Connect with us

Hi, what are you looking for?

News

ရွှေဘိုတွင်​ သွေး​သောက်အဖွဲ့ဝင်ဟုဆိုသူတစ်ဦးကို ယမ်းဘီလူးအဖွဲ့က ပစ်ခတ်ရှင်းလင်း

ရွှေဘိုယမ်းဘီလူးအဖွဲ့က ရုပ်သံမှတ်တမ်းကိုပါ ထုတ်ပြန်ထားပြီး နံပါတ်ပြားမပါသည့် တရုတ်ဘီးတစ်စီးအား စီးနင်းလာသည့်အမျိုးသားတစ်ဦးအား သေနတ်တစ်ချက်ပစ်ခတ်ခဲ့သည်ကို တွေ့ရသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့တွင် သွေးသောက်အဖွဲ့ဝင်ဆိုသူ အမျိုးသားတစ်ဦးအား ဆိုင်ကယ်မောင်းနှင်လာစဉ် ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း ယမ်းဘီလူးအဖွဲ့က သတင်းထုတ်ပြန်သည်။

ရွှေဘိုမြို့နယ်၊ အမှတ် (၆)ရပ်ကွက်နေ စစ်​ကောင်စီတပ်၏ သွေးသောက်အဖွဲ့ဝင်ဟုဆိုသူ ကမ်ဘာကြီးအား ရွှေဘိုမြို့ ကားကြီးကွင်းအနီးတွင် မဟာမိတ် ShweBo Defense Force SBDFနှင့်အတူ ရှင်းလင်းခဲ့ကြောင်း ရွှေဘို ယမ်းဘီလူးအဖွဲ့က ယနေ့( မေလ ၄ ရက်နေ့)တွင် ထုတ်ပြန်ကြေညာသည်။

ရွှေဘိုယမ်းဘီလူးအဖွဲ့က ရုပ်သံမှတ်တမ်းကိုပါ ထုတ်ပြန်ထားပြီး နံပါတ်ပြားမပါသည့် တရုတ်ဘီးတစ်စီးအား စီးနင်းလာသည့်အမျိုးသားတစ်ဦးအား သေနတ်တစ်ချက်ပစ်ခတ်ခဲ့သည်ကို တွေ့ရသည်။

“ဒီမနက်ဖြစ်တာပါ။ ဒီသွေးသောက် အဖွဲ့ဆိုတာကို မသုတ်သင်ရင် ကျွန်တော်တို့နဲ့ ပြည်သူတွေ အရင်ခံရမှာမို့ရှင်းလင်းတာပါ။”ဟု ယမ်းဘီလူးအဖွဲ့တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စကစ ၏ သွေးသောက်ဆိုသောသူများကိုလည်း ဆက်လက်ရှင်းလင်းပါမည်ဟု ရွှေဘိုယမ်းဘီလူးအဖွဲ့က အသိပေးထားသည်။

သွေးသောက်အဖွဲများသည် မန္တလေးမြို့ပေါ်တွင် အများဆုံး သောင်းကျန်းလျက်ရှိပြီး ပြည်သူ ၇ ဦးခန့်သတ်ဖြတ်ခံထားရကာ NLD အမာခံများအား ဦးစားပေးသတ်ဖြတ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းကို စစ်တပ်က စစ်ကြောင်းထိုးကာ ဒရုန်းနဲ့ ချီပါရွာအနီးကို ဗုံးကြဲတာတွေ ဆက်တိုက်ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုနဲ့ ဆားလင်းကြီးမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံကြောင်း လှုပ်ရှားမှုတွေ ဒီကနေ့ (စက်တင်ဘာ ၂၉) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ယင်းမာပင်နဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေကို ဒီကနေ့ (စက်တင်ဘာ ၂၃) ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းက ကလေး၊ ဆားလင်းကြီးနဲ့ ရွှေဘိုမြို့နယ်တို့မှာ တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက သံအမတ်ကြီး ဦးကျော်မိုးထွန်းကို ထောက်ခံတဲ့ လှုပ်ရှားမှုတွေ စက်တင်ဘာ ၂၁ ရက်က ပြုလုပ်ခဲ့ပါတယ်။

Facebook