Connect with us

Hi, what are you looking for?

LuduNwayOo

News

အကြမ်းဖက်စစ်ကောင်စီ၏ စစ်သားလေးဦးကို ဂျပန်ကာကွယ်ရေးအကယ်ဒမီသင်တန်းတက်ရောက်ခွင့်ပြုမှုအပေါ် ဂျပန်ရောက်မြန်မာများ ကန့်ကွက်ရှုတ်ချ

လူ့အခွင့်အရေးအလေးထားသည့် ဂျပန်အနေဖြင့် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်ကြီးထွားခြင်းမရှိစေရန် စစ်ကောင်စီကို ဆက်ဆံခြင်း၊ ကူညီခြင်း၊ ထောက်ခံခြင်းများ လုံး၀မပြုလုပ်ရန် ဂျပန်ရောက်မြန်မာများက တောင်းဆိုသည်။

(​ကမ္ဘာလုံးဆိုင်ရာ နွေဦး​တော်လှန်​ရေး​အဖြစ် ဂျပန်နိုင်ငံ​ရောက်မြန်မာနိုင်ငံသားများ ဆန္ဒပြ​နေစဥ်)

စစ်ကောင်စီစေလွှတ်သည့် စစ်သား ​လေးဦးကို ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီသင်တန်း တက်ရောက်ခွင့်ပြုသည့်အပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း NUG ဂျပန်ကိုယ်စားလှယ် စောဘလှသိန်းက ယမန်နေ့တွင် ထုတ်ပြန်သည်။

စစ်ရာဇဝတ်မှုများကျုးလွန်နေသည့် စစ်ကောင်စီ၏ စစ်သား ​လေးဦးကို ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီသင်တန်းတက်ရောက်ခွင့်ပြုခဲ့သည့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာန၏ ဆုံးဖြတ်ချက်ကို ဂျပန်ရောက်မြန်မာနိုင်ငံသားများက အပြင်းအထန်ကန့်ကွက် သည်ဟု စောဘလှသိန်းက ပြောသည်။

လူ့အခွင့်အရေးအလေးထားသည့် ဂျပန်အနေဖြင့် မြန်မာနိုင်ငံ၌ စစ်အာဏာရှင်စနစ် ဆက်လက်ရှင်သန်ကြီးထွားခြင်းမရှိစေရန် စစ်ကောင်စီကို ဆက်ဆံခြင်း၊ ကူညီခြင်း၊ ထောက်ခံခြင်းများ လုံး၀မပြုလုပ်ရန် ဂျပန်ရောက်မြန်မာများက တောင်းဆိုသည်။

ဂျပန်က စစ်ကောင်စီကို အားပေးကူညီမှုများ၊ ဆက်ဆံမှုများ ပြုလုပ်နေမည်ဆိုပါက မြန်မာ့ဒီမိုက ရေစီထွန်းကားရေးလမ်းစဉ်ကို အဟန့်အတားဖြစ်စေမည့်အပြင် အပြစ်မဲ့ မြန်မာပြည်သူများအပေါ် စစ်ကောင်စီက အကြမ်းဖက်စစ်ဆင်ရေးများ ပိုမိုကျူးလွန်ခြင်း၊ လူ့အခွင့်အရေးချိုး ဖောက်မှုများ ပိုမိုကြီးထွားလာခြင်းများ ဖြစ်စေနိုင်ကြောင်း အထက်ပါ အမျိုးသားညီညွတ်ရေးရေး ကိုယ်စားလှယ်က အသိပေးထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံသားများသည် ၎င်းတို့အများစုထောက်ခံသော အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်ဆက်ဆံပြီး ပြည်သူအစိုးရနှင့် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုကို ဆတက်ထမ်းပိုး တိုးမြှင့်ကာ နှစ်နိုင်ငံ ရေရှည်အကျိုးစီးပွားကို ဖော်ဆောင်ခြင်းကသာ မြန်မာပြည်သူများ၏ အများစုသဘောထားဆန္ဒဖြစ် ကြောင်း ထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။

သတင်း

ကိုဗစ်ကာလမှသည် စစ်ကောင်စီအာဏာသိမ်းပြီးသည့်အချိန်ထိ အလောင်းတော်ကဿပ ဘုရားအား ဖူး​မြော်ခွင့်၊ သွားလာခွင့်ပိတ်ထားခဲ့သည်။

သတင်း

တပ်မ (၄၄) တပ်မမှူး ဗိုလ်မှူးခစိုးမင်းထက် မဲ​ဆောက်​ဆေးရုံ၌ ​ဆေးကူသမှု ခံယူ​နေရင်း သေဆုံးကြောင်းလည်း စစ်ကောင်စီလက်အောက်ခံ လူမှုကွန်ရက်စာမျက်နှာများ၌ ရေးသားနေကြသည်ကို တွေ့ရသည်။