Connect with us

Hi, what are you looking for?

News

လက်နက်နှင့်အတူအလင်းဝင်လာပါက ကျပ်သိန်း ၅၀ပေးမည်ဟု ထုတ်ပြန်

လက်ရှိတွင် ဒေသအသီးသီးရှိ စစ်ကောင်စီတပ်သားများ၊ စစ်မြေပြင်ရှိ စစ်ကောင်စီတပ်သားများသည် စစ်ကောင်စီကိုစွန့်ကာ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များထံ ပူးပေါင်းလာမှုများရှိသည်။

YDFထံဆက်သွယ်ပြီး CDMပြုလုပ်သည့် စစ်ကောင်စီတပ်သား နှစ်ဦးရှိ

စစ်ကောင်စီထံမှရုန်းထွက်ပြီး ယောဒေသကာကွယ်ရေးတပ်(YDF)ထံသို့ ဆက်သွယ်ကာ ပြည်သူ့ဘက်ပူးပေါင်းလာသည့် CDM စစ်သား နှစ်ဦးရှိလာကြောင်း YDFက ယနေ့ ထုတ်ပြန်ခဲ့ပြီး လက်နက်နှင့်အတူ အလင်းဝင်လာပါက ကျပ်သိန်း ၅၀ဆုချီးမြှင့်မည်ဟု ကြေညာသည်။

ပြီးခဲ့သည့်ရက်ပိုင်းက ထီးလင်းမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီ၏ တပ်မ (၁၁)မှတပ်ကြပ် ရန်ရှိန်းထန်းသည် ကင်းတာဝန်ကျချိန်တွင် လက်နက်ထားခဲ့ပြီး ထီးလင်းYDF ထံသို့ အလင်းဝင်လာခဲ့ရာ ကောင်းမွန်စွာ စောင့်ရှောက်ပြီးလွတ်မြောက်ရာဒေသသို့ ပို့ဆောင်ခဲ့သည်ဟု ဆိုသည်။

ဧပြီ ၁၅ရက်ကလည်း စစ်ကောင်စီတပ်၏ ကာကွယ်ရေးပစ္စည်းထုတ်လုပ်ရေးစက်ရုံ(ကပစ) တပ်မှ တပ်သားဇော်ဖြိုးသည် စစ်ကောင်စီတပ်ကိုစွန့်ခွာကာ ထီးလင်း YDF ထံ ခိုလှုံခဲ့ရာအဆိုပါ တပ်သားကိုလည်း လွတ်မြောက်ရာနေရာသို့ ပို့ဆောင်ပေးခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူ့ထံ လက်နက်ချ အလင်းဝင်လာသူမည်သူ့ကိုမဆို နွေးထွေးစွာ ကြိုဆိုသွားမည် ဖြစ်ပြီး၊ လွတ်မြောက်ရော နေရာအထိ ကောင်းမွန်စွာရောက်ရှိနိုင်အောင် စီစဉ်ပေးသွားမည်ဖြစ်ပြီး အကယ်၍ စစ်လက်နက်ပစ္စည်း အပြည့်အစုံနှင့် လက်နက်ချအလင်းဝင်လာပါက တစ်ဦးလျှင် ဆုကြေးငွေ သိန်း (၅၀) ပေးအပ်မည်ဟု YDFက ကြေညာခဲ့သည်။

လက်ရှိတွင် ဒေသအသီးသီးရှိ စစ်ကောင်စီတပ်သားများ၊ စစ်မြေပြင်ရှိ စစ်ကောင်စီတပ်သားများသည် စစ်ကောင်စီကိုစွန့်ကာ သက်ဆိုင်ရာ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များထံ ပူးပေါင်းလာမှုများရှိသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံမှာ အစွမ်းထက်တဲ့ လက်နက်စနစ် တစ်ခု ပိုင်ဆိုင်လာပြီလို့ မြောက်ကိုရီးယား အဓိပတိကြီး ကင်မ်ဂျုံအွန်းက ကြွေးကြော်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်တွေ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေထံ အလင်းဝင်တာ၊ လက်နက်ချတာတွေ ဆက်လက်ရှိနေပြီး စက်တင်ဘာပထမပတ်အတွင်းမှာ အလင်းဝင်၊ လက်နက်ချ၊ စစ်သုံ့ပန်း စစ်သားနဲ့ ရဲ၊ ပြည်သူ့စစ် စုစုပေါင်း ၁၂၈ဦး ရှိဟု ပြည်သူ့ပန်းတိုင်က ထုတ်ပြန်ပါတယ်။

Facebook