Connect with us

Hi, what are you looking for?

News

ဘောလခဲတွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ယာဥ်နှစ်စီးပျက်စီးကာ လက်နက်ခဲယမ်းအချို့ရ

တိုက်ခိုက်မှု ဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးကို မသိရသေးသော် လည်း ယာဉ်နှစ်စီးပျက်စီးသွားပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

ကရင်နီ(ကယား)ပြည်နယ်၊ ဘောလခဲမြို့နယ်တွင် စစ်ကောင်စီယာဥ်တန်းတိုက်ခိုက်ခံရပြီး ယာဥ်နှစ်စီးပျက်စီးကာ လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိကြောင်း Karenni’s Voice က ထုတ်ပြန်သည်။

တိုက်ပွဲဖြစ်စဥ်မှာ ယနေ့(မေ ၄ ရက်) နံနက် ၄နာရီခန့်က နန်းဖဲကျေးရွာမှ ဘောလခဲမြို့နယ်ဘက်သို့ ရိက္ခာလာပို့သည့် စစ်ကောင်စီယာဉ်တန်းကို ကရင်နီပူးပေါင်းတပ်(KA)နှင့် KNDF B-16 တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ခိုက်မှု ဖြစ်စဥ်တွင် စစ်ကောင်စီဘက်မှ အထိအခိုက်အကျအဆုံးကို မသိရသေးသော် လည်း ယာဉ်နှစ်စီးပျက်စီးသွားပြီး လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့သည်။

“တိုက်ပွဲက မနက် ၄ နာရီ​ ဝန်းကျင်လောက်ထဲက ဖြစ်တာ ကျွန်တော်တို့ မိုင်းကို သူတို့နင်းမိတာပေါ့ နော်။စစ်ကားနှစ်စီးတော့ ပျက်စီးသွားလို့ သူတို့ဘာသာမီးရှို့သွားတာ ကျွန်တော် တို့ မိုင်းအချို့နဲ့ ကျည်အချို့ရခဲ့တယ်”ဟု ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF B-16 တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ကရင်နီ(ကယား)ပြည်နယ်ရှိ ပြည်သူလူထုနှင့် စစ်ဘေးရှောင်ပြည်သူများအနေဖြင့် ဘောလခဲ မြို့နယ်(နန်းဖဲ-ဘောလခဲ)လမ်းမကြီးကို လုံးဝ ဖြတ်သန်းသွားခြင်းမပြုရန်လည်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ထားသည်။

ထိုလမ်းပိုင်းတွင် အကြမ်းစစ်ကောင်စီက စစ်ကြောင်းထိုးနေသောကြောင့် ယနေ့(ဧပြီ ၁၈ ရက်ကစ၍ မေလ ၁၈ ရက်)အထိ တစ်လတိတိ အသုံးမပြုရန်လည်း သတိပေးသည်။

ယမန်နေ့(မေ ၃ ရက်)က ဒီးမော့ဆို နှင့် ဖရူဆိုမြို့နယ်တွင် ထိတွေ့တိုက်ပွဲ ၌အကြမ်းဖက်စစ်ကောင်စီတပ်သား လေးဦးထက်မနည်းသေဆုံးကြောင်း သက်ဆိုင်ရာတပ်ဖွဲ့များက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်စစ်ပွဲအတွင်း အမေရိကန် စစ်တပ်ရဲ့ လက်နက်တိုက်ထဲမှာ ထိခိုက်လျော့နည်းမှုတွေ စာရင်းကို ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းဝန်းကျင်တိုက်ပွဲမှာအာရက္ခတပ်တော် (AA)က စစ်တပ်ဆီကလက်နက်ခဲယမ်းတွေနဲ့ အလောင်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေ ကပြောပါတယ်။

သတင်း

ဧရာဝတီမြစ်ကြောင်းအတွင်းတိုက်ပွဲ​တွေမှာစစ်သင်္ဘော​​တွေ နစ်မြှပ်ပျက်စီးခဲ့တာ​ကြောင့် ဗန်း​မော်မြို့ရှိ အမှတ် ၂၁စစ်ဆင်​ရေးကွပ်ကဲမှုဌာနချုပ် (စကခ ၂၁) အပါအဝင် ဗန်းမော်က စစ်တပ် တပ်ရင်းတွေကို ပြင်ဆင်ဖို့သယ်သွားတဲ့ ဒေါ်လာသန်းချီတန်ဖိုးရှိတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ နဲ့ အ​မြောက်အပါအဝင်လက်နက်ခဲယမ်း‌တွေလည်း ဆုံးရှုံးခဲ့တဲ့အတွက် စစ်တပ်အတွင်း အကြီးအကျယ်ဂယက်ရိုက်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။