Connect with us

Hi, what are you looking for?

News

ဆိုင်ကယ်ရပ်မပေးလို့ ရွာသားတစ်ဦးကို BGF ပူးပေါင်းအဖွဲ့က ပစ်သတ်

လဲ့)အကြားမှာ အရပ်သားတစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကေအဲန်ယူ-ဖားအံမြို့နယ် သံလွင်အနောက်ဘက်ကမ်းဒေသက အရပ်သားတစ်ဦးကို စစ်ကောင်စီနဲ့ နယ်ခြားစောင့်တပ်(BGF)ပူးပေါင်းအဖွဲ့က သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ကေအဲန်ယူက သတင်းထုတ်ပြန်ထားပါတယ်။

မေလ ၅ ရက် မနက် ၁၀ နာရီခန့်က စစ်ကောင်စီနဲ့ BGF ၁၀၁၄ ပူးပေါင်းတပ်ဖွဲ့တွေဟာ ကေအဲန်ယူ-ဒူးသထူခရိုင် တပ်မဟာ ၁ ဖားအံမြို့နယ်ထဲက ထီးကျူကျေးရွာနဲ့ မဲသနကျေးရွာ(ကျေဖာလဲ့)အကြားမှာ အရပ်သားတစ်ဦးကို သေနတ်နဲ့ပစ်သတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီနဲ့ BGF ၁၀၁၄ ပူးပေါင်းတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်ခြင်းခံရတဲ့သူဟာ ထီးကျော်ခီးရွာမှာနေထိုင်တဲ့ အသက်(၄၂) နှစ်အရွယ် စောဖားတရုတ်ဖြစ်ပြီး ကျေးရွာလူကြီးဟောင်းတစ်ဦးလည်းဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာပါရှိတာပါ။

” ဆိုင်ကယ်နဲ့ နွားစာသွားယူတာတဲ့။ BGF နဲ့ စစ်ကောင်စီ ပူးပေါင်းတပ်ဖွဲ့တွေက ဆိုင်ကယ်ကိုရပ်ဖို့လှမ်းပြောတာ ဆိုင်ကယ်သံနဲ့ဆိုတော့ မကြားတာလည်းဖြစ်နိုင်တယ်၊ အဲဒါကို နောက်ကျောဖက်က သေနတ်နဲ့ပစ်တာ တင်ပါးကနေအရှေ့ဖက် ဆီးအိမ်ကို ပေါက်ထွက်ပြီးသေသွားတယ်” လို့ မြေပြင်သတင်းအရင်းမြစ်ကနေသိရကြောင်း ကေအဲန်ယူကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

Public Service Announcement

နယ်ခြားစောင့်တပ် အမှတ် ၁၀၁၄ တပ်ရင်းဟာ ဗိုလ်မှူးမောင်ချစ်ဦးဆောင်တဲ့တပ်ရင်းဖြစ်ပြီး ကေအဲန်ယူ-ဘီးလင်းမြို့နယ်ထဲက ဝင်းတာပန်နဲ့လေးကေဒေသက BHG စခန်းဘက်ကို စစ်ကူပေးဖို့လာရောက်တာဖြစ်တယ်လို့ သိရပါတယ်။

“လေးကေနဲ့ ဝင်းတာပန်စခန်းတွေအတွက် စစ်ကူလာပေးတာလို့သိရတယ်။ သူတို့စထွက်တာက မိတ္ထီလာ (ဘုရားကုန်း) BGF- ၁၀၁၄ စခန်းကနေ ကေအဲန်ယူဖားအံမြို့နယ်ထဲက ထီးကျူရွာ၊ နို့အောလာရွာ အဲဒီကတစ်ဆင့် ဝင်းတာပန်နဲ့ လေးကေ ဖက်ကိုတက်သွားတယ်” လို့ ကေအဲန်ယူ-ဖားအံမြို့နယ် သတင်းတာဝန်ခံပြောပါတယ်။

အဆိုပါ BGF ၁၀၁၄နဲ့ စစ်ကောင်စီပူးပေါင်းတပ်ဖွဲ့တွေဟာ အင်အား ၃၀ ကနေ ၅၀ ခန့်ရှိနိုင်ပြီး စစ်ကူသွားရာလမ်းတလျှောက်က ဒေသခံပြည်သူ အယောက် ၄၀ ကျော်ကို လူသားဒိုင်းအဖြစ်အသုံးချဖို့နဲ့ စားနပ်ရိက္ခာနဲ့ စစ်သုံးပစ္စည်းတွေသယ်ခိုင်းဖို့ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားတာလာလို့ ကေအဲန်ယူရဲ့ ထုတ်ပြန်ထားချက်အရ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့ရှိ စက်သုံးဆီအရောင်းဆိုင်အချို့မှာ မော်တော်ဆိုင်ကယ်တွေကို လိုင်စင်ဒစ်စ်ဝိုင်းမိတ္တူ တင်ပြနိုင်မှသာ ရောင်းချပေးတော့မယ်လို့ သတင်းရရှိပါတယ်။

ဆောင်းပါး

မနက်လင်းပြီဆိုတာနဲ့ ဆိုက်တွဲတစီးနဲ့ ပတ်ထွက်တတ်တဲ့ မန္တလေးမြို့၊ ဆင်ခြေဖုန်းရပ်ကွက်တခုက အသက် ၃၀ ရွယ် ကိုမြင့်(အမည်လွှဲ)တယောက် ဒီကနေ့မနက်မှာတော့ သူ့အိမ်ရှေ့က လမ်းပေါ်မှာ ခြေပစ်လက်ပစ် ထိုင်နေတယ်။

သတင်း

အကြမ်းဖက်စစ်ဆေးမှုများကြောင့် ၂၀၂၃ ဇူလိုင်ကလည်း ၆၂လမ်းနှင့် ၂၆ လမ်းထောင့်တွင် ယာဥ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့သည်။