Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုကို အာဆီယံထိပ်သီးညီလာခံ တက်ခွင့်ပြုရေး၊ မပြုရေး အဖွဲ့ဝင်နိုင်ငံတွေ နိုဝင်ဘာညီလာခံမှာ ဆွေးနွေးဖွယ်ရှိ

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

(ထိုင်းဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်။ ဓာတ်ပုံ - Reuters)

အောက်တိုဘာ-၂၆၊ ၂၀၂၆။ People’s Spring

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးကတည်းက အာဆီယံထိပ်သီးညီလာခံတက်ရောက်ခွင့် ပိတ်ပင်ခံထားရတဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ လာမယ့်နိုဝင်ဘာမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေရဲ့ ဆွေးနွေးမှုတွေကို မျှော်လင့်ထားတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

လာမယ့်နိုဝင်ဘာမှာ အာဆီယံအလှည့်ကျဥက္ကဋ္ဌနိုင်ငံ ဖိလစ်ပိုင်၊ မနီလာမြို့မှာ အာဆီယံထိပ်သီးညီလာခံကျင်းပဖို့ ရှိနေပြီး အဲဒီညီလာခံမှာ မြန်မာနိုင်ငံရဲ့အနာဂတ်နဲ့ပတ်သက်လို့ အဖွဲ့ဝင်နိုင်ငံတွေ ဆွေးနွေးမှုတွေ ပြုလုပ်လိမ့်မယ်လို့ နိုင်ငံခြားရေးဝန်ကြီး ဆီဟာဆက်က ပြောပါတယ်။

“မြန်မာနိုင်ငံ အထီးကျန်ဖြစ်နေတာကို ကျွန်တော်တို့ မမြင်ချင်ပါဘူး။ မြန်မာဟာ ပထဝီနိုင်ငံရေးအားပြိုင်မှုအတွက် စစ်မျက်နှာတစ်ခု မဖြစ်စေချင်ပါဘူး”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နောက်ပြီး ထိုင်းနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနဲ့ အာဏာသိမ်းစစ်အုပ်စု(မူရင်းမှာ အမေရိကန်-မြန်မာ)ထိတွေ့ဆက်ဆံမှုကို ကြိုဆိုတယ်လို့ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်သူ ဆီဟာဆက် ပြောပါတယ်။

အမေရိကန်နဲ့ မြန်မာစစ်တပ်ကျောထောက်နောက်ခံပြုအစိုးရတို့ဟာ လွန်ခဲ့တဲ့နှစ်ပတ်က ဂျပန်နိုင်ငံ၊ တိုကျိုမြို့မှာ တွေ့ဆုံဆွေးနွေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ အဲဒီဆွေးနွေးမှုဟာ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး အာဏာသိမ်းမှုအပြီး စစ်ဗိုလ်ချုပ်တွေကို ဖယ်ကြဥ်ခဲ့ရာကနေ ဝါရှင်တန်က ပြန်လည်ထိတွေ့ဆက်ဆံလာမှု တိုးမြှင့်လာတယ်လို့ ရှုမြင်သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

“အမေရိကန်ရဲ့ထိတွေ့ဆက်ဆံမှုကို ကျွန်တော်တို့ ကြိုဆိုပါတယ်”လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။

ထိတွေ့ဆက်ဆံမှုက စစ်အစိုးရကို တရားဝင်မှုပေးခြင်းမဟုတ်ဘဲ အတိုက်အခံတွေနဲ့ ပြန်လည်သင့်မြတ်ရေး၊ ပဋိပက္ခငြိမ်းချမ်းအဖြေရှာရေးကို တွန်းအားပေးဖို့ ရည်ရွယ်ကြောင်း အထက်ပါထိုင်းဒုတိယဝန်ကြီးချုပ်က ဆိုပါတယ်။

အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဟာ ၂၀၂၆ ဧပြီမှာ စစ်တပ်လွှတ်တော်က ခန့်အပ်တဲ့ နိုင်ငံတော်သမ္မတရာထူး ရယူအပြီး ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်နဲ့ မလေးရှား နိုင်ငံများကို သွားရောက်ခဲ့ပြီး အာဆီယံနိုင်ငံအချို့ရဲ့ ရပ်တည်ချက်ပြောင်းလဲလာခဲ့တယ်လို့ ဆီဟာဆက်က ပြောပါတယ်။ ဒါပေမဲ့ အာဆီယံမှာ မြန်မာကို အပြည့်အဝပြန်လည်ကိုယ်စားပြုခွင့် ပြန်ပေးရေးကိစ္စကို မနီလာထိပ်သီးညီလာခံက ဘယ်လိုဆုံးဖြတ်မလဲ မသိရသေးဘူးလို့ သူက ဆက်ပြောပါတယ်။

မြန်မာ့ဒီမိုကရေစီအရေး၊​လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ၊ နိုင်ငံရေးသမားတချို့ကတော့ အာဏာသိမ်းစစ်ခေါင်းဆောင်တွေကို အာဆီယံက အလောတကြီး အသိအမှတ်ပြုမှုပေးခြင်း၊ ထိတွေ့ဆက်ဆံခြင်း မပြုဘဲ စစ်တပ်ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ဦးစွာပြုလုပ်ဖို့ လိုအပ်ကြောင်း ထောက်ပြထားပါတယ်။

ကိုးကား – Reuters

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

သတင်း

စစ်အုပ်စုဖွင့်ထားတဲ့ CI စခန်းလာလုပ်သူမရှိဟုဆို

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောကြားပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်အုပ်စုက ကာကွယ်ရေးဝန်ကြီးကိုအပြောင်းအလဲလုပ်သလို ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာကိုလည်း လူ​ပြောင်းလိုက်ပါတယ်။ဒါ့အပြင် ဗိုလ်ချုပ်အဆင့် နဲ့ တိုင်းမှူးအဆင့်တွေအပါအဝင် စစ်တပ်ထိပ်ပိုင်း ရာထူး​တွေကိုအပြောင်းအလဲထပ်လုပ်လိုက်ပြန်ပါတယ်။