Connect with us

Hi, what are you looking for?

News

ဖာပွန်မှာလက်နက်ကြီးကျလို့ ရွာသားတစ်ဦးအပြင်းအထန်ဒဏ်ရာရ

ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံအမျိုးသမီးကိုတော့ ဒေသတွင်းက ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကရင့်ကျန်းမာရေးနဲ့ လူမှုကူညီရေးဆေးလုပ်သားတွေကနေ ဘေးကင်းလုံခြုံရာကို ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖာပွန်မှာ ကျေးရွာတွေထဲကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မေ ၄ ရက် မနက် ၈ နာရီ ၄၅ မိနစ်အချိန်က ဖာပွန်ခရိုင် ကတိုင်တိအခြေစိုက် BGF ၁၀၁၃ တပ်ရင်းက နိုဖောထီးနဲ့ ထီးဝါးထာကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ထီးဝါးထာရွာသူ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ညာဘက်လက်မောင်းမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံအမျိုးသမီးကိုတော့ ဒေသတွင်းက ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကရင့်ကျန်းမာရေးနဲ့ လူမှုကူညီရေးဆေးလုပ်သားတွေကနေ ဘေးကင်းလုံခြုံရာကို ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကူးဆိပ်ရွာအခြေစိုက် စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံ ခမရ (၄၀၈) တပ်ဟာ ဒီကနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ဘူးသိုမြို့နယ် မဲ့ကလောကျေးရွာထဲကို လက်နက်ကြီးအလုံးပေါင်း ၁၃ လုံးပစ်ခတ်ခဲ့သေးပြီး လယ်ယာဥယျာဉ်ခြံမြေထဲကို ကျရောက်ခဲ့ပေမယ့် ဒေသခံပြည်သူနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ထိခိုက်မှုမရှိဘူးလို့ တပ်မဟာ ၅ က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ် ပွင့်လင်းရာသီကနေစတင်ပြီး စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေဟာ ဒေသခံပြည်သူတွေနေထိုင်ရာကျေးရွာထဲကို နေ့စဉ် လက်နက်ကြီးတွေနဲ့ တမင်ရည်ရွယ်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်ကနေ ကင်းထောက်လေယာဉ် ဒရုန်းလေယာဉ်တွေနဲ့ နေ့ရောညပါ ဒေသတွင်းအခြေအနေတွေကို ထောက်လှမ်းမှတ်တမ်းယူနေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကချင်ပြည်နယ်ကနေ ဧရာဝတီမြစ်အတိုင်းစစ်သင်္ဘောတွေစုန်လာပြီး မြစ်ကမ်း​ဘေးတ​လျှောက်လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် မြစ်ကမ်းဘေး ကျေးရွာက ပြည်သူတွေ ဂရုပြု နေထိုင်ကြဖို့ တော်လှန်ရေးတပ်တွေကသတိပေးထားပါတယ်။

Facebook