Connect with us

Hi, what are you looking for?

News

စစ်ကောင်စီနှင့် ဆွေးနွေးပါက နှစ်၁၀၀ကြာလည်း အောင်မြင်မည်မဟုတ်ဟု ယာယီသမ္မတ ​ပြော

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းပြည်ရှေ့ရေးအတွက် ရေရှည်တည်မြဲနိုင် မည့် ကတိကဝတ်များ အ ကောင်အထည်ဖော်နိုင်ရန် အင်အားစုများနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း၊ ကတိကဝတ်များ လက်တွေ့ အကောင်အထည်ဖော်လာနိုင်ရန် မဟာအတားအဆီးဖြစ်သည့် အာဏာရှင်စစ်အုပ်စုကို ဖယ်ရှားရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

▪️တော်လှန်ရေး အင်အားစုများနှင့် နားလည်မှုလွဲပါက ချက်ချင်းဖြေရှင်းရန် အစိုးရအဖွဲ့အား ပြည်ထောင်စုဝန်ကြီးချုပ်တိုက်တွန်း

အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးပါက နှစ်ပေါင်း ၁၀၀ ကြာသော်လည်း အောင်မြင်မည်မဟုတ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလက ပြောကြားလိုက်သည်။

အမျိုးသားညီညွတ်ရေးအစိုးရ အစိုးရအဖွဲ့အစည်းအဝေးကို ယနေ့ ပြုလုပ်ရာ ယာယီသမ္မတက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ ၏ သတင်းနှင့် ပြန်ကြားရေးဌာန PVTVက သတင်းထုတ်ပြန်သည်။

စစ်ကောင်စီအနေဖြင့် ချမှတ်ထားသည့် ကတိများကို တည်မည်မဟုတ်ကြောင်း၊ နှစ်၇၀ ကျော်ကြာ အတွေ့ အကြုံများကို သတိရလျက် အချိန်တိုအတွင်း ကမ်းလှမ်းမျှဝေသည့် ကတိကဝတ်များကို အထူးသတိထား ရှောင်ရှားကြဖို့ သတိချပ်စေလိုကြောင်း ယာယီသမ္မတက ပြောကြားသည်။

Public Service Announcement

Public Service Announcement

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းပြည်ရှေ့ရေးအတွက် ရေရှည်တည်မြဲနိုင် မည့် ကတိကဝတ်များ အ ကောင်အထည်ဖော်နိုင်ရန် အင်အားစုများနှင့် ချိတ်ဆက် ဆောင်ရွက်နေကြောင်း၊ ကတိကဝတ်များ လက်တွေ့ အကောင်အထည်ဖော်လာနိုင်ရန် မဟာအတားအဆီးဖြစ်သည့် အာဏာရှင်စစ်အုပ်စုကို ဖယ်ရှားရမည်ဖြစ်ကြောင်း ယာယီသမ္မတက ပြောကြားသည်။

ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကလည်း “အစိုးရအဖွဲ့အနေနဲ့ တော်လှန်ရေးအင်အားစုတွေ အချင်းချင်းကြားမှာ နားလည်မှုလွဲမှားပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ အပေါ်မှာလည်း မြန်မြန်ဆန်ဆန်နဲ့ ထိထိရောက်ရောက် ဖြေရှင်းပေး ကြဖို့ သက်ဆိုင်ရာကဏ္ဍအလိုက် ဝန်ကြီးဌာနတွေကို တိုက်တွန်းလိုပါတယ်” ဟု အစိုးရ အဖွဲ့ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

တော်လှန်ရေးတွင် အချိန်တိုင်း၊ နေ့ရက်တိုင်းက အရေး ကြီး၍ အချိန်မီတုံ့ပြန်ရန် လိုအပ်ချက်များ၊ ဖြေရှင်းပေးရန် လိုအပ်ချက်များ အချိန်မဆိုင်းဘဲ စီမံဆောင်ရွက်မှသာ ပန်းတိုင်းကို မြန်မြန်ရောက်နိုင်မည်ဟု ဝန်ကြီးချုပ်က ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရအနေဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် ပိုမိုကောင်းမွန်သည့် ပူးပေါင်းဆောင်ရွက်မှု များ အကောင်အထည်ဖော်နိုင်ရေး ကြိုးစားနေကြောင်း၊ တော်လှန်ရေး အင်အားစုအလုံးနှင့်အတူ ဘုံရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် အကြမ်းဖက်စစ်တပ် ပြုတ်ကျနိုင်ရေး ဆက်လက်တိုက်ပွဲဝင်သွားမည်ဟု ပြည်ထောင်စုဝန်ကြီးချုပ်က ပြောသည်။

စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာနကလည်း စစ်ကောင်စီ ခေါင်းဆောင် မင်းအောင်လှိုင်၏ အင်းလျားလမ်း၊ ခြံအမှတ် ၁၄နေအိမ်ကို ဥပဒေနှင့်အညီ ရောင်းချနိုင်ရေး အတည်ပြုချက်ရယူရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ထံ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) သွားရောက်တွေ့ဆုံခဲ့မှုအပေါ် လှိုက်လှဲစွာကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)က ဒီကနေ့ ဩဂုတ် ၄ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။