Connect with us

Hi, what are you looking for?

News

လောပိတရေလျှံထိန်း လုံခြုံရေးရဲကင်းကို ကရင်နီ ပူးပေါင်းတပ်ဝင်စီးရာ ရဲ ခုနစ်ဦးကို လက်နက် ၇လက်နှင့်အတူ ဖမ်းမိ

KNDF ၏ ထုတ်ပြန်ချက်တွင် ဧပြီနောက်ဆုံးပတ်အတွင်း တိုက်ပွဲဖြစ်စဉ်များကို ဖော်ပြခဲ့သည်။ ဧပြီ နောက်ဆုံးပတ်အတွင်း ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ် တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၂၄ဦးသေဆုံးပြီး၊ အများအပြားထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

▪️ဧပြီနောက်ဆုံးပတ်အတွင်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ၂၄ဦးသေ၊ KNDF ရဲဘော်နှစ်ဦးကျဆုံး

ကရင်နီ(ကယား)ပြည်နယ် လွိုင်ကော်မြို့နယ် လောပိတ ရေလျှံထိန်းလုံခြုံရေးရဲကင်းအား ကရင်နီတပ်မတော် (KA)နှင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့မှ အလစ်အငိုက်ဝင်ရောက်စီးနင်းခဲ့ရာ ရဲ ခုနစ်ဦးကို လက်နက် ၇လက်နှင့်အတူ ဖမ်းမိခဲ့သည်ဟု KNDF က ယနေ့ ထုတ်ပြန်သည်။

ဧပြီ၂၉ ရက် ညသန်းခေါင်အချိန်တွင် အဆိုပါ ရဲကင်းကို ဝင်စီးရာ သေနတ်သံမပေါက်ဘဲ၊ လုံခြုံရေးရဲ ခုနစ်ဦးကို ဖမ်းစီးရမိခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါ ရဲ ခုနစ်ဦးအား လူ့ဂုဏ်သိက္ခာနှင့်အညီ ဖမ်းဆီးထိန်းသိမ်းထားပြီး အရေးယူဆောင်ရွက်နိုင်ရန်အတွက် ကရင်နီပြည်ရဲဌာန (KSP) သို့ လွှဲအပ်ထားသည်ဟု KNDFက ထုတ်ပြန် သည်။

KNDF ၏ ထုတ်ပြန်ချက်တွင် ဧပြီနောက်ဆုံးပတ်အတွင်း တိုက်ပွဲဖြစ်စဉ်များကို ဖော်ပြခဲ့သည်။ ဧပြီ နောက်ဆုံးပတ်အတွင်း ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ် တိုက်ပွဲများ၌ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှ ၂၄ဦးသေဆုံးပြီး၊ အများအပြားထိခိုက်ဒဏ်ရာရခဲ့သည်ဟု ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

ဒီးမော့ဆိုမြို့နယ်၊ ဒေါခမီးတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်ရင်း တော်လှန်ရေး ရဲဘော် နှစ်ဦးကျဆုံးခဲ့ကြောင်း KNDFက အသိပေးထားပြီး ၎င်း ရဲဘော်နှစ်ဦးအား ကရင်နီအမျိုးသားအာဇာနည် သူရဲကောင်းများအဖြစ် သမိုင်းမှတ်တမ်းတင် အလေးပြုကြောင်း ဖော်ပြထားသည်။

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီတပ်များသည် ဒီးမော့ဆိုမြို့နယ်အတွင်း နန်းမယ်ခုံမှ ဒေါငံခါးနှင့် ခေါက်ပလော့ကျေးရွာအထိ နယ်မြေများထိန်းချုပ်နိုင်ရေးနှင့် အကြမ်းဖက်နယ်မြေစိုးမိုးနိုင်ရေး ကြိုးစားနေသော် လည်း ကရင်နီတပ်မတော် (KA)၊ KNDF နှင့် PDF ပူးပေါင်းမဟာမိတ်တပ်ဖွဲ့များ၏ တိုက်ခိုက်မှုခံရသဖြင့် အထိနာလျက်ရှိကြောင်း KNDFက ထုတ်ပြန်သည်။

ထို့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဖရူဆိုမြို့နယ်၊ထားလဲမှ ဘောလခဲမြို့နယ်၊ နန်းဖဲဘက်သို့ ထိုး ဖောက်နိုင်ရန် စစ်ကြောင်းထိုးလျက်ရှိသည်ဟုဆိုသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ပင်လောင်းမြို့နယ်မှ ကရင်နီ ပြည်နယ်သို့၊ စစ်မော်တော်ယာဉ် ၃၀စီးပါ ယာဉ်တန်းဖြင့် အင်အားဖြည့်တင်းနေကြောင်း ဖော်ပြထားသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း ဧပြီ ၂၀ရက်မှစ၍ ဒေါခမီးကျေးရွာနှင့်အနီးတဝိုက်တွင် ထိတွေ့တိုက်ပွဲများ နေ့စဉ်နှင့် အမျှဖြစ်ပွားခဲ့ပြီး၊ အကြမ်းဖက်စစ်ကောင်စီမှ လက်နက်ကြီးများဖြင့် အပြင်းအထန်တိုက်ခိုက် နေကြောင်း၊ ထို့အပြင် ကုန်းသာ၊ ဒေါငံခါးနှင့် ခေါက်ပလော့ရပ်ကွက်တို့တွင် တပ်စွဲထားသော စစ်ကောင်စီတပ်များကို ကရင်နီပူးပေါင်းတပ်များမှ တိုက်ခိုက်ခဲ့ရာ ယနေ့အထိ တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားနေကြောင်း KNDF က အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ် ၊ကမာရွတ်မြို့နယ်မှာ တစ်ယောက်တည်းလမ်းလျှောက်တဲ့ အမျိုးသမီးတွေကိုအမျိုးသားတဦးကလိုက်နှောက်ယှက်တဲ့ဖြစ်ရပ်ကိုလုံခြုံ​ရေးကင်မရာ( စီစီတီဗီ)က အမိအရ မှတ်တမ်းတင်နိုင်ခဲ့ပါတယ် ။

သတင်း

မကွေးတိုင်း၊ စလင်းမြို့နယ်တိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၁ဦးကို အရှင်ဖမ်းမိပြီး လက်နက်အချို့နဲ့ဒရုန်း ၁စီးကို ဖျက်ချသိမ်းဆည်းရရှိတယ်လို့ စလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်း-ကရင်နီပြည်နယ်အစပ်က နေရာတွေကို လုံခြုံရေးအရ တားမြစ်လိုက်ပြီး အသွားအလာမလုပ်ကြဖို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (MB-PDF)က ဒီကနေ့ ဇွန်လ ၃၀ရက်မှာ သတိပေးထုတ်ပြန်ပါတယ်။

ဆောင်းပါး

နိုင်ငံကကြွေကွဲရတဲ့ ကိုဖြိုးဇေယျာသော်ရဲ့ နောက်ဆုံးခရီး