Connect with us

Hi, what are you looking for?

News

အာဆီယံရဲ့ ကူညီထောက်ပံ့မှုအစီအစဉ် စစ်ကောင်စီအတွက်သာ အကျိုးဖြစ်စေမယ်လို့ SAC-M ထောက်ပြ

မြန်မာနိုင်ငံကအကူအညီလိုအပ်နေသူတွေထံကို အာဆီယံအနေနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးရာမှာလည်း စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဒေသတွေကိုသာ ဖြန့်ဝေခွင့်ရမှာဖြစ်တယ်လို့ SAC -M ကဆိုထားပါတယ်။

အာဏာသိမ်းပြီးနောက် ကယားပြည်နယ်အတွင်း နေရပ်စွန့်ခွာတိမ်းရှောင်နေရသူ ဒေသခံတစ်ဦး

မြန်မာနိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရာမှာ အာဆီယံအနေနဲ့ စစ်ကောင်စီကိုထိန်းချုပ်ခွင့်ပေးလိုက်တာဟာ စစ်ကောင်စီအတွက် သာ အကျိုးရှိစေမယ်လို့ ကုလသမဂ္ဂအရေးကျွမ်းကျင်သူတွေနဲ့ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေးကောင်စီ (SAC-M)က ထုတ်ပြန်ပါတယ်။

ဒီလို ကူညီထောက်ပံ့ရေးမှာ စစ်ကောင်စီကို ကိုင်တွယ်ခွင့်ပေးတာဟာ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရေးအခြေခံကျတဲ့ စည်းမျည်းတွေကိုမလေးစားရာရောက်တယ်လို့ လည်း SAC -M က ထောက်ပြထားပါတယ်။

မေလ ၆ ရက်က ကမ္ဘောဒီးယားနိုင်ငံ ၊ဖနွမ်းပင်မှာ မြန်မာနိုင်ငံကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးနိုင်ရေး အာဆီယံဆိုင်ရာအတိုင်ပင်ခံအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။ အဲဒီအစည်းအဝေးကို စစ်ကောင်စီရဲ့အပြည်ပြည်ဆိုင်ရာဝန်ကြီး တက်ခွင့်ရခဲ့သလိုအာဆီယံကနေ ပေးအပ်မယ့် အကူအညီတွေကို စစ်ကောင်စီက တဆင့်သွားဖို့သဘောတူညီခဲ့ကြတာပါ။

မြန်မာနိုင်ငံကအကူအညီလိုအပ်နေသူတွေထံကို အာဆီယံအနေနဲ့ ကူညီကယ်ဆယ်ရေးပစ္စည်းတွေ ပံ့ပိုးရာမှာလည်း စစ်ကောင်စီက သတ်မှတ်ထားတဲ့ ဒေသတွေကိုသာ ဖြန့်ဝေခွင့်ရမှာဖြစ်တယ်လို့ SAC -M ကဆိုထားပါတယ်။

Public Service Announcement

Public Service Announcement

မြေပြင်အခြေအနေအရ အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ အကူအညီလိုအပ်နေသူ ၁၄ သန်းကျော်ရှိပြီး လူပေါင်း ၈ သိန်းကျော်ဟာနေရပ်စွန့်ခွာတိမ်းရှောင်နေရပါတယ်။ အကူအညီလိုအပ်နေသူအများစုဟာ ပဋိပက္ခဖြစ်ပွားရာဒေသတွေနဲ့ နယ်စပ်ဒေသတွေမှာ ရှိနေကြပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ နယ်စပ်ဖြတ်ကျော်ပြီး အကူအညီပစ္စည်းတွေထောက်ပံ့တာကို ငြင်းဆန်ထားပါတယ်။

ဒါကြောင့် အာဆီယံအနေနဲ့ လူသားချင်းစာနာထောက်ထားမှုအကူအညီပေးရာမှာ ထိရောက်ဖို့အတွက် NUG အပါအဝင် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ဆွေးနွေးတိုင်ပင် ပူးပေါင်းလုပ်ဆောင်သင့်တယ်လို့ SAC- M က အကြံပြုထားပါတယ်။

ဓာတ်ပုံ − AP

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

ဆောင်းပါး

မြန်မာစစ်အုပ်စုဟာ ဟွန်ဒီငွေလွှဲလုပ်ငန်း လုပ်ကိုင်သူတွေကို နှိမ်နင်းမှု ပိုမိုအရှိန်မြှင့် လုပ်ဆောင်လာပြီး၊ အဲဒီလုပ်ရပ်ကို ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအစီအမံတစ်ခုအဖြစ် ပုံဖော်ပြောဆိုနေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ ဟွန်ဒီကွန်ရက်တွေဟာ မြန်မာရွှေ့ပြောင်းလုပ်သားတွေရဲ့ မိသားစုဆီ ငွေလွှဲပို့တာ၊ ပုံမှန်ဘဏ်စနစ်နဲ့ မလုပ်နိုင်တဲ့ ကုန်သွယ်ရေးငွေပေးချေမှုတွေ၊ စစ်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပို့ဆောင်ရာမှာ အလွန်အရေးပါတဲ့...

သတင်း

ပြည်သူတွေကို သတ်ဖြတ်ဖို့အတွက် ဒရုန်းနည်းပညာကို အသုံးပြုနေတဲ့ စစ်တပ်ကို အာဆီယံဒေသဆိုင်ရာဖိုရမ်(ARF) ရဲ့ မောင်းသူမဲ့လေယာဉ်စနစ်- ဒရုန်းဆိုင်ရာ အလုပ်ရုံဆေးနွေးပွဲကို တက်ရောက်ခွင့် မပေးဖို့ Justice For Myanmar-JFM က တောင်းဆိုလိုက်ပါတယ်။

သတင်း

မ​​လေးရှား​က သူ့နိုင်ငံ​ရောက်​နေတဲ့ရိုဟင်ဂျာနှစ်သိန်း​လောက်ကို မြန်မာကိုပြန်ပို့ချင်​နေတာဖြစ်ပါတယ်။

Facebook