Connect with us

Hi, what are you looking for?

News

ပြည်သူနှင့်အတူ ရပ်တည်မည်ဟု CNF က အာဏာသိမ်းခေါင်းဆောင်၏ ဆွေးနွေးရန်ဖိတ်ခေါ်ချက်အပေါ် တုံ့ပြန်

ပြည်ထောင်စု၏ပြဿနာကို ပါဝင်သင့်သောStakeholder များအားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှုဖြင့် အဖြေရှာရန်လိုအပ်ကြောင်း CNF က ထုတ်ပြန်သည်။

ချင်းအမျိုးသားတပ်ဦး(CNF) အနေဖြင့် ပြည်သူလူထုနှင့်အတူ ရပ်တည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံဆွေးနွေးလိုကြောင်း အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်၏ ပြောဆိုချက်အပေါ် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

CNFသည် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လုပ်ရပ်ကို ကန့်ကွက်ကာ ခုခံတော်လှန်ရေးတိုက်ပွဲများ ဆင်နွှဲနေသည့် ချင်းလက်နက်ကိုင် တပ်ဖြစ်သည်။

CNF/CNA တပ်ဖွဲ့ဝင်များ

ပြည်ထောင်စု၏ ပြဿနာများကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုဖြင့် အဖြေရှာရေးသည် CNF က အစဉ်တစိုက် ပြောဆိုခဲ့သည့် အရာဖြစ်ကြောင်း၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးမည်ဆိုလျင် ပါဝင်သင့်သော Stakeholder များအားလုံး ပါဝင်ရန်၊ နိုင်ငံတကာမှ ကြားဝင်စေ့စပ်ပေးရန်၊ နိုင်ငံရေးပြဿနာများကို အမှန်တကယ် အဖြေရှာရန် လိုအပ်ကြောင်း CNFက ဆိုသည်။

ပြည်ထောင်စု၏ပြဿနာကို ပါဝင်သင့်သောStakeholder များအားလုံး ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးမှုဖြင့် အဖြေရှာရန်လိုအပ်ကြောင်း CNF က ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို​ကြောင့် အာဏာသိမ်းစစ်​ခေါင်း​ဆောင်၏ ဖိတ်ကြားချက်အ​ပေါ် ပြည်သူနှင့်အတူရပ်တည်၍ စစ်​ကောင်စီအားတိုက်ခိုက်​နေ​သော KIO/KIA ၊ KNPP ၊CNF တို့က ​​တွေ့ဆုံဆွေး​နွေးမည်မဟုတ်​ကြောင်းတရားဝင်စာထုတ်ပြန်ပြန်ထုတ်ပြန်ခြင်းဖြစ်ပြီး ၊KNU ကလည်းစစ်​ကောင်စီဖိတ်​ခေါ်မှုကို လက်မခံဟုအတိအလင်း ​ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF) ဇိုဖေ ဌာနချုပ်ကို စစ်တပ်က လေယာဉ်နဲ့ အပြင်းအထန် ဗုံးကြဲခဲ့သလို တိုက်ခိုက်မှုမျိုး အာဏာသိမ်းစစ်တပ်က ထပ်မံ လုပ်ဆောင်လာနိုင်တာကို တွက်ဆထားပြီးဖြစ်ကြောင်း ချင်းအမျိုးသားတပ်ဦး(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က လတ်တလော ပြန်လည်စိုးမိုးထိန်းချုပ်ထားတဲ့ နယ်မြေဒေသ မြို့ရွာတွေဟာ အဆုံးသတ်တိုက်ပွဲမဟုတ်ဘဲ တော်လှန်ရေးဘက်က ပြန်လည်တုံ့ပြန်သွားဖို့ရှိတယ်လို့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

အိုင်ကွန်ကနေ သတိပေးတာကတော့လက်တလောကာလမှာ မသမာသူတွေက မိဘပြည်သူတွေရဲ့ မှတ်ပုံတင်နဲ့ Face ID (မျက်နှာမှတ်တမ်းတင်စနစ်)တွေကို အသုံးပြုပြီးငွေကျပ်ငါးသောင်း မက်လုံးပေးကာ kpay အကောင့်ဖွင့်တဲ့ ဖြစ်စဉ်တွေ ဖြစ်ပွားနေတယ်လို့ ကြေညာပါတယ်။

မေးမြန်းခန်း

CNF/CNAပြောရေးဆိုခွင့်ရှိသူဆလိုင်းထက်နီနဲ့ မေးမြန်းခန်း