Connect with us

Hi, what are you looking for?

News

စစ်​ကောင်စီက ​နေအိမ်များအား လုယူချိပ်ပိတ်ပြီး​နောက် ပြန်​ရောင်းချရန် စီစဥ်​နေ၍ မဝယ်ယူကြရန် အဆို​တော်ချမ်းချမ်း တိုက်တွန်း

အကြမ်းဖက်စစ်​ကောင်စီသည် အဆို​တော်ချမ်းချမ်း၏ ​နေအိမ်အား လုယူချိတ်ပိတ်ပြီး​နောက် အဆိုပါ ​နေအိမ်အား ပြန်လည်​ရောင်းချ၍ ​ငွေရှာ​ဖွေရန် ကြိုးပမ်း​နေခြင်း ဖြစ်သည်။

(အဆို​တော် ချမ်းချမ်း၏ ​နေအိမ်အား စစ်​ကောင်စီအဖွဲ့က လုယူချိပ်ပိတ်​နေသည်ကို ​တွေ့ရစဥ်)

▪️အကြမ်းဖက်စစ်​ကောင်စီသည် ချမ်းချမ်း၏ ​နေအိမ်အား လုယူချိပ်ပိတ်ပြီး​နောက် ပြန်​ရောင်းချရန် ကြိုးပမ်း​နေဟုဆို

အကြမ်းဖက်စစ်​ကောင်စီက မတရားလုယူချိပ်ပိတ်ထားသည့် နေအိမ်များအား ရောင်းချရန်စီစဉ်နေသောကြောင့် မဝယ်ယူရန် အဆိုတော်ချမ်းချမ်းက တိုက်တွန်းလိုက်သည်။

“မတရားမှုကိုအားမပေးပါနဲ့ ကျမတို့အရာရာပေးဆပ်ထားကြတာ အသက်တေ ပစ္စည်းတွေ အိမ်တွေ မတရားယူချင်တဲ့သူတွေကိုအားမပေးပါနဲ့ ။ကျမရဲ့သန်လျင်အိမ်ကိုစစ်ကောင်စီက မတရားချိတ်ပိတ်ပီး အခုပဲအိမ်ဖွင့်ပီးရောင်းစားဖို့ကြိုးစားနေပါတယ် ။အဲ့ဒီ့အိမ်ကိုမဝယ်ကြပါနဲ့ ဝယ်တဲ့သူဟာတရားမဝင်ပါဘူးနော်၊ ဝိုင်းတားပေးကြပါ။ တော်လှန်ရေးပီးရင် ကျမတို့ ကိုယ့်ပစ္စည်းကိုယ်ပြန်ရအောင်ပြန်ယူကြတဲ့အခါ ဝယ်ထားတဲ့သူဟာ အလကားဖြစ်သွားပါလိမ့်မယ် “ဟု ချမ်းချမ်းက ၎င်း၏ဖေ့စ်ဘွခ်တ်ခ်စာမျက်နှာမှတစ်ဆင့် မေ ၁ ရက်ကရေးသားထားသည်။

(အဆို​တော် ချမ်းချမ်း၏ ​နေအိမ်အား စစ်​ကောင်စီအဖွဲ့က လုယူချိပ်ပိတ်​နေသည်ကို ​တွေ့ရစဥ်)

အကြမ်းဖက်စစ်​ကောင်စီသည် အဆို​တော်ချမ်းချမ်း၏ ​နေအိမ်အား လုယူချိတ်ပိတ်ပြီး​နောက် အဆိုပါ ​နေအိမ်အား ပြန်လည်​ရောင်းချ၍ ​ငွေရှာ​ဖွေရန် ကြိုးပမ်း​နေခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက ချိတ်ပိတ်ထားသည့် ​နေအိမ်များအား ဝယ်ယူခြင်းမှာ ဝယ်ယူသူအတွက် အရှုံးသာရမည်ဟု ချမ်းချမ်းက ဆိုသည်။

“အိမ်စာချုပ်တွေဟာ ကျမတို့အိမ်ပိုင်ရှင်တွေဆီမှာပဲ ရှိတာမို့ တရားမဝင်ပါဘူး။ အများသိအောင် share ပေးကြပါ”ဟု ချမ်းချမ်းက ရေးသားထားသည်။

(အဆို​တော် ချမ်းချမ်း၏ ​နေအိမ်အား စစ်​ကောင်စီအဖွဲ့က လုယူချိပ်ပိတ်​နေသည်ကို ​တွေ့ရစဥ်)

ချမ်းချမ်းသည် ရင်သွေးမွေးဖွားရန် ခင်ပွန်းဖြစ်သူရှိသည့် အီတလီနိုင်ငံသို့သွားရောက်ခဲ့ရာမှ စစ်အာဏာရှင်ဆန့်ကျင်ရေး၌ ပြည်သူနှင့်အတူ ပါဝင်ခဲ့သောကြောင့် ပုဒ်မ ၅၀၅(က)ဖြင့် မတရားပုဒ်မတပ်ခံခဲ့ရခြင်းဖြစ်သည်။

ချမ်းချမ်း၏ နေအိမ်ကို အကြမ်းဖက်စစ်ကောင်စီက ဖေဖော်ဝါရီ ၁၉ ရက်တွင် ချိတ်ပိတ်ခဲ့ခြင်းဖြစ်သည်။

အကြမ်းဖက်စစ်​ကောင်စီသည် အမျိုးသားညီညွတ်​ရေးအစိုးရ အဖွဲ့၏ ဝန်ကြီးများ၏ ​နေအိမ်များအပါအဝင် ဒီချုပ်ပါတီဝင်များ၊ စစ်အာဏာရှင်ဆန့်ကျင်​ရေးလှုပ်ရှားသူများနှင့် ပုဒ်မ ၅၀၅ ဖြင့် မတရားအမှုဖွင့်ခံရသူအချို့ ၏ ​နေအိမ်များအား လုယူချိပ်ပိတ်​နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

စစ်ကောင်စီက နိုင်ငံခြားငွေသုံးစွဲမှုကို လျှော့ချရန်ဆိုတဲ့ အကြောင်းပြချက်နဲ့ အရည်အသွေးနှိမ့် စာအုန်းဆီခွဲတမ်းတွေကိုလျှော့ချပြီးနောက်ပိုင်း အခြေခံပြည်သူတွေအနေနဲ့ စျေးကွက်ထဲမှာ ဝယ်ယူရခက်ခဲလာတယ်လို့ စုံစမ်းသိရှိရပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) ဖာပွန်ခရိုင်(မူတြော်ခရိုင်) တပ်မဟာ(၅)နယ်မြေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ နေအိမ်အဆောက်အဦး ပျက်စီးခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်(KPSN)က ထုတ်ပြန်ပါတယ်။