Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်တက်ရောက်ဖွင့်လှစ်ပေးသော ပြန်ကြားရေး၏ ဝါဒဖြန့်အက်ပလီကေးရှင်းကို Apple နှင့် Google တို့ ဖယ်ရှား

စစ်ရာဇဝတ်မှုများကျူးလွန်နေသူ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယမန်နေ့က နေပြည်တော် MICC ခန်းမ၌ ၎င်းတို့၏ ဝါဒဖြန့်မိုဘိုင်းအက်ပလီကေးရှင်းကို မိတ်ဆက်ဖွင့်လှစ် ခဲ့ပြီး တစ်ရက်အကြာတွင် အထက်ပါ အက်ပလီကေးရှင်း store နှစ်ခုစလုံးက ဖယ်ရှားခဲ့ခြင်းဖြစ် သည်။

ဓာတ်ပုံ - The Global New Light Of Myanmar

အကြမ်းဖက်စစ်ကောင်စီ၏ ဝါဒဖြန့်ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်လုပ်သည့် အက်ပလီကေးရှင်းကို Apple ၏ App store နှင့် Google ၏ Play store တို့က ဖယ်ရှားလိုက်ကြောင်း Justice for Myanmar က ထုတ်ပြန်သည်။

ဓာတ်ပုံ – The Global New Light Of Myanmar

စစ်ရာဇဝတ်မှုများကျူးလွန်နေသူ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ယမန်နေ့က နေပြည်တော် MICC ခန်းမ၌ ၎င်းတို့၏ ဝါဒဖြန့်မိုဘိုင်းအက်ပလီကေးရှင်းကို မိတ်ဆက်ဖွင့်လှစ် ခဲ့ပြီး တစ်ရက်အကြာတွင် အထက်ပါ အက်ပလီကေးရှင်း store နှစ်ခုစလုံးက ဖယ်ရှားခဲ့ခြင်းဖြစ် သည်။

အမေရိကန် Apple နှင့် Alphabet(Google ၏ မိခင်ကုမ္ပဏီ)တို့အနေဖြင့် ၎င်းတို့၏ ပလက်ဖောင်းများနှင့် ဝန်ဆောင်မှုပေးနေမှုများမှ မြန်မာစစ်တပ်နှင့် စစ်တပ် ထိန်းချုပ်သောအဖွဲ့အစည်းအားလုံးကို အပြည့်အ၀ပိတ်ဆို့တားမြစ်ရန် တောင်းဆိုမှုကို ထပ်လောင်းအတည်ပြုကြောင်း JFM က ထုတ်ပြန်သည်။

ဓာတ်ပုံ – The Global New Light Of Myanmar

စစ်ကောင်စီသည် ၎င်း၏ ဝါဒဖြန့် MRTV မှတဆင့် မြန်မာပြည်သူလူထုကို စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေးအစိတ်အပိုင်းတစ်ရပ်အဖြစ် သတင်းအမှားများ၊ အမုန်းစကားများကို ဖြန့်ဝေနေ သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံအတွင်းရှိတရုတ်လုပ်ငန်းများနဲ့ ဝန်ထမ်းများရဲ့ လုံခြုံရေးကို အထူးအလေးထားပြီး အစွမ်းကုန် အာမခံချက် ပေးသွားမယ်လို့ အာဏာသိမ်းစစ််ခေါင်းဆောင်းမင်းအောင်လှိုင်က တရုတ်သမ္မတကို ကတိပြုပါတယ်။

သတင်း

တရုတ်ဟာ အိမ်နီးချင်းသံတမန်ဆက်ဆံရေးမှာ မြန်မာကို ဦးစားပေးအဆင့်ထားရှိကြောင်း သမ္မတရှီကျင့်ဖျင်က ဒီနေ့ ဇွန်လ ၁၆ရက်မှာ ပြောကြားပါတယ်။

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဟာ အိန္ဒိယခရီးစဥ်အပြီးတစ်ပတ်ကျော်အကြာမှာ တရုတ်နိုင်ငံကို နိုင်ငံတော်ခရီးစဥ်(State Visit)သွားရောက်မယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊ ပြင်ဦးလွင်မြို့က သုံးတောင်ကျေးရွာမှာ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ အောင်ပြည်စုံရဲ့ကုမ္ပဏီကအဓိကလုပ်​နေတဲ့ရတနာပုံဆိုက်ဘာစီးတီး မြို့သစ်စီမံကိန်းနဲ့ မလွတ်လို့ဆိုပြီး စစ်အုပ်စုက နေအိမ်တွေကို ဘူဒိုဇာနဲ့ထိုးဖျက်ပြီး ထပ်တိုးအနေနဲ့ ကားလမ်းဘေးက ဈေးဆိုင်ခန်းတွေကို လာမယ့် ဇွန်လ ၁၅ရက်နောက်ဆုံးထား ဖျက်ခိုင်းထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။