Connect with us

Hi, what are you looking for?

News

မန္တလေးမြို့ရှိ စစ်ကောင်စီ၏ လက်နက်ယန္တရားတပ်ဂိတ်ကင်းကို ROMအဖွဲ့တိုက်ခိုက်

မန္တလေးမြို့တွင် လှုပ်ရှားနေသည့် UG များအတွက် အဖွဲ့အစည်းများအနေဖြင့် လက်နက်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း ၎င်းက တောင်းဆိုသည်။

မန္တလေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီ၏ လက်နက်ယန္တရားတပ်ဂိတ်ကင်းကို တိုက်ခိုက်ခဲ့ကြောင်း Rangers of Mandalay -ROM မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မန္တလေးမြို့ကို တအားဖိနေလို့ကျွန်တော်တို့ အနေနဲ့ အသက်ရင်းပြီးလုပ်မယ်လို့ဆုံးဖြတ်ပြီးလုပ်ခဲ့တာပါ။မန္တလေးမြို့သွေးမအေးပါနဲ့တော်လှန်ရေးရဲဘော်များကို ပူးပေါင်းကူညီပေးပါလို့ပြောချင်ပါတယ်”ဟု ၎င်းက ပြောသည်။

ယင်းတိုက်ခိုက်မှုကို မေလ ၅ရက် နံနက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အထိအခိုက်ကို မသိရသေးကြောင်း ၎င်းက ဆိုသည်။

“ကင်းမှာ သုံးယောက်လောက်ရှိတယ်။အမြန်ပစ်ခဲ့ရတာ။သေနတ်ကလည်း အဟောင်း ။ အကောင်းမဟုတ်တော့ ၅ တောင့်မှာ Error ဖြစ်သွားတာ “ဟု ROM မှ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

မန္တလေးမြို့တွင် လှုပ်ရှားနေသည့် UG များအတွက် အဖွဲ့အစည်းများအနေဖြင့် လက်နက်ထောက်ပံ့ပေးရန် လိုအပ်ကြောင်း ၎င်းက တောင်းဆိုသည်။

မန္တလေးမြို့ရှိ UG အဖွဲ့များကို စစ်ကောင်စီက ရှာဖွေဖမ်းဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်နေသောကြောင့် အချို့ အဖွဲ့မှာ မြို့ကို ခေတ္တ စွန့်ခွာခဲ့ရကြောင်း သတင်းထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ မြိတ်မြို့နယ် မဇောကျေးရွာအုပ်စု တုံးဗျောရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၄)လက်အောက်ခံ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO) က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ လက်နက် ၄လက် သိမ်းရခဲ့တယ်လို့ KNU မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

Facebook