Connect with us

Hi, what are you looking for?

News

ရိုဟင်ဂျာခေါင်းဆောင် ဒေါက်တာဝါကာအူဒင် ကွယ်လွန်ခြင်းအပေါ် NUG ၊ AA နှင့် GSCN တို့ ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်

ဒေါက်တာဝါကာအူဒင်သည် ဧပြီ ၂၉ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုအသိုင်းအဝိုင်းနှင့်ထပ်တူ ဝမ်းနည်းရကြောင်း NUG က သဝဏ် လွှာပေးပို့သည်။

မြန်မာစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုများ၊ စစ်ရာဇဝတ်မှု ကျူးလွန်ခဲ့မှုများကို ကမ္ဘာသိအောင် ဆောင်ရွက်ခဲ့သူများထဲတွင် တစ်ဦးအပါအဝင်ဖြစ်သော ရိုဟင်ဂျာခေါင်းဆောင် ဒေါက်တာဝါကာအူဒင် ကွယ်လွန်ခြင်းအပေါ် အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဝမ်းနည်းကြောင်းသဝဏ်လွှာပေးပို့သည်။

“ဒေါက်တာဝါကာအူဒင်၏ လူ့အခွင့်အရေးနှင့်တရားမျှတမှု ဖော်ဆောင်ရေး ကြိုးပမ်း အားထုတ်မှု များသည် လူနည်းစု ရိုဟင်ဂျာများအတွက်သာမက လူမှုအသိုင်းအဝိုင်း တစ်ခုလုံး အတွက် စံနမူနာအဖြစ် တန်ဖိုးထား အမှတ်ရနေမည်ဖြစ်ကြောင်း သဝဏ်လွှာပေးပို့အပ်ပါသည်” ဟု NUG က ဖော်ပြသည်။

ဒေါက်တာဝါကာအူဒင်သည် ဧပြီ ၂၉ ရက်တွင် အမေရိကန်ပြည်ထောင်စု၌ ကွယ်လွန်ကြောင်း ကြားသိရသည့်အတွက် မိသားစုအသိုင်းအဝိုင်းနှင့်ထပ်တူ ဝမ်းနည်းရကြောင်း NUG က သဝဏ် လွှာပေးပို့သည်။

အသက် ၆၈ နှစ်အရွယ် ဒေါက်တာဝါကာအူဒင် ကွယ်လွန်ခဲ့ခြင်းမှာ တရားမျှတရေး၊ တန်းတူညီမျှရေး၊ ခွဲခြားဆက်ဆံမှု ကင်းသော လူ့အဖွဲ့အစည်းတစ်ခု ဖြစ်လာရန် တိုက်ပွဲဝင်နေကြသော ရိုဟင်ဂျာလူမျိုးစုအတွက် ကြီးမားသော ဆုံးရှုံးမှုကြီး ဖြစ်သည်ဟု လူမျိုးပေါင်းစုံ အထွေထွေ သပိတ်ကော်မတီ (GSCN)က ရိုဟင်ဂျာလူမျိုးစုနှင့်အတူ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့သည်။

Public Service Announcement

Public Service Announcement

အာရ်ကန်ရိုဟင်ဂျာအစည်းအရုံး (Arakan Rohingya Union) ညွှန်ကြားရေးမှူးချုပ်နှင့် ရိုဟင်ဂျာခေါင်းဆောင် တစ်ဦးဖြစ်သည့် ဒေါက်တာဝါကာအူဒင်သည် မြန်မာစစ်တပ်၏ လူ့အခွင့်အရေး ချိုးဖောက်မှု၊ လူမျိုးတုံးသတ်ဖြတ်မှု လုပ်ရပ်များအတွက် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) ၌ တရားစွဲဆိုသည့် ကိစ္စရပ်များတွင် ပါဝင်ဆောင်ရွက်ခဲ့သူဖြစ်သည်။

ဒေါက်တာဝါကာအူဒင်သည် ရခိုင်ပြည်နယ်၊ မောင်တောမြို့ ဇာတိဖြစ်ပြီး ဖိနှိပ်မှုများစွာမှ တစ်ဆင့် ရေဆင်းတက္ကသိုလ်မှ စိုက်ပျိုးရေးဘွဲ့ရရှိခဲ့သည်။ ထို့နောက် အမေရိကန်နိုင်ငံတွင် ဆက်လက်ပညာ သင်ကြားခဲ့ပြီး ပါရဂူရရှိခဲ့သည်။

ပင်ဆယ်ဗဲနီးယား တက္ကသိုလ်တွင် ပါမောက္ခအဖြစ်တာဝန်ထမ်းဆောင်ခဲ့ပြီး နိုင်ငံတော် အကြီးအကဲများ၊ သမ္မတများ၊ ဝန်ကြီးချုပ်များနှင့် တွေ့ဆုံ စကားပြောခွင့်ရသည်အထိ အလေးထား ခံရသူ ဖြစ်ကြောင်း GSCN က ထုတ်ပြန်သည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကလည်း ဒေါက်တာဝါကာအူဒင်ကွယ်လွန်ခဲ့ခြင်းအပေါ် ဝမ်းနည်းကြောင်းသဝဏ်လွှာထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ထိစပ်နေတဲ့ ပေါက်တောမြို့နယ် ဆံတော်ရှင်ကျွန်းအနီးမှာ ငါးဖမ်းနေကြတဲ့ ဒေသခံရိုဟင်ဂျာငါးဖမ်းစက်လှေ ၂စီးကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်သင်္ဘောတွေက ပစ်ခတ်၊ မီးရှို့ခဲ့ပြီး စက်လှေပေါ်ပါလာသူတွေကို ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။