စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် သွေးသောက်အဖွဲ့ဝင်ဆိုသူ အမျိုးသားတစ်ဦးအား ဆိုင်ကယ်မောင်းနှင်လာစဉ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယမ်းဘီလူးအဖွဲ့က သတင်းထုတ်ပြန်သည်။
ရွှေဘိုမြို့နယ်၊ အမှတ် (၆)ရပ်ကွက်နေ စစ်ကောင်စီတပ်၏ သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ ကမ်ဘာကြီးအား ရွှေဘိုမြို့ ကားကြီးကွင်းအနီးတွင် မဟာမိတ် ShweBo Defense Force SBDFနှင့်အတူ ရှင်းလင်းခဲ့ကြောင်း ရွှေဘို ယမ်းဘီလူးအဖွဲ့က ယနေ့( မေလ ၄ ရက်နေ့)တွင် ထုတ်ပြန်ကြေညာသည်။
ရွှေဘိုယမ်းဘီလူးအဖွဲ့က ရုပ်သံမှတ်တမ်းကိုပါ ထုတ်ပြန်ထားပြီး နံပါတ်ပြားမပါသည့် တရုတ်ဘီးတစ်စီးအား စီးနင်းလာသည့်အမျိုးသားတစ်ဦးအား သေနတ်တစ်ချက်ပစ်ခတ်ခဲ့သည်ကို တွေ့ရသည်။
“ဒီမနက်ဖြစ်တာပါ။ ဒီသွေးသောက် အဖွဲ့ဆိုတာကို မသုတ်သင်ရင် ကျွန်တော်တို့နဲ့ ပြည်သူတွေ အရင်ခံရမှာမို့ရှင်းလင်းတာပါ။”ဟု ယမ်းဘီလူးအဖွဲ့တာဝန်ရှိသူက ပြောသည်။
စကစ ၏ သွေးသောက်ဆိုသောသူများကိုလည်း ဆက်လက်ရှင်းလင်းပါမည်ဟု ရွှေဘိုယမ်းဘီလူးအဖွဲ့က အသိပေးထားသည်။

Public Service Announcement
သွေးသောက်အဖွဲများသည် မန္တလေးမြို့ပေါ်တွင် အများဆုံး သောင်းကျန်းလျက်ရှိပြီး ပြည်သူ ၇ ဦးခန့်သတ်ဖြတ်ခံထားရကာ NLD အမာခံများအား ဦးစားပေးသတ်ဖြတ်နေသည်။
