Connect with us

Hi, what are you looking for?

News

ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်း PDFများဝင်တိုက်ရာ ရဲရှစ်ဦးထက်မနည်းသေဟု မြိုင် PDFမှ ဗိုလ်Cross ပြော

ကျားတက်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ငါးဦးခန့်မှာလည်း လက်နက်ချ အညံ့ခံမှုရှိခဲ့သည်ဟု သတင်းလည်း ထွက်ပေါ်နေသည်။

(ကျားတက်ရွာ မူးယစ်းဆေးဝါးတိုက်ဖျက်ရေးနေ့အဖြစ် ဟောပြောပွဲပြုလုပ်နေသော ရဲနှစ်ဦးအား ၂၀၁၆က တွေ့ရစဥ်)

ထွက်ပြေးသည့် အကြမ်းဖက်စစ်သား ငါးဦးခန့် လက်နက်ချအညံ့ခံဟုဆို

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ကျားတက်ရဲစခန်းဝင်ရောက်တိုက်ခိုက်ရာ ရဲရှစ်ဦးထက်မနည်းသေဆုံးကြောင်း မြိုင် PDF မှ ဗိုလ် Crossက People’s Springသို့ ပြောသည်။

ယနေ့(ဧပြီလ ၂၈ ရက်) နေ့လယ် ၁၂ နာရီကစ၍ ကျားတက်ရဲစခန်းကို မြိုင်၊ရေစကြိုနှင့် ဆားလင်းကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ဝင်ရောက် စီးနင်းကာ ၄နာရီ ကြာအပြန်အလှန်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

“စခန်းကို မီးရှို့နိုင်ခဲ့တယ်။အနည်းဆုံး ရဲ ရှစ်ဦးသေတယ်။လောလောဆယ် စစ်ရေးအခြေအနေအရ မပြတ်သေးဘူး”ဟု ဗိုလ် Cross က ရှင်းပြသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့အပြင် ကျားတက်ရဲစခန်းဝင်ရောက်စီးနင်းခံရမှုကြောင့် အကြမ်းဖက်စစ်ကောင်စီက ပုလဲမြို့ နယ်မှတစ်ဆင့် တပ်ကူလာသည့် စစ်ကားလေးစီးကို ပုလဲမြို့ နှင့် ကျားတက်ရွာကြားရှိ ရွှေယမင်းကျေးရွာအနီး မိုင်း လေးကြိမ်ဆွဲတိုက်ခိုက်ရာ ကားနှစ်စီးပျက်စီးခဲ့သည်ဟု ရေစကြိုမြို့နယ် PDF တပ်ဖွဲ့ဝင်တစ်ဦးက အတည်ပြုသည်။

ကျားတက်ရဲစခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ငါးဦးခန့်မှာလည်း လက်နက်ချ အညံ့ခံမှုရှိခဲ့သည်ဟု သတင်းလည်း ထွက်ပေါ်နေသည်။

” အဲဒီစခန်းမှာ ရဲနဲ့ စစ်သားတွေ ပေါင်းနေကြတာ။ သေတာက ရဲတွေ သေတာများတယ်။ စစ်သားတွေက ထွက်ပြေးကြတာ။ အဲဒီထဲက ငါးယောက်က လက်နက်ချအညံ့ခံတယ်လို့ သိရတယ်”ဟု မြိုင် PDF မှ ရဲဘော်တစ်ဦးက ပြောသည်။

လက်ရှိတွင် စစ်ကူလာသည့် အကြမ်းဖက်စစ်ကောင်စီက ကျားတက်ရွာစာသင်ကျောင်းတွင် ယခုညပိုင်းတွင် တပ်စွဲထားပြီး မကြာခဏ သေနတ်ပစ်ဖောက်နေသည်ဟု ဒေသခံတစ်ဦးက ဆိုသည်။

“စခန်း ပြာကျသွားတယ်ဆိုတာ ဟုတ်ပါတယ်။စစ်ကားနှစ်စီးနဲ့ ရွာထဲက ကျောင်းမှာ တပ်လာစွဲနေတယ်”ဟု ၎င်းက ပြောသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ပါကစ္စတန် နိုင်ငံမှာ မုဒိမ်းမှု စွပ်စွဲချက် တစ်ခုနဲ့ ဆက်စပ်ပြီး ရဲစခန်းတစ်ခုက ရဲဝန်ထမ်းနဲ့ တခြားအမှုထမ်း ၇၈ ဦးစလုံးကို လုပ်ငန်းတာဝန်ကနေ ဆိုင်းငံ့ထားလိုက်ပါတယ်။

သတင်း

တပ်မ (၄၄)က စစ်ကောင်စီတပ်သားက စစ်သုံ့ပန်းအဖြစ် ဖမ်းမိတဲ့ PDF ရဲဘော်တစ်ဦးကို ထမီခြုံပေးပြီး ဗိုလ်ကြီးအမိန့်ရတာနဲ့ သူကိုယ်တိုင်ပစ်သတ်မယ်လို့ ခြိမ်းခြောက်နေတဲ့ရုပ်သံ ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ရဲစခန်းတစ်ခု ပစ်ခတ်ခံရတဲ့နောက် လုံခြုံရေး တိုးမြှင့်ထားသလို အနီးမှာရှိတဲ့ ကျောင်းတစ်ကျောင်းကိုလည်း ပိတ်ထားရပါတယ်။

သတင်း

နွားထိုးကြီးမြို့ဆိုင်းဘုတ်ရှေ့ကနေ PDFတပ်ရင်းမှူးကိုစိုးအောင် ကို နာမည်တပ်စိန်ခေါ်တာ တွေဆက်တိုက်လုပ်ခဲ့တဲ့အာဏာသိမ်းစစ်တပ်လက်​အောက်ခံရဲကွန်မန်ဒိုစစ်ကြောင်းကဆိုတဲ့ ရဲတပ်ဖွဲ့ဝင် ကောင်းထက်ဖြိုးရဲ့ မိဘတွေထံ PDF ​တွေကသွား​ရောက်​တွေ့ဆုံပြီး သားဖြစ်သူကိုထိန်းကြောင်းပေးဖို့ပြောခဲ့ကြပါတယ်။