Connect with us

Hi, what are you looking for?

News

ဆေးမင်းတောရဲစခန်းအားစွန့်ခွာလာသည့် ရဲနှင့် စစ်သား ပူးပေါင်းစစ်ကြောင်းကို ထီးလင်း YDF မိုင်းဆွဲတိုက်ခိုက်၊ ၁၀ဦးခန့်သေဆုံးနိုင်ဟု ထုတ်ပြန်

မေလ ၇ရက်က ဆေးမင်းတောရဲစခန်းမှ ရဲအင်အား ၄၀ ခန့်နှင့် အင်အား ၈၀ခန့်ပါ စစ်ကောင်စီ၏ တပ်မ (၁၁) ပူးပေါင်းစစ်ကြောင်းကို နေ့လယ် ၁နာရီ ၄၅မိနစ်တွင် ဇီးတောရွာအနီး၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

(YDF ၏ မိုင်းဘီလူးအား ​တွေ့ရစဥ်)

မကွေးတိုင်း ထီးလင်းမြို့နယ် ဆေးမင်းတောရဲစခန်းကို စွန့်ခွာရွှေ့ပြောင်းလာသည့် ရဲနှင့် စစ်သားပူးပေါင်း စစ်ကြောင်းကို ယနေ့ နေ့လယ်ပိုင်းက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ၁၀ဦးခန့်သေဆုံးနိုင်ကြောင်း ထီးလင်း ယောဒေသကာကွယ်ရေးတပ်(YDF)က သတင်းထုတ်ပြန်သည်။

မေလ ၇ရက်က ဆေးမင်းတောရဲစခန်းမှ ရဲအင်အား ၄၀ ခန့်နှင့် အင်အား ၈၀ခန့်ပါ စစ်ကောင်စီ၏ တပ်မ (၁၁) ပူးပေါင်းစစ်ကြောင်းကို နေ့လယ် ၁နာရီ ၄၅မိနစ်တွင် ဇီးတောရွာအနီး၌ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ထိုသို့ တိုက်ခိုက်ရာတွင် ထီးလင်း YDFမှ ယမ်းပိဿာ ချိန်(၃၀)ခန့်ထည့်သွင်းပြုလုပ်ထားသော မိုင်းဘီလူးနှစ်လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၁၀ဦးခန့် သေဆုံးပြီး အများအပြားထိခိုက်နိုင်ကြောင်း၊ ထိုမိုင်းဆွဲတိုက်ခိုက်မှုကို ဝါရင့်မိုင်းဆရာဗိုလ်လင်းဘကြီးမှ အနီးကပ်ကွပ်ကဲခဲ့ခြင်းဖြစ်ပြီး ဒရုန်းနှင့်မှန်ပြောင်းအသုံးပြုကာ ကင်းထောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ပစ်မှတ်ရွေးချယ်ရာတွင်လည်း စစ်ကောင်စီတပ်၏ ရှေ့ပွိုင့်ကျော်အပြီး အလယ်ပွိုင့်တွင်ပါလာတတ်သည့် ယအရာရှိများကို ဦးတည်ဆွဲခဲ့ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် သေဆုံးထိခိုက်သူများထဲ၌ အရာရှိများ ပါနိုင်ခြေရှိကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

မိုင်းသည် ပေါက်ကွဲအားပြင်းထန်၍ အခင်းဖြစ်ရာနေရာနှင့် ဆယ်မိုင်ခန့်ကွာဝေးသောကျေးရွာများရှိအိမ်များပါတုန်၍ ဆယ့်ငါးမိုင်ခန့်အထိ ပေါက်ကွဲသံကျယ်လောင်စွာကြားလိုက်ရ ကြောင်း ဒေသခံများက ဆက်သွယ်ပြောကြားလာသည်ဟုဆိုသည်။

စစ်ကောင်စီတပ် စစ်ကြောင်းအနေဖြင့် ရမ်းသမ်းပစ်ခတ်မှုပင် မလုပ်နိုင်ဘဲ မိုင်းဆွဲမှုအပြီး နာရီဝက်ခန့်ကြာမှသာ စစ်ကြောင်းနြပ်လည်ချီတက်ကာ ဇီးတောရွာ၌ တပ်စွဲနေကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုတွင် ထီးလင်း YDF မှ ရဲဘော်များ အထိအခိုက်မရှိကြောင်း၊ စစ်ကောင်စီတပ်စစ်ကြောင်းကို မိုင်းဆွဲရုံသာမက ပစ်အားသုံး၍ တိုက်ခိုက်ပါက ပို၍ ထိခိုက်သေဆုံးများနိုင်သော်လည်း ကျည်နှင့် ခဲယမ်း အခက်အခဲကြောင့် မိုင်းဆွဲတိုက်ခိုက်မှုသာ ဆောင်ရွက်နိုင်ခဲ့ကြောင်း အသိပေးထားပြီး ပြည်သူများ ဝိုင်းဝန်းကူညီကြရန် ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ထီးလင်းမြို့နယ်မှာ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ရဲ့ ဗိုလ်မှူး ရုပ်အလောင်း တွေ့ရှိပြီး အဲဒီဒေသတိုက်ပွဲတွေအတွင်း အရာရှိ အဆင့်သေဆုံးသူ ၄ ဦးရှိပြီလို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။