Connect with us

Hi, what are you looking for?

သတင်း

နေပြည်တော်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းတဲ့လူငယ် ဖမ်းဆီးခံရပြီး စစ်မှုထမ်းထည့်ခံရ

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

(နေပြည်တော်မှာ ဗိုလ်ချုပ်အောင်ဆန်းရုပ်တုအနီး တွေ့ရတဲ့ စစ်တပ်ယာဉ်တွေ။ ဓာတ်ပုံ - EPA)

ဩဂုတ်-၂၅၊၂၀၂၆။မိုမို/People’s Spring

နေပြည်တော်၊တပ်ကုန်းမြို့နယ်မှာ ဆိုင်ကယ်အသံကျယ်လောင်စွာမောင်းလို့ဆိုပြီး ဖမ်းဆီးခံရတဲ့ လူငယ်ဟာ စစ်မှုထမ်းပါသွားခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။

ဆိုင်ကယ်စီး လူငယ်ကို ဆရာစံရပ်ကွက်ယာယီအုပ်ချုပ်ရေးမှူး ထွန်းမြတ်မင်းဦးဆောင်ပြီး နယ်မြေမှူးတွေ ဖြစ်တဲ့ မြင့်စိုးဦး၊ အောင်သူမင်း(ခ)ဆံရှည်၊ထိန်းလင်းနဲ့ အတူ အရံမီးသတ်တွေက ဩဂုတ် ဒုတိယပတ်မှာ ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

“ဘာမှမဟုတ်တဲ့ ပြသာနာတစ်ခုလောက်ကို အကြောင်းပြပြီး စစ်မှုထမ်းပေါ်တာဆွဲနေတာ မလွန်ဘူးလားဆိုတာ သိချင်ပါတယ်”လို့ တပ်ကုန်းမြို့နယ် ဆရာစံကပ်ကွက်နေသူတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ခန့်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှုး ထွန်းမြတ်မင်း ဖမ်းဆီးပြီး စစ်မှုထမ်းစာရင်းထည့်သွင်းခံရတဲ့လူငယ်ဟာ အကြီးကောင် လို့ ခေါ်ဆိုသူလို့ ဆိုပါတယ်။

“အခုအဲဒီကလေးက မိုးဆွေ စစ်အအခြေခံလေ့ကျင့်တပ်ကိုရောက်နေပြီ”လို့ ဖြစ်စဉ်ကို သိရှိသူက ပြောပါတယ်။

မိုးဆွေ စစ်အခြေခံသင်တန်းကျောင်းက (တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း တတက-၂ မိုးဆွေ) နေပြည်တော်၊ဥတ္တရသီရိမြို့နယ်မှာ ရှိပါတယ်။

ဆရာစံရပ်ကွက် ယာယီအုပ်ချုပ်ရေးမှူးထွန်းမြတ်မင်းဟာ စစ်တပ်အာဏာသိမ်းပြီးချိန်နဲ့ စစ်မှုထမ်းဥပဒေပြဌာန်းပြီးနောက်ပိုင်း လူငယ်တွေကို ဖမ်းဆီး ပေါ်တာဆွဲမှုမှာဦးဆောင်သူတစ်ဦးအဖြစ် ဒေသခံတွေက ရှုမြင်ကြပါတယ်။

၂၀၂၄ ဖေဖော်ဝါရီကစပြီး ပြည်သူ့စစ်မှုထမ်းဥပဒေကို အာဏာသိမ်းစစ်တပ်က အသက်သွင်းခဲ့ပြီးနောက် အပတ်စဉ် တစ်ခုကို လူဦးရေ ၅,၀၀၀ နှုန်းနဲ့ အဓမ္မတပ်သားသစ်စုဆောင်းနေရာ လက်ရှိမှာ အပတ်စဉ် (၂၈)အထိ ရောက်နေပြီဖြစ်ပါတယ်။

စစ်တပ်ဟာ မြေပြင်တိုက်ပွဲတွေမှာ ဆုံးရှုံး‌နေရတဲ့ တပ်အင်အားအတွက် စစ်မှုထမ်းဥပဒေအကြောင်းပြပြီးစစ်တပ်နဲ့ စစ်တပ်လက်အောက်ခံအဖွဲ့အစည်းတွေ ပေါ်တာဆွဲနေတဲ့အပေါ် လူငယ်တွေအနေနဲ့ ရှောင်ရှားကြဖို့လည်း တော်လှန်ရေးတပ်တွေက တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

အတွေးအမြင်

ပြီးခဲ့တဲ့စက်တင်ဘာ ၂၈ ရက်က လေယာဉ်နဲ့ဗုံးကြဲခံရတဲ့ကျောက်တော်ဖြစ်စဉ်ဟာ ရခိုင်မှာ လူအသေအပျောက် အများဆုံးဖြစ်စဉ်ဖြစ်ခဲ့ပါတယ်။ကမ္ဘာကပါ အံ့အားသင့်မင်တက်ခဲ့ရတဲ့ လူ ၅၀ ​ကျော်သေဆုံးပြီး ၅၇ ဦီးဒဏ်ရာရရှိခဲ့တဲ့ အဲဒီဖြစ်ရပ်နောက်ပိုင်းမှာလည်း အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ဖက်ဆစ်စစ်တပ်ဟာ နေရာအနှံ့ ဗုံးကြဲမပျက်၊ အကြမ်းဖက်မပျက်ဘဲသူ့ရဲ့ဆိုးယုတ်တဲ့ဂုဏ်ကိုဆက်လက်ဆုပ်ကိုင်ထားဆဲပါ။

သတင်း

လူငယ်တွေ နည်းလမ်းစုံသုံး ရှောင်ရှားကြဖို့ လိုအပ်ကြောင်း NUG ကာကွယ်ရေး တိုက်တွန်း

သတင်း

မန္တလေးမြို့က ကလေးဆေးရုံကြီးမှာ ဆေးရုံလာတက်တဲ့ ရွှေဘိုမြို့နယ်က ကလေးတွေရဲ့ဖခင် ဖြစ်သူ ၂ဦး ပေါ်တာဆွဲခံရလို့ ပျောက်ဆုံးနေတယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ စစ်အုပ်စုက လူထုဆီက အတင်းအကျပ်တောင်းယူခဲ့တဲ့ ကျပ်သိန်း၃၅၀နဲ့ လူငယ်တစ်ဦးကို ဝယ်ပြီး စစ်မှုထမ်းသင်တန်းဆီ ပို့ဆောင်လိုက်တယ်လို့ သတင်းရရှိပါတယ်။