Connect with us

Hi, what are you looking for?

News

NUG တရားရေးဝန်ကြီးဌာနနှင့် မြို့နယ်တရားသူကြီးအဖွဲ့များ ဆွေးနွေး

လတ်တလောအခြေအနေအရ တရားရုံးများတည်ထောင်ရန်နှင့် တရားသူကြီးအဖွဲ့များဖွဲ့စည်းနိုင်ရေး အခက်အခဲများစွာရှိနိုင်သော်လည်းကြိုးစားသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောကြားသွားသည်။

တရားစီရင်ရေးကိစ္စရပ်များအတွက် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနသည် မြို့နယ် ၁၇ မြို့နယ်ရှိ မြို့နယ်တရားသူကြီးအဖွဲ့များနှင့် ယမန်နေ့(​ဧပြီ ၃၀ရက်)က ဆွေးနွေးခဲ့သည်။

ပြည်သူ့ကာကွယ်ရေးတပ်များနယ်မြေစိုးမိုးမှု ရရှိထားသော ဒေသများတွင် တရားဥပဒေစိုးမိုးမှုဖော်ဆောင်ရေးအပါအဝင် အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာနက ဆောင်ရွက်မည့်ကိစ္စရပ်များကို Zoom meeting ဖြင့် ဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

လတ်တလောအခြေအနေအရ တရားရုံးများတည်ထောင်ရန်နှင့် တရားသူကြီးအဖွဲ့များဖွဲ့စည်းနိုင်ရေး အခက်အခဲများစွာရှိနိုင်သော်လည်းကြိုးစားသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ တရားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦးက ပြောကြားသွားသည်။

အဆိုပါအစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးသိန်းဦး၊ အကြံပေးပုဂ္ဂိုလ်ဦးလှိုင်ဘွား၊ အတွင်းဝန် ဦးမင်းနောင်ခိုင်၊ တရားစီရင်ရေး ဖော်ဆောင်မှု နှင့် တရားရုံးများ စောင့်ကြည့်ထိန်းညှိရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကောင်းမြတ်သူ၊ တရားစွဲနှင့်အမှုလိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရန်ကြီးအောင်၊ ဒုတိယအတွင်းဝန် ဦးမျိုးအောင်၊ ပြည်ထဲရေးနှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာန တာဝန်ရှိသူများနှင့် မြို့နယ် ၁၇ မြို့နယ်ရှိ မြို့နယ်တရားသူကြီးအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

စစ်အာဏာရှင်ဆန့်ကျင်ပြီး CDM ပြုလုပ်ထားသည့် တရားသူကြီးအချို့သည် စစ်ကောင်စီထိန်းချုပ်၍မရသော မြို့နယ်အချို့တွင် နေထိုင်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၏ ကြားကာလ တရားစီရင်ရေးဖော်ဆောင်မှုဆိုင်ရာ မူဝါဒအကောင်အထည်ပေါ်အောင် ကြိုးစားနေကြသည်။

တရားစီရင်ရေးဖော်ဆောင်မှုနှင့် တရားရုံးများ စောင့်ကြည့်ထိန်းညှိရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကောင်းမြတ်သူက”သေနတ်နဲ့ထောက်ပြီး လုယူထားတဲ့ စီရင်ပိုင်ခွင့်အာဏာမဟုတ်ဘူး။ယုံကြည်ကိုးစားမှုကို အရင်းပြုထားတဲ့ စီရင်ပိုင်ခွင့်အာဏာ။အောင်မြင်ပါ့မလားဆိုပြီး လုပ်တာမဟုတ်ဘူး။အောင်ကိုအောင်မြင်ရမယ်ဆိုပြီး လုပ်တာ”ဟု အထက်ပါအစည်းအဝေးနှင့်ပတ်သက်၍ ထုတ်ဖော်ပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook