Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားလေးဦးကို ဂျပန်ကာကွယ်ရေးအကယ်ဒမီသင်တန်းတက်ရောက်ခွင့်ပြုမှုအပေါ် ဂျပန်ရောက်မြန်မာများ ကန့်ကွက်ရှုတ်ချ

လူ့အခွင့်အရေးအလေးထားသည့် ဂျပန်အနေဖြင့် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်ကြီးထွားခြင်းမရှိစေရန် စစ်ကောင်စီကို ဆက်ဆံခြင်း၊ ကူညီခြင်း၊ ထောက်ခံခြင်းများ လုံး၀မပြုလုပ်ရန် ဂျပန်ရောက်မြန်မာများက တောင်းဆိုသည်။

(​ကမ္ဘာလုံးဆိုင်ရာ နွေဦး​တော်လှန်​ရေး​အဖြစ် ဂျပန်နိုင်ငံ​ရောက်မြန်မာနိုင်ငံသားများ ဆန္ဒပြ​နေစဥ်)

စစ်ကောင်စီစေလွှတ်သည့် စစ်သား ​လေးဦးကို ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီသင်တန်း တက်ရောက်ခွင့်ပြုသည့်အပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း NUG ဂျပန်ကိုယ်စားလှယ် စောဘလှသိန်းက ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်ရာဇဝတ်မှုများကျုးလွန်နေသည့် စစ်ကောင်စီ၏ စစ်သား ​လေးဦးကို ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီသင်တန်းတက်ရောက်ခွင့်ပြုခဲ့သည့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို ဂျပန်ရောက်မြန်မာနိုင်ငံသားများက အပြင်းအထန်ကန့်ကွက် သည်ဟု စောဘလှသိန်းက ပြောသည်။

လူ့အခွင့်အရေးအလေးထားသည့် ဂျပန်အနေဖြင့် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်ကြီးထွားခြင်းမရှိစေရန် စစ်ကောင်စီကို ဆက်ဆံခြင်း၊ ကူညီခြင်း၊ ထောက်ခံခြင်းများ လုံး၀မပြုလုပ်ရန် ဂျပန်ရောက်မြန်မာများက တောင်းဆိုသည်။

ဂျပန်က စစ်ကောင်စီကို အားပေးကူညီမှုများ၊ ဆက်ဆံမှုများ ပြုလုပ်နေမည်ဆိုပါက မြန်မာ့ဒီမိုက ရေစီထွန်းကားရေးလမ်းစဉ်ကို အဟန့်အတားဖြစ်စေမည့်အပြင် အပြစ်မဲ့ မြန်မာပြည်သူများအပေါ် စစ်ကောင်စီက အကြမ်းဖက်စစ်ဆင်ရေးများ ပိုမိုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုး ဖောက်မှုများ ပိုမိုကြီးထွားလာခြင်းများ ဖြစ်စေနိုင်ကြောင်း အထက်ပါ အမျိုးသားညီညွတ်ရေးရေး ကိုယ်စားလှယ်က အသိပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံသားများသည် ၎င်းတို့အများစုထောက်ခံသော အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်ဆက်ဆံပြီး ပြည်သူအစိုးရနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ဆတက်ထမ်းပိုး တိုးမြှင့်ကာ နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်ခြင်းကသာ မြန်မာပြည်သူများ၏ အများစုသဘောထားဆန္ဒဖြစ် ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အားကောင်းတဲ့ တိုင်ဖွန်းမုန်တိုင်းတစ်ခု ချဉ်းကပ်လာတာကြောင့် ဂျပန်နိုင်ငံ အရှေ့ပိုင်း ကမ်းရိုးတန်း ဒေသတချို့မှာ ရေကြီးမှုနဲ့ မြေပြိုမှု အန္တရာယ် သတိပေးချက်တွေ ထုတ်ပြန်ထားပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။