Connect with us

Hi, what are you looking for?

News

ရေစကြိုမြို့နယ် ရေလယ်ကျွန်းတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် စစ်ကောင်စီတပ် နှစ်ကြိမ်တိုက်ခိုက်ခံရ

ရေစကြိုနယ်အခြေစိုက် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကာ ထိခိုက်သူများအား ထမ်းပိုးခေါ်ဆောင်သွားရကြောင်း ၎င်းအဖွဲ့က ပြောသည်။

ရေလယ်ကျွန်းရှိကျေးရွာတစ်ရွာအား အကြမ်းဖက်စစ်တ​ပ်က မီးရှို့ဖျက်ဆီးနေစဥ်။

မကွေးတိုင်း၊ ရေစကြိုမြို့နယ် ရေလယ်ကျွန်းဒေသတွင် ကျေးရွာများအား မီးရှို့ဖျက်ဆီးနေသည့် အကြမ်းဖက်စစ်ကောင်စီတပ်များ နှစ်ကြိမ်တိုင်တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(မေလ ၁၀ရက်) ရေလယ်ကျွန်းဒေသသို့ ဝင်ရောက်လာပြီး မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတပ်အား ညနေ ၃နာရီခွဲက မြေတော်ကျေးရွာအဝင်တွင် ပဒေသာမိုင်း​တွဲဖြင့် တိုက်ခိုက်ခံခဲ့ရသည်။

ရေစကြိုနယ်အခြေစိုက် သိန်းငှက်ပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများနိုင်ကာ ထိခိုက်သူများအား ထမ်းပိုးခေါ်ဆောင်သွားရကြောင်း ၎င်းအဖွဲ့က ပြောသည်။

ရေလယ်ကျွန်းဒေသ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးအား တွေ့ရစဥ်။

ထိခိုက်သေဆုံးမူအရေအတွက်ကို အတိအကျမသိရှိသေးဘဲ စုံစမ်းထုတ်ပြန်ပေးမည်ဟု သိန်းငှက်ပြောက်ကျားတပ်ဖွဲ့က ဆိုသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

နံနက် ၁၀နာရီခွဲခန့်ကလည်း မဲကုန်းရွာကို မီးရှို့ဖျက်ဆီးနေသော အကြမ်းဖက်စစ်ကောင်စီတ​ပ်ကို ရေလယ်ကျွန်းပြည်သူ့ကာကွယ်ရေးတပ်နှင့် MG6 ပြောက်ကျားတပ်တို့ပူးပေါင်းကာ ခုခံတိုက်ခိုက်ခဲ့ကြရာ မိနစ် ၄၀ခန့် အပြန်အလှန်ပစ်ခတ်ခဲ့ကြသ​ည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့များက ​ပြောသည်။

အကြမ်းဖက်အုပ်စုဘက် ထိခိုက်မှုအခြေအနေမသိရသေးဘဲ ရဲဘော်များထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့သည်ဟု ရေလယ်ကျွန်းဒေသပြည်သူ့ကာကွယ်ရေးတပ်ပေါင်းစုတပ်ရင်းက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ယနေ့ နံနက် ၇ နာရီခန့်မှစတင်ကာ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ မိဖုရားကျေးရွာ၊ မဲကုန်းကျေးရွာများအပါအဝင် ကျေးရွာငါးရွာခန့်အား စစ်ကြောင်းနှစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။