Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ခေါင်းဆောင်များနှင့် အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများအပေါ် ချမှတ်ထားသော ကန့်သတ်တားမြစ်ချက်များကို အီးယူ သက်တမ်းတစ်နှစ်တိုးမြှင့်

အဆိုပါ သက်တမ်းတိုးခြင်းသည် မြန်မာနိုင်ငံတွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဦးဆောင်တဲ့အဖွဲ့ ရှရှားနိုင်ငံတွင်ကျင်းပသည့် International Army Games - 2021 ပိတ်ပွဲအခမ်းအနားကိုတက်ရောက်ရန် ၂၀၂၁ စက်တင်ဘာလ ၁ ရက် သွားရောက်စဥ်)

ဥရောပသမဂ္ဂသည် စစ်အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများအား ကန့်သတ်တားမြစ်ချက်များကို သက်တမ်းတိုးမြှင့်လိုက်ကြောင်း ပြင်သစ်သံရုံးက ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်စီးစေရာတွင် တာဝန်ရှိသူများ၊ မြန်မာစစ်တပ်၏ ဝင်ငွေနှင့် လှုပ်ရှားမှုများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် အကျိုးပြုနေသည့် အဖွဲ့အစည်းများကို ကန့်သတ်တားမြစ်ထားသည့် အရေးယူလုပ်ဆောင်မှုကို သက်တမ်းထပ်တိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ သက်တမ်းတိုးခြင်းသည် မြန်မာနိုင်ငံတွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၂ မေ ၁၁ ရက်အထိ စုစုပေါင်း လူ ၆၅ ဦးနှင့် အဖွဲ့အစည်း ၁၀ ခုတို့အတွက် ကန့်သတ်အရေးယူမှုများကို ချမှတ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြန်မာနိုင်ငံက စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့၊ သာယာဝပြောတဲ့ အခြေအနေမျိုး ရပ်တည်နိုင်ရင် အကျိုးအမြတ် အရရှိဆုံးက ထိုင်းနိုင်ငံ ဖြစ်လာမယ်လို့လည်း ဆရက်သာက ပြောကြားသွားပါတယ်။

သတင်း

ရတနာပုံခန်းမကို အာဏာသိမ်းခဲ့သည့် ၂၀၂၁ မေလအတွင်းက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင် တက်ရောက်ဖွင့်လှစ်ပေးခဲ့သည်။

နိုင်ငံတကာ

အစ္စရေး သတင်းဌာန တစ်ခုဖြစ်တဲ့ Haaretzကလည်း အစ်ဆာ အပါအဝင် သေဆုံးမှု အခြေအနေတွေကို အတည်ပြုနိုင်အောင် အစ္စရေး စစ်တပ်က အပူတပြင်း စုံစမ်းနေတယ်လို့ ဖော်ပြသွားပါတယ်။

နိုင်ငံတကာ

ဆာအိုပေါ်လိုမြို့ အင်အားပြပွဲမှာတော့ ဘော်လ်ဆိုနာရိုကို ထောက်ခံသူတွေဟာ ဘရာဇီး အလံရဲ့ အစိမ်းနဲ့ အဝါရောင်တွေကို ဝတ်ဆင်ပြီး အရေအတွက် အများအပြား လာရောက် စုရုံးရင်း ဘော်လ်ဆိုနာရိုရဲ့ မိန့်ခွန်းကို နားထောင်ခဲ့ကြပါတယ်။