်တိုဘာလနှင့် ဒီဇင်ဘာလအတွင်းကလည်း ပေါက်နှင့် မြိုင်နယ်ရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မျက နှစ်ကြိမ်ထက်မနည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

(ဧပြီလဆန်းပိုင်းက ဖလန်ကိုင်းနယ်မြေရဲစခန်းအား မြိုင် Pdf အဖွဲ့များ ခုခံတိုက်ခိုက်ခဲ့စဥ်။ ဓါတ်ပုံ-မြိုင်PDF)

မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ဇီးပြားရဲစခန်းအား မြိုင်နယ်PDF က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်ရင်း-၁ ကသတင်းထုတ်ပြန်သည်။

ယမန်နေ့( ဧပြီလ ၂၅ ရက်နေ့) ညနေ ၆နာရီ ခန့်က မကွေးတိုင်း၊ ပေါက်မြို့နယ်ရှိ ဇီးပြားရဲစခန်းအား လက်နက်ကြီးများဖြင့် ၂၅ မိနစ်ခန့် ပစ်ခတ်ခဲ့ကြောင်း၊ ထိခိုက်မှုအခြေအနေ စုံစမ်းဆဲဖြစ်ပြီး ရဲဘော်များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တပ်ရင်း-၁ ကသတင်းထုတ်ပြန်သည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေးပါ။သို့​သော်မြိုင် PDF မှတာဝန်ခံက ​မြေလတ်အသံသတင်းဌာနသို့ ​ဖြေကြားရာတွင် ဇီးပြားရဲစခန်းတွင်တာဝန်ယူ​နေ​သော စစ်​ကောင်စီတပ် ကာကွယ်​ရေးပစ္စည်းထုတ်စက်ရုံ(ကပစ)မှ ဗိုလ်ကြီးက PDF လူငယ်နှစ်ဦးကိုဖမ်းဆီးပြီး ​သေနတ်ဖြင့်ပစ်သတ်ခဲ့သည့်အတွက် လက်တုံ့ပြန်သည့်အ​နေဖြင့် လက်နက်ကြီးဖြင့် ၁၃ ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်းသိ့ရသည်။ထိုသို့တိုက်ခိုက်မှု​ကြောင့် စစ်​ကောင်စီတပ်သား ၆၀ ခန့်ရှိ​သော ဇီးပြားရဲစခန်းမှ စစ်​ကောင်စီတပ်သား ၆ ဦးခန့်​သေဆုံးနိုင်​ကြောင်း​ဖြေကြားထားသည်ကို​တွေ့ရသည်။

Public Service Announcement

ဇီးပြားရဲစခန်းသည်မကွေးတိုင်းအနောက်မြောက်ပိုင်းပေါက်မြို့နယ်အတွင်းတည်ရှိပြီးမြိုင်နယ်နှင့်အနီးတွင်တည်ရှိသည်။

Public Service Announcement

Public Service Announcement

ဇီးပြားရဲစခန်းကို ပြီးခဲ့သည့် အောက်တိုဘာလနှင့် ဒီဇင်ဘာလအတွင်းကလည်း ပေါက်နှင့် မြိုင်နယ်ရှိ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့မျက နှစ်ကြိမ်ထက်မနည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

ဧပြီလ ၂၃ ရက်နေ့ နံနက်ပိုင်းကလည်း ပေါက်မြို့နယ် မှ ဇီးပြားရွာဘက်ကို စစ်ကြောင်းထိုးလာသော အကြမ်းဖက်စစ်သား ၇၀ ခန့်အား ညောင်ရင်းရွာ အနီးတွင် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ပခုက္ကူတော်လှန်ရေးတပ်ဦး (PRF)၊ Pakokku Generation Z၊ ပြည်သူကာကွယ်ရေးတပ်ဖွဲ့-ပေါက်၊ ပေါက်တောင်ပိုင်းတိမ်လွှာအဖွဲ့နှင့် အခြားမဟာမိတ် တပ်ပေါင်းစုများက တိုက်ခိုက်ခဲ့ရာတိုက်ပွဲကြာချိန် ၆ နာရီခန့်အတွင်း အကြမ်းဖက်စစ်သား ၅ ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။