Connect with us

Hi, what are you looking for?

News

အကြမ်းဖက်စစ်ခေါင်းဆောင်နှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် အချိန်ကောင်းမဟုတ်ဟု KNPP ထုတ်ပြန်

မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုသည် “တစ်နိုင်ငံလုံး လွှမ်းခြုံသည့် တွေ့ဆုံဆွေးနွေးမှု မဖြစ်သကဲ့သို့ လက်ရှိ ဖြစ်နေသည့် နိုင်ငံ၏ နိုင်ငံရေးအကြပ်အတည်း များကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းဖော်ထုတ်မှု မဟုတ်သဖြင့် ဤ ဖိတ်ခေါ်မှုသည် တွေ့ဆုံဆွေးနွေးရန်အတွက် အချိန်ကောင်းမဟုတ်ပေ” ဟု KNPP က ထုတ်ပြန်သည်။

KNPP လက်​အောက်ရှိ ကရင်နီတပ်မ​တော် (KA)တပ်ဖွဲ့ဝင်များ

အကြမ်းဖက်စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်၏ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှု ဖိတ်ခေါ်ချက်သည် တွေ့ဆုံဆွေးနွေးရန် အချိန်ကောင်းမဟုတ်ကြောင်း ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)က ယနေ့ထုတ်ပြန်သည်။

မင်းအောင်လှိုင်၏ ဖိတ်ခေါ်မှုသည် “တစ်နိုင်ငံလုံး လွှမ်းခြုံသည့် တွေ့ဆုံဆွေးနွေးမှု မဖြစ်သကဲ့သို့ လက်ရှိ ဖြစ်နေသည့် နိုင်ငံ၏ နိုင်ငံရေးအကြပ်အတည်း များကို ဖြေရှင်းနိုင်ရန် ကြိုးပမ်းဖော်ထုတ်မှု မဟုတ်သဖြင့် ဤ ဖိတ်ခေါ်မှုသည် တွေ့ဆုံဆွေးနွေးရန်အတွက် အချိန်ကောင်းမဟုတ်ပေ” ဟု KNPP က ထုတ်ပြန်သည်။

ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)ကလည်း အကြမ်းဖက်စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်မည်မဟုတ်ဟု အကြောင်းပြန်ကြား ခဲ့သည်။ပါဝင်သင့်သူအားလုံးပါဝင်နိုင်ပြီး နိုင်ငံ၏အရေးအရာများကို တန်းတူဆွေးနွေးနိုင်မည့် အချိန်အခါ၊ အခင်းအကျင်းရောက်မှသာ KIO/KIA က ပါဝင်ဆွေးနွေးမည်ဟု ထုတ်ပြန်ထားသည်။

လက်ရှိနိုင်ငံရေးအကျပ်အတည်းများကို ဖြေရှင်းနိုင်ရန် တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် တိုင်း ပြည်နှင့်လူထု၏ မျက်နှာအား မျက်မှောက်ပြုကာ ပါဝင်သင့်ပါဝင်ထိုက်သော အင်အားစုများပါဝင်သည့် တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်ရေး KNPP က ​အောက်ပါအချက်သုံးချက်ကိုတောင်းဆိုသည်။

Public Service Announcement

Public Service Announcement

စစ်တပ်၏ နိုင်ငံတဝန်းထိုးစစ်ဆင်မှုများကိုခြွင်းချက်မရှိရပ်တန့်ရန်၊ စစ်အင်အားဖြည့်တင်းမှုများကို ချက်ချင်းရုတ်သိမ်းရန်၊ စစ်ဘေးရှောင်ပြည်သူများကို လွတ်လပ်စွာပံ့ပိုးကူညီနိုင်ရေး ဆောင် ရွက်ခွင့်ပြုရန်နှင့် ပြည်သူလူထုကို မတရားညှင်းဆဲသတ်ဖြတ်ခဲ့သော စစ်ကောင်စီမှ ကျူးလွန်သူ အားလုံးကို အရေးယူရန် အချက်များကို KNPP က တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)ဗဟိုကော်မတီ အရေးပေါ်အစည်းအဝေးကျင်းပပြီး အထွေထွေအတွင်းရေးမှူးနဲ့ အတွင်းရေးမှူး ၂နေရာအတွက် အစားထိုးခန့်အပ်ခဲ့တယ်လို့ KNPPက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှုတွေ ရှိလာရင်တောင်မှ တိုက်ခိုက်မှုတွေကိုတော့ ရုရှားက ရပ်တန့်ထားမှာ မဟုတ်ကြောင်း ရုရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP)ရဲ့ အတွင်းရေးမှူးဦးအောင်ဆန်းမြင့် ကွယ်လွန်သွားတယ်လို့ ကရင်နီဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။