Connect with us

Hi, what are you looking for?

News

နယ်​​မြေစိုးမိုး​ရေး၊ စစ်အုပ်စုနှင့် ၎င်းတို့ထုတ်ကုန်များသယ်ယူပို့​ဆောင်ခြင်းမပြု​စေရန် ဂန့်​ဂေါ – က​လေးလမ်းပိုင်းအား ပြည်သူ့ကာကွယ်​ရေးတပ်များ စစ်​ဆေး​ဆောင် ရွက်

တားမြစ်ကုန်ပစ္စည်းများနှင့် ကန့်သတ်ကုန်ပစ္စည်းများသယ်ယူတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေပြင်ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဆေးဆုံးဖြတ်အရေးယူမည်ဟု အသိပေးသည်။

မကွေးတိုင်း၊ ဂန့်ဂေါ – ကလေးလမ်းပိုင်းတွင် စစ်ကောင် စီတပ်များနှင့် နယ်ခံပျူစောထီးများ ဖြတ်သန်းသွားလာခြင်းမပြုနိုင်စေရန်နှင့် တားမြစ်ထုတ်ကုန်များသယ်ယူခြင်းများမရှိစေရန် စစ်ဆေးနေကြောင်း Phoenix Defence Battalionက ယနေ့(မေ ၇ ရက်)ထုတ်ပြန် သည်။

အဆိုပါ စစ်ဆေးမှုကို ယမန်နေ့ (မေ ၆ရက်)ကစတင်၍ နယ်မြေစိုးမိုးမှုရယူကာ ဂန့်ဂေါမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များ စုပေါင်းဆောင်ရွက်နေသည်ဟု ဆိုသည်။

“အဓိကတော့ စခတွေတပ်စွဲထားတဲ့ ပျူရွာတွေကို စားနပ်ရိက္ခာလမ်းကြောင်း ပိုဖြတ်တောက်မယ်။ပြီးတော့ ဒီထက်စနစ်ကျအောင် စစ်ဆေးရေးဂိတ်အချို့ပါ ကျွန်တော်တို့ စီစဥ်နေပါတယ်”ဟု Phoenix Defence Battalion တာဝန်ရှိသူက People’s Springသို့ ပြောသည်။

တားမြစ်ကုန်ပစ္စည်းများနှင့် ကန့်သတ်ကုန်ပစ္စည်းများသယ်ယူတွေ့ရှိပါက သက်ဆိုင်ရာမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များနှင့် မြေပြင်ပူးပေါင်းတပ်ဖွဲ့များမှ စစ်ဆေးဆုံးဖြတ်အရေးယူမည်ဟု အသိပေးသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ၎င်းတို့နှင့်ဆက်နွယ်သည့် ထုတ်ကုန်များကို တင်သွင်း၊သယ်ယူ၊ရောင်းချခြင်းမပြုကြောင်း ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယခုနှစ်ဆန်းပိုင်းကစ၍ ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊မြင်းမူမြို့နယ်၊ဂုံညင်းဆိပ်တိုက်နယ်ပကဖတာဝန်ခံ မြတ်စိုးနဲ့ဇနီးဖြစ်သူတို့ စစ်အုပ်စုနဲ့ ပူးပေါင်းသွားပြီးနောက် တော်လှန်ရေးတပ်တွေရဲ့အခွန်ဂိတ်တွေကို စစ်တပ်က‌ လေကြောင်းကဗုံးကြဲတာ​ကြောင့် ကျေးရွာ၇ရွာခန့်ကပြည်သူတွေ ရှောင် တိမ်း နေကြရတယ်လို့ဒေသခံ တွေကပြောပါတယ်။