Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယာဉ်တန်းကို မတူပီ CDFက လက်လုပ် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကောင်စီယာဉ်တန်းသည် ယနေ့ ညနေ ၄နာရီတွင် မိုင်တိုင် (၈၄)သို့ ရောက်ရှိနေပြီဖြစ်သည်ဟု မတူပီ CDFထံမှ သတင်းရရှိထားကြောင်း ဆလိုင်းဟာအွမ်က ဆိုသည်။

(မ​ကွေးတိုင်း ​ကျောက်ထုမှ မတူပီမြို့သို့ သွား​ရောက်​သော စစ်​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်)

မတူပီမှ မင်းတပ်မြို့သို့ ပြန်လာသည့် စစ်ကောင်စီယာဉ်တန်းကို မတူပီ ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF) ယနေ့ ထပ်မံတိုက်ခိုက်ခဲ့သည်ဟု သတင်းရကြောင်း မင်းတပ် CDF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က အသိပေးသည်။

ယမန်နေ့ (ဧပြီ ၂၇ရက်)တွင် မတူပီမြို့မှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းသည် ယနေ့တွင် ဆက်လက်ခရီးနှင်ရာ မိုင်တိုင် (၈၇)အရောက်တွင် မတူပီ CDF က လက်လုပ် လက်နက်ကြီးများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မင်းတပ် CDF ပြောရေး ဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်၏ Ha Om အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူက ရေးသားဖော်ပြထားသည်။

ထိုသို့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးမှု အခြေအနေကို မဖော်ပြထားပေ။ ယမန်နေ့ကလည်း စစ်ကောင်စီယာဉ်တန်းကို မတူပီ CDF က မိုင်တိုင် (၉၁) နှင့် (၉၀) ကြား၌ ပဒေသာမိုင်းဖြင့် တိုက်ခိုက်ခြင်း၊ လက်နက်ငယ်များဖြင့် ပစ်ခတ်ခြင်း ပြုလုပ်ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးသေ၊ အများအပြား ဒဏ်ရာရသည်ဟု မတူပီ CDF ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။

ယနေ့ တိုက်ခိုက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ မတူပီ CDF ပြောရေးဆိုခွင့်ရှိသူသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီယာဉ်တန်းသည် ယနေ့ ညနေ ၄နာရီတွင် မိုင်တိုင် (၈၄)သို့ ရောက်ရှိနေပြီဖြစ်သည်ဟု မတူပီ CDFထံမှ သတင်းရရှိထားကြောင်း ဆလိုင်းဟာအွမ်က ဆိုသည်။

အဆိုပါ စစ်ကောင်စီယာဉ်တန်း မင်းတပ် CDF တပ်များရှိရာဒေသသို့ ရောက်ရှိပါကလည်း တိုက်ခိုက်သွားမည်ဖြစ်ကြောင်း ဆလိုင်းဟာအွမ်က ပြောသည်။ ယခင်ကလည်း မင်းတပ် CDFက ပြင်းထန်စွာ တိုက်ခိုက်ခဲ့၍ မိုင် ၁၀၀ ကျော်သာဝေးသည့် မင်းတပ် -မတူပီလမ်းကို စစ်ကောင်စီယာဉ်တန်းသည် နှစ်ပတ်နီးပါးကြာ ခရီးနှင်ခဲ့ရသည်ဟု ၎င်းက ဆိုသည်။

“ဒီတစ်ကြိမ်ကလည်း ရှေးယခင်ကထက် ပိုပြီး ပြင်းပြင်း ထန်ထန်တိုက်ခိုက်ဖို့ရှိပါတယ်” ဟု ဆလိုင်းဟာအွမ်က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

သတင်း

မန္တလေးတိုင်း၊စဉ့်ကူးမြို့နယ်အနောက်ခြမ်းရှိကျွန်းကြီးရွာမှာတပ်စွဲထားတဲ့ စစ်တပ်က ဒီက​နေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာ​​ကြောင့် ဝက်လက်မြို့နယ်အရှေ့ခြမ်းကိုကျပြီး လင်မယားနှစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံရဲ့ လက်နက်ကြီး ပစ်အားကို လက်တွေ့ စမ်းသပ်တဲ့ လေ့ကျင့်ပစ်ခတ်မှုတစ်ခု လုပ်ဆောင်ခဲ့ကြောင်း မြောက်ကိုရီးယားက ထုတ်ပြန်ပါတယ်။

Facebook