Connect with us

Hi, what are you looking for?

LuduNwayOo

News

ဘောလခဲတွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ယာဥ်နှစ်စီးပျက်စီးကာ လက်နက်ခဲယမ်းအချို့ရ

တိုက်ခိုက်မှု ဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးကို မသိရသေးသော် လည်း ယာဉ်နှစ်စီးပျက်စီးသွားပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ယာဥ်နှစ်စီးပျက်စီးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း Karenni’s Voice က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ယနေ့(မေ ၄ ရက်) နံနက် ၄နာရီခန့်က နန်းဖဲကျေးရွာမှ ဘောလခဲမြို့နယ်ဘက်သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်(KA)နှင့် KNDF B-16 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှု ဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးကို မသိရသေးသော် လည်း ယာဉ်နှစ်စီးပျက်စီးသွားပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

“တိုက်ပွဲက မနက် ၄ နာရီ​ ဝန်းကျင်လောက်ထဲက ဖြစ်တာ ကျွန်တော်တို့ မိုင်းကို သူတို့နင်းမိတာပေါ့ နော်။စစ်ကားနှစ်စီးတော့ ပျက်စီးသွားလို့ သူတို့ဘာသာမီးရှို့သွားတာ ကျွန်တော် တို့ မိုင်းအချို့နဲ့ ကျည်အချို့ရခဲ့တယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-16 တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်ရှိ ပြည်သူလူထုနှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဘောလခဲ မြို့နယ်(နန်းဖဲ-ဘောလခဲ)လမ်းမကြီးကို လုံးဝ ဖြတ်သန်းသွားခြင်းမပြုရန်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်။

ထိုလမ်းပိုင်းတွင် အကြမ်းစစ်ကောင်စီက စစ်ကြောင်းထိုးနေသောကြောင့် ယနေ့(ဧပြီ ၁၈ ရက်ကစ၍ မေလ ၁၈ ရက်)အထိ တစ်လတိတိ အသုံးမပြုရန်လည်း သတိပေးသည်။

ယမန်နေ့(မေ ၃ ရက်)က ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်တွင် ထိတွေ့တိုက်ပွဲ ၌အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးထက်မနည်းသေဆုံးကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။