Connect with us

Hi, what are you looking for?

News

စစ်​​ကောင်စီအားတိုက်ခိုက်ရန်မှာယူထား​သော လက်နက်ဖိုး ​ငွေ​ပေး​ချေးရန် အခက်အခဲဖြစ်​နေ၍ ပြည်သူများ ​ထောက်ပံ့​ပေးကြရန် အကူအညီ​တောင်းခံ

ယောဒေသမှ ဆောနှင့်ကျောက်ထုမြို့ အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော The Youth Force -Saw & Kyukhtu ၏ လတ်တလောအခက်အခဲကို ဝိုင်းဝန်းဖြေရှင်းပေးရန် မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ် CDF မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သလို ဗဟိုကော်မတီဝင်လည်းဖြစ်သည့် ကိုနိုင်းတမ်က လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းထားခြင်းဖြစ်သည်။

(The Youth Force -Saw & Kyukhtu ဝယ်ယူထား​သော လက်နက်များအား ​တွေ့ရစဥ်)

စစ်ကောင်စီအား တိုက်စစ်မြှင့်ရန်မှာယူထားသည့် လက်နက်များရောက်ရှိနေပြီး လက်နက်ဖိုးငွေပေးချေရန် အခက်အခဲကြုံနေသည့် ယောဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ဖွဲ့အတွက် အလှူငွေထောက်ပံ့ပေးရန် CDF မင်းတပ်၏ ​ပြော​ရေးဆိုခွင့်ရှိသူက ပြည်သူ လူထုထံ အကူအညီတောင်းခံထားသည်။

ယောဒေသမှ ဆောနှင့်ကျောက်ထုမြို့ အခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော The Youth Force -Saw & Kyukhtu ၏ လတ်တလောအခက်အခဲကို ဝိုင်းဝန်းဖြေရှင်းပေးရန် မင်းတပ်မြို့ ပြည်သူ့ကာကွယ်ရေးတပ် CDF မင်းတပ်၏ ပြောရေးဆိုခွင့်ရှိသူဖြစ်သလို ဗဟိုကော်မတီဝင်လည်းဖြစ်သည့် ကိုနိုင်းတမ်က လူမှုကွန်ရက်မှတစ်ဆင့် တိုက်တွန်းထားခြင်းဖြစ်သည်။

“လက်နက်ဖိုးငွေချေဖို့ အခက်အခဲရှိတယ်လို့ TYF (Saw&Kyaukhtu)က အကူညီတောင်းလာလို့ပါ။ TYF(Saw&Kyaukhtu)ဟာ တော်လှန်ရေးကာလအစောပိုင်းကတည်းက တခြားမဟာမိတ်PDFတေွလိုပဲ CDFs(Mindat,Kanpetlet)တို့နဲ့အတူတကွတိုက်ပွဲဝင်လာခဲ့တဲ့အဖွဲ့ဖြစ်ပါတယ်” ဟု ကိုနိုင်းတမ်က ရှင်းပြထားပြီး လက်နက်ဖိုးငွေ ထောက်ပံ့လှုုဒါန်းကြရန် တိုက်တွန်းထားသည်။

ယောနယ်နှင့် ထိစပ်နေသော ချင်းတောင်တန်းဒေသနှင့် စစ်ကိုင်းတိုင်းနယ်စပ်ဒေသများမှ ပြည်သူကာကွယ်ရေးအဖွဲ့များသည် မဟာမိတ်ပြုလုပ်ထားပြီး စစ်ဆက်ရေးများကို ပူးတွဲဲလုပ်ဆောင်နေသလို ကြုံလာသည့် အခက် အခဲများကိုလည်း ပူးပေါင်းဖြေရှင်းနေကြသည်။ ထို့ကြောင့် The Youth Force -Saw & Kyukhtu ၏ လတ်တလောအခက်အခဲ အမြန်ပြေလည်စေရေးအတွက် CDF Mindatကပါ ကူညီပေးနေခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

The Youth Force -Saw & Kyukhtu၏ တာဝန်ရှိသူ ကိုစိုင်းက” လက်နက်ခဲယမ်းကတော့ အဖွဲ့တိုင်းလိုနေတာပါ။ ဝယ်ယူဖို့အခက်အခဲတွေ၊ သယ်ဖို့အခက်အခဲတွေ၊အလိမ်ခံရတာတွေလည်း ရှ်ိခဲ့ကြတယ်။ အခုက ပစ္စည်းတွေ အမှန်တကယ်ရောက်နေပြီ။ ငွေပေးချေဖို့ လိုအပ်နေတာပါ” ဟု People’s Spring သို့ ပြောသည်။

လက်နက်ဖိုးငွေချေရန် ကျပ်သိန်း ၇၀၀ လိုအပ်နေသည်ဟုလည်း ကိုစိုင်းက အသိပေးသည်။

The Youth Force -Saw & Kyukhtuသည် ၂၀၂၂ ဧပြီအတွင်း မဟာမိတ်များနှင့် ပူးပေါင်းစစ်ဆင်ရေး (၅) ခုတွင် ပါ၀င်ခဲ့ပြီး စစ်ဆင်ရေး (၂)ခုကို ကိုယ်တိုင်ဦး ဆောင်ခဲ့ကာ ၊စစ်ဆင်ရေးအသုံးစရိတ် ကျပ်သိန်း ၆၀ သုံးစွဲခဲ့သည်။

” Local တွေရဲ့ အခက်အခဲက လှုပ်ရှားမှုကို ပြည်သူသိမှ ပြည်သူတွေဆီက ထောက်ပံ့မှုကို ရပါတယ်။ ကျွန်တော်တို့အနေနဲ့လည်း ထောက်ပံ့မှုရမှ စစ်ဆင်ရေးကို အကောင်းဆုံးဖြစ်အောင် ပုံဖော်ရတဲ့ အနေအထားပါ” The Youth Force -Saw & Kyukhtu၏ လူငယ်တာဝန်ခံတစ်ဦးဖြစ်သူ ကိုဇင်ကိုဝင်းက လူထုထံအသိ ပေးရှင်းပြသည်။

“တူမီး တစ်တောင့်ထိုးတွေနဲ့ အချိန်ကာလကြာအောင် တိုက်ခဲ့ကြပါပြီးပြီ။ ဘယ်လောက်ထိခက်ခဲခဲ့တယ် ၊ ဘယ်လောက်ထိ အန္တရာယ်များခဲ့တယ်ဆိုတာလည်း ကြုံတွေ့ခဲ့ရပြီးပါပြီ။ တိုက်ရဲလားဆို တိုက်ရဲပါတယ်။

သေရဲလားဆိုလည်း သေရဲပါတယ်။ဒါပေမယ့် ဘယ်သူက သေချင်ကြမှာလဲ”ဟု ကိုဇင်ကိုဝင်းက ဆိုသည်။

လက်နက်ဖိုးငွေပေးချေရန် ထောက်ပံ့လှူဒါန်းမည်ဆိုပါက The Youth Force -Saw & Kyukhtu၏ အင်တာနက်စာမျက်နှာ https://www.facebook.com/TheYouthForce2022/ သို့ ဆက်သွယ်လှူဒါန်းနိုင်ပါသည်။

ဆက်စပ်သတင်းများ

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်က ကျေးရွာတွေကို အာဏာသိမ်းစစ်တပ်က ဒရုန်း၊ လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကလေးငယ် ၁ဦး ဒဏ်ရာရခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook