Connect with us

Hi, what are you looking for?

LuduNwayOo

News

ရိုဟင်ဂျာခေါင်းဆောင် ဒေါက်တာဝါကာအူဒင် ကွယ်လွန်ခြင်းအပေါ် NUG ၊ AA နှင့် GSCN တို့ ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်

ဒေါက်တာဝါကာအူဒင်သည် ဧပြီ ၂၉ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုအသိုင်းအဝိုင်းနှင့်ထပ်တူ ဝမ်းနည်းရကြောင်း NUG က သဝဏ် လွှာပေးပို့သည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့မှုများကို ကမ္ဘာသိအောင် ဆောင်ရွက်ခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော ရိုဟင်ဂျာခေါင်းဆောင် ဒေါက်တာဝါကာအူဒင် ကွယ်လွန်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့သည်။

“ဒေါက်တာဝါကာအူဒင်၏ လူ့အခွင့်အရေးနှင့်တရားမျှတမှု ဖော်ဆောင်ရေး ကြိုးပမ်း အားထုတ်မှု များသည် လူနည်းစု ရိုဟင်ဂျာများအတွက်သာမက လူမှုအသိုင်းအဝိုင်း တစ်ခုလုံး အတွက် စံနမူနာအဖြစ် တန်ဖိုးထား အမှတ်ရနေမည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်” ဟု NUG က ဖော်ပြသည်။

ဒေါက်တာဝါကာအူဒင်သည် ဧပြီ ၂၉ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုအသိုင်းအဝိုင်းနှင့်ထပ်တူ ဝမ်းနည်းရကြောင်း NUG က သဝဏ် လွှာပေးပို့သည်။

အသက် ၆၈ နှစ်အရွယ် ဒေါက်တာဝါကာအူဒင် ကွယ်လွန်ခဲ့ခြင်းမှာ တရားမျှတရေး၊ တန်းတူညီမျှရေး၊ ခွဲခြားဆက်ဆံမှု ကင်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာရန် တိုက်ပွဲဝင်နေကြသော ရိုဟင်ဂျာလူမျိုးစုအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သည်ဟု လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ (GSCN)က ရိုဟင်ဂျာလူမျိုးစုနှင့်အတူ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

Public Service Announcement

Public Service Announcement

အာရ်ကန်ရိုဟင်ဂျာအစည်းအရုံး (Arakan Rohingya Union) ညွှန်ကြားရေးမှူးချုပ်နှင့် ရိုဟင်ဂျာခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါက်တာဝါကာအူဒင်သည် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်များအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တရားစွဲဆိုသည့် ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။

ဒေါက်တာဝါကာအူဒင်သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဇာတိဖြစ်ပြီး ဖိနှိပ်မှုများစွာမှ တစ်ဆင့် ရေဆင်းတက္ကသိုလ်မှ စိုက်ပျိုးရေးဘွဲ့ရရှိခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံတွင် ဆက်လက်ပညာ သင်ကြားခဲ့ပြီး ပါရဂူရရှိခဲ့သည်။

ပင်ဆယ်ဗဲနီးယား တက္ကသိုလ်တွင် ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော် အကြီးအကဲများ၊ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံ စကားပြောခွင့်ရသည်အထိ အလေးထား ခံရသူ ဖြစ်ကြောင်း GSCN က ထုတ်ပြန်သည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကလည်း ဒေါက်တာဝါကာအူဒင်ကွယ်လွန်ခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီသည် AA အလိုမရှိကြောင်း ဆန္ဒထုတ်ဖော်မှုများကို ဘူးသီးတောင်နှင့်မောင်တောမြို့နယ်တွင်လည်း အတင်းအကျပ် ဖိအားပေးခိုင်းစေခဲ့သည်ဟု ရိုဟင်ဂျာအရေးဆောင်ရွက်သူများကပြောသည်။