Connect with us

Hi, what are you looking for?

News

စစ်သုံ့ပန်းနှင့်လက်နက်ပြန်မပေးပါက ပြည်သူ ၂၀ခန့်ကိုသတ်ပြီး ရွာမီးရှို့မည်ဟု စစ်ကောင်စီတပ် ခြိမ်းခြောက် ၍ညှိနှိုင်းခဲ့ရဟု ထီးလင်း YDF အသိပေး

အထိနာကြောက်လန့်နေသော စစ်သားတပ်သားများ သည် ထိုကတိကိုမယုံရဲသေးပဲ အကြည်ဝါးဘင်း ရွာသားသုံးဦး အား လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကာ ဧပြီ ၂၆ရက် နေ့လယ်ပိုင်း၌ ရွာထဲမှ ထွက်ခွာသွားရာ လက်ရှိအချိန်တွင် ဝက်သက်ကျေးရွာအနီး တောအတွင်းတပ်ဖျောက်ထားကြောင်း YDFက အသိပေးသည်။

▪️စစ်ကြောင်းကို ထပ်မံမတိုက်ခိုက်တော့ဟု ကတိပေးပြီး လမ်းကြောင်းဖွင့်ပေးခဲ့ရဟုဆို

▪️နောင်တွင် ညှိနှိုင်းမှုမလုပ်ဘဲ ပြတ်သားစွာတိုက်ခိုက်မည်ဟု ဖော်ပြ

မ​ကွေးတိုင်း ထီးလင်းမြို့နယ် အကြည်ဝါးဘင်း ကျေးရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီတပ်သား တစ်ဦးနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ရာ အဆိုပါ စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများ ပြန်မပေးပါက ကျေးရွာကို မီးရှို့မည်ဟု စစ်ကောင်စီတပ်ကပြောဆိုသည့်အပြင် ဓားစားခံအဖြစ်ဖမ်းထားသည့် ပြည်သူ ၂၀ခန့်ကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့၍ ညှိနှိုင်းခဲ့ရကြောင်း ထီးလင်း ယောဒေသကာကွယ်ရေးတပ်(YDF)က သတင်းထုတ်ပြန်သည်။

ဧပြီ ၂၅ရက်က အကြည်ဝါးဘင်းရွာမှ ထွက်လာသည့် စစ်ကောင်စီ၏ တပ်မ (၁၁) စစ်ကြောင်းကို YDFက ခြုံခိုတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ တပ်သား နိုင်လင်းအောင်ကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှအထိနာစွာဖြင့် ရွာတွင်းသို့ပြန်လည်ဆုတ်ပြေးသွားပြီး ရွာတွင်းရှိ ရွာဦးကျောင်းဆရာတော်၊ကိုရင်ငယ်များနှင့်သက်ကြီးရွယ်အိုများအပါအဝင် အပြစ်မဲ့ပြည်သူ ၂၀ဦးခန့်အား ဓားစာခံအဖြစ်ထိန်းသိမ်းကာ လူနှင့်လက်နက်ပြန်မပေးပါက ဓားစာခံများအားလုံးကိုသတ်ပြီးတစ်ရွာလုံးမီးရှိူ့ပစ်မည်ဟုခြိမ်းခြောက်အကျပ်ကိုင်လာကြောင်း၊ YDF သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဖြစ်သည့်အားလျော် စွာ ပြည်သူ့မျက်နှာကိုသာကြည့်၍ အကြမ်းဖက်စစ်ကောင်စီတပ်နှင့် အဆင့်ဆင့်ဆွေးနွေးခဲ့ရကြောင်း ဖော်ပြထားသည်။

နောက်ဆုံးတွင်သုံ့ပန်းနှင့်လက်နက်ခဲယမ်းများပြန်မပေးတော့ဘဲ စစ်ကောင်စီတပ် ထီးလင်းမြို့သို့ရောက်သည်အထိ YDF မှထပ်မံတိုက်ခိုက်ခြင်းမပြုပါဆိုသည့် ကတိကိုပေးလိုက်ပြီး တိုက်ခိုက်ရန် ပြင်ဆင်ထားသမျှ အားလုံးကို ဖျက်သိမ်း၍ လမ်းကြောင်းဖွင့်ပေးခဲ့ရသည်ဟုဆိုသည်။

အထိနာကြောက်လန့်နေသော စစ်သားတပ်သားများ သည် ထိုကတိကိုမယုံရဲသေးပဲ အကြည်ဝါးဘင်း ရွာသားသုံးဦး အား လူသားဒိုင်းကာအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားကာ ဧပြီ ၂၆ရက် နေ့လယ်ပိုင်း၌ ရွာထဲမှ ထွက်ခွာသွားရာ လက်ရှိအချိန်တွင် ဝက်သက်ကျေးရွာအနီး တောအတွင်းတပ်ဖျောက်ထားကြောင်း YDFက အသိပေးသည်။

လူသားဒိုင်းအဖြစ် ဖမ်းခေါ်သွားသည့် ရွာသားသုံးဦး ပြန်လည်ရောက်ရှိမှု ရှိမရှိ မေးမြန်းရန် ထီးလင်း YDF ထံ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

ပြည်သူများအနေဖြင့် အကြမ်းဖက်စစ်ကောင်စီတပ်များ၏ယုတ်မာကောက်ကျစ်မှုများကိုသတိပြုလျက် ၄င်းတို့နှင့်ဝေးဝေးရှောင်ရှားပေးကြပါရန် ထီးလင်း YDFက တိုက်တွန်းသည်။

စစ်ကြောင်းထိုးလာသည့်ကာလမျိုးတွင် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့၊ စစ်ဘေးရှောင်ကူညီ ကယ်ဆယ်ရေးအဖွဲ့တို့၏လမ်းညွှန်ချက်များကို အတိအကျလိုက်နာကြရန်လည်း နှိုးဆော်ထားသည်။

ယခု အကြည်ဝါးဘင်းရွာ တိုက်ပွဲဖြစ်စဉ်များထပ်မံဖြစ် ပွားလာခဲ့ပါက အလျော့ပေးညှိနှိုင်းမှုများ လုပ်ဆောင်တော့မည်မဟုတ်ဘဲ အကြမ်းဖက်စစ်ကောင်စီတပ်များအား ပြတ်ပြတ်သားသားတော်လှန်တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ထီးလင်း YDFက ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်တွေရှိတဲ့ မကွေးတိုင်း၊ ချောက်မြို့နယ်က ပခန်းငယ်(ခ)ပုဂံငယ် ကျေးရွာကို စစ်တပ်က ၀င်ရောက်မီးရှို့ ဖျက်ဆီးနေတယ်လို့ မ‌ကွေးတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့(မကွေးတိုင်း ပကဖ)က ထုတ်ပြန်ပါတယ်။