Connect with us

Hi, what are you looking for?

News

စစ်ကောင်စီယာဉ်တန်း ရှေ့ပြေးစစ်ကြောင်း မင်းတပ် နယ်ထဲသို့ ရောက်လာဟု CDF အသိပေး

မင်းတပ် – မတူပီ လမ်းမကြီးအား တရားဝင် ပိတ်ထားဆဲဖြစ်၍ တိုက်ပွဲအခြေအနေများနှင့် ပြည်သူများ အန္တရာယ် ကင်းစေရန်အတွက် လမ်းမကြီးအား လုံး၀အသုံးမပြုကြသေးရန် မင်းတပ် CDFက ပန်ကြားထားသည်။

(မ​​ကွေးတိုင်း ​ကျောက်ထုမှ ချင်းပြည်နယ် မတူပီသို့ ထွက်ခွာလာ​သော အကြမ်းဖက်စစ်​ကောင်စီယာဥ်တန်းအား ​တွေ့ရစဥ်၊ ဓာတ်ပုံ - Hkl Mindat/FB)

▪️တိုက်ပွဲပြင်းထန်နိုင်ဟု CDF ​ပြော

မတူပီမြို့သို့ စစ်အင်အားဖြည့်တင်းပြီး ပြန်လာသည့် စစ်ကောင်စီယာဉ်တန်း လုံခြုံရေးရှေ့ပြေး စစ်ကြောင်းသည် ယနေ့တွင် မင်းတပ်နယ်မြေထဲသို့ ဝင်ရောက်လာနေပြီး တိုက်ပွဲများ ပြင်းထန်နိုင်ကြောင်း မင်းတပ် ချင်းကာ ကွယ်ရေးတပ်(CDF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်က ပြောသည်။

ဧပြီ ၂၇ရက်တွင် မတူပီမှ ထွက်လာသည့် စစ်ကောင်စီယာဉ်တန်းနှင့် ရှေ့ပြေးစစ်ကြောင်းကို မတူပီ CDFက နှစ်ရက်ဆက် တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့သည်။

အဆိုပါ စစ်ယာဉ်တန်း၏ ရှေ့ပြေးစစ်ကြောင်းသည် ယနေ့ နံနက်တွင် မတူပီ – မင်းတပ်လမ်း မိုင်တိုင် (၇၇) သို့ ရောက်ရှိနေပြီဖြစ်ကြောင်း ဆလိုင်းဟာအွမ်က ၎င်း၏ Ha Om အမည်ရှိ လူမှုကွန်ရက်အသုံးပြုသူက ရေးသားအသိပေးထားသည်။

Public Service Announcement

Public Service Announcement

“မင်းတပ်နယ်ထဲရောက်နေပြီ။ ပွဲစကြမ်းတော့မယ်” ဟု ဆလိုင်းဟာအွမ်က စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်သွားမည့်အခြေအနေကို ပြောပြသည်။

မင်းတပ် – မတူပီ လမ်းမကြီးအား တရားဝင် ပိတ်ထားဆဲဖြစ်၍ တိုက်ပွဲအခြေအနေများနှင့် ပြည်သူများ အန္တရာယ် ကင်းစေရန်အတွက် လမ်းမကြီးအား လုံး၀အသုံးမပြုကြသေးရန် မင်းတပ် CDFက ပန်ကြားထားသည်။

အဆိုပါ စစ်ကောင်စီယာဥ်တန်းသည် မတ်လ ၂၃ရက်ကကျောက်ထုမှ မင်းတပ်မြို့သို့ သွားရောက်ခဲ့ပြီး မတ်လ ၂၆ရက်တွင် မင်းတပ်မှ မတူပီမြို့သို့ ဆက်လက်ထွက်ခွာရာ လမ်းခရီးတွင် CDF တပ်ဖွဲ့ဝင်များက အကြိမ်ကြိမ် တိုက်ခိုက်ခဲ့သည်။ ထိုသို့ တိုက်ခိုက်ခံရမှုများကြောင့် မိုင်၁၀၀ ကျော်သာဝေးသည့် ခရီးကို နှစ်ပတ်နီးပါးကြာခဲ့ပြီး ဧပြီ ၇ရက်တွင် မတူပီသို့ ရောက်ရှိခဲ့သည်။ ထို့နောက် ဧပြီ ၂၇ရက်တွင် မတူပီမြို့မှ ပြန်ဆင်းလာခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

မင်းတပ်မြို့အနီးဝန်းကို ဖျက်အားပြင်းဗုံးတွေအပါအဝင် ဗုံးအလုံးရေ ၁၀၀ ကျော်နဲ့ ထပ်မံတိုက်ခိုက်

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။