Connect with us

Hi, what are you looking for?

News

ကရင်နီတွင်စစ်​ကောင်စီယာဥ်တန်းကိုပူး​ပေါင်းတပ်တိုက်ခိုက်စစ်သား ၂၀ ခန့်​​သေ

သေဆုံးနေသည့်စစ်ကောင်စီတပ်သားအလောင်းများနှင့် ဒဏ်ရာ ရရှိသော စစ်ကောင်စီတပ်သားတစ်ဦးကို ဗီဒီယိုဖိုင်၌ တွေ့ရှိရသည်။အလားတူ စစ်ကောင်စီတပ်ကားလေးစီး ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ကိုလည်း​တွေ့ရသည်။

စစ်​ကောင်စီတပ်သားအချို့ကို အရှင်ဖမ်းဆီးနိုင်ခဲ့သည်။

စစ်​ကောင်စီတပ်သားအချို့ကိုဖမ်းဆီးနိုင်ခဲ့ပြီးလက်နက်ခဲယမ်းများလည်းသိမ်းဆည်းရရှိ၊စစ်ကား​လေးစီးကိုဖျက်ဆီး

ကရင်နီ(ကယား)ပြည်နယ်တွင် စစ်ကောင်စီယာဥ်တန်းကို ကရင်နီပြည်နယ်ရှိပူး​ပေါင်းတပ်များကတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၂၀ ဦးခန့်သေဆုံးကာအချို့ကိုအရှင်ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ခဲယမ်းအချို့သိမ်းဆည်းရမိကြောင်း Kayah Li Phu Channel က ထုတ်ပြန်သည်။

စစ်​ကောင်စီတပ်သား ၂၀ ခန့်​သေဆုံးခဲ့သည်။

တိုက်ပွဲမှာ ယနေ့(မေ ၇ ရက်) ကဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး တိုက်ပွဲ ဖြစ်စဥ်နေရာကိုမူ ဖော်ပြမထားပေ။ ကရင်နီတပ်မ​တော်-KA နှင့် KNDF ပူး​ပေါင်းတပ်ကတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း​ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်​သော ကန္တာရဝတီတိုင်းမ်က​ဖော်ပြသည်။ဖရူဆိုမြို့နယ်တစ်​နေရာတွင် ဖြစ်​ကြောင်း​ဒေသခံအချို့က​ပြော​သော်လည်းသီးခြားအတည်မပြုနိုင်​သေးပါ။

စစ်​ကောင်စီတပ်ကားကို မီးရှို့ဖျက်ဆီးစဥ်

သေဆုံးနေသည့်စစ်ကောင်စီတပ်သားအလောင်းများနှင့် ဒဏ်ရာ ရရှိသော စစ်ကောင်စီတပ်သားတစ်ဦးကို ဗီဒီယိုဖိုင်၌ တွေ့ရှိရသည်။အလားတူ စစ်ကောင်စီတပ်ကားလေးစီး ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်ကိုလည်း​တွေ့ရသည်။

Public Service Announcement

Public Service Announcement

ယခုတိုက်ပွဲ မှတ်တမ်း၏ အသေးစိတ်အချက် အလက်များ သိရှိနိုင်ရန် ကရင်နီတပ်ပေါင်းစုများထံ People’s Spring အနေဖြင့် ဆက်သွယ်နေဆဲ ဖြစ်သည်။

ယခုလ ၄ ရက်ကလည်း ဘောလခဲမြို့နယ်၌ အကြမ်းဖက်စစ်ကောင်စီယာဥ်နှစ်စီးကို ကရင်နီတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နိုင်ခဲ့ပြီး ခဲယမ်းအချို့ရရှိကာ စစ်ကားနှစ်စီးကို မီးရှို့ဖျက်ဆီးနိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

Facebook