Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖာပွန်မှာလက်နက်ကြီးကျလို့ ရွာသားတစ်ဦးအပြင်းအထန်ဒဏ်ရာရ

ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံအမျိုးသမီးကိုတော့ ဒေသတွင်းက ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကရင့်ကျန်းမာရေးနဲ့ လူမှုကူညီရေးဆေးလုပ်သားတွေကနေ ဘေးကင်းလုံခြုံရာကို ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဖာပွန်မှာ ကျေးရွာတွေထဲကို စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်(BGF) က လက်နက်ကြီးနဲ့ပစ်လို့ ဒေသခံတစ်ဦး အပြင်းအထန်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါတယ်။

ဒီကနေ့ မေ ၄ ရက် မနက် ၈ နာရီ ၄၅ မိနစ်အချိန်က ဖာပွန်ခရိုင် ကတိုင်တိအခြေစိုက် BGF ၁၀၁၃ တပ်ရင်းက နိုဖောထီးနဲ့ ထီးဝါးထာကျေးရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ ထီးဝါးထာရွာသူ အသက် ၆၀ ကျော်အရွယ် အမျိုးသမီးတစ်ဦး ညာဘက်လက်မောင်းမှာ အပြင်းအထန် ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာပါ။

ထိခိုက်ဒဏ်ရာရရှိတဲ့ ဒေသခံအမျိုးသမီးကိုတော့ ဒေသတွင်းက ကျန်းမာရေးလုပ်ငန်းတွေ ဆောင်ရွက်ပေးနေတဲ့ ကရင့်ကျန်းမာရေးနဲ့ လူမှုကူညီရေးဆေးလုပ်သားတွေကနေ ဘေးကင်းလုံခြုံရာကို ပို့ဆောင်ခဲ့ပြီး ဆေးကုသမှုပေးနေတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် ကူးဆိပ်ရွာအခြေစိုက် စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံ ခမရ (၄၀၈) တပ်ဟာ ဒီကနေ့ မနက်ပိုင်းကနေ ညနေပိုင်းအထိ ဘူးသိုမြို့နယ် မဲ့ကလောကျေးရွာထဲကို လက်နက်ကြီးအလုံးပေါင်း ၁၃ လုံးပစ်ခတ်ခဲ့သေးပြီး လယ်ယာဥယျာဉ်ခြံမြေထဲကို ကျရောက်ခဲ့ပေမယ့် ဒေသခံပြည်သူနဲ့ အိမ်မွေးတိရိစ္ဆာန်တွေ ထိခိုက်မှုမရှိဘူးလို့ တပ်မဟာ ၅ က ဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

အခုနှစ် ပွင့်လင်းရာသီကနေစတင်ပြီး စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်တွေဟာ ဒေသခံပြည်သူတွေနေထိုင်ရာကျေးရွာထဲကို နေ့စဉ် လက်နက်ကြီးတွေနဲ့ တမင်ရည်ရွယ်ပစ်ခတ်ခဲ့ပြီး စစ်ကောင်စီရဲ့တိုင်းစစ်ဌာနချုပ်ကနေ ကင်းထောက်လေယာဉ် ဒရုန်းလေယာဉ်တွေနဲ့ နေ့ရောညပါ ဒေသတွင်းအခြေအနေတွေကို ထောက်လှမ်းမှတ်တမ်းယူနေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ တပ်မဟာ ၅ ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

သင်္ကြန်အတက်နေ့ ချင်းတွင်းမြစ်ကမ်းဘေးအပူက အလျံတငြီးငြီးနဲ့ တောက်လောင်နေတယ်။ သဲတွေဟာ မီးကြီးခဲတွေ နုတ်နုတ်စင်းထားသလိုမျိုး ထိလိုက်တာနဲ့ မခံမရပ်နိုင်အောင် ပူလောင်လွန်းလှတယ်။

သတင်း

ဖာပွန်မြို့သည် ခရိုင်မြို့ဖြစ်ပြီး ၂၀၁၉ လူဦး​ရေစာရင်းအရ မြို့​ပေါ်တွင် လူဦး​ရေ ၃၀၀၀ ​ကျော်​နေထိုင်သည်။​ဖာပွန်မြို့နယ်တွင် ​ကျေးရွာအုပ်စု ၇ စုရှိပြီး ​ကျေးလက်တွင်လူဦး​ရေ တစ်​သောင်းခန့်​နေထိုင်သည်။

သတင်း

စစ်ကောင်စီသည် မတ်လ ၂၇ရက်တွင် ညောင်ရွှေမြို့နယ် ထီခိုးကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲ ကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် အကြိမ် ၂၀ ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ပြည်သူအချို့ ပိတ်မိနေကြောင်း အသိပေးသည်။

သတင်း

ဖေဖော်ဝါရီ ၂၄ရက်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီက လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက် ခြင်းကြောင့် ဟိုပုံးမြို့နယ် လွယ်ဝိုးတုတ်ကျေးရွာရှိ ပြည်သူနေအိမ် ရှစ်လုံး မီးလောင်ပျက်စီးခဲ့ဟု ဖော်ပြသည်။