Connect with us

Hi, what are you looking for?

News

စစ်ခေါင်းဆောင်များနှင့် အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများအပေါ် ချမှတ်ထားသော ကန့်သတ်တားမြစ်ချက်များကို အီးယူ သက်တမ်းတစ်နှစ်တိုးမြှင့်

အဆိုပါ သက်တမ်းတိုးခြင်းသည် မြန်မာနိုင်ငံတွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

(အာဏာသိမ်းစစ်ကောင်စီ ဒုခေါင်းဆောင် စိုးဝင်း ဦးဆောင်တဲ့အဖွဲ့ ရှရှားနိုင်ငံတွင်ကျင်းပသည့် International Army Games - 2021 ပိတ်ပွဲအခမ်းအနားကိုတက်ရောက်ရန် ၂၀၂၁ စက်တင်ဘာလ ၁ ရက် သွားရောက်စဥ်)

ဥရောပသမဂ္ဂသည် စစ်အာဏာသိမ်းမှုတွင် ပါဝင်ပတ်သက်သူများအား ကန့်သတ်တားမြစ်ချက်များကို သက်တမ်းတိုးမြှင့်လိုက်ကြောင်း ပြင်သစ်သံရုံးက ယနေ့သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ပျက်စီးစေရာတွင် တာဝန်ရှိသူများ၊ မြန်မာစစ်တပ်၏ ဝင်ငွေနှင့် လှုပ်ရှားမှုများကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်သောအားဖြင့် အကျိုးပြုနေသည့် အဖွဲ့အစည်းများကို ကန့်သတ်တားမြစ်ထားသည့် အရေးယူလုပ်ဆောင်မှုကို သက်တမ်းထပ်တိုးခဲ့ခြင်းဖြစ်သည်။

အဆိုပါ သက်တမ်းတိုးခြင်းသည် မြန်မာနိုင်ငံတွင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပေါ်နေသည့် အခြေအနေတွင် ဖြစ်ပေါ်လာခြင်းဖြစ်သည်ဟု ပြင်သစ်သံရုံး၏ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

ဥရောပသမဂ္ဂနှင့် အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၂ မေ ၁၁ ရက်အထိ စုစုပေါင်း လူ ၆၅ ဦးနှင့် အဖွဲ့အစည်း ၁၀ ခုတို့အတွက် ကန့်သတ်အရေးယူမှုများကို ချမှတ်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

PDF တွေရဲ့ဒရုန်း​လေတပ်ကိုထိုး​ဖောက်ဝင်​ရောက်တိုက်ခိုက်လာနိုင်တာကစစ်တပ်အတွက်အကြီးမားဆုံးစိန်​ခေါ်မှုဖြစ်လာမလား။

အတွေးအမြင်

UFC ဖိုက်တာဂျိုရှာဗန် နဲ့ ပန်တိုဂျာတို့ရဲ့ မ​ကျေပွဲ ချန်ပီယံခါးပတ်လုပွဲဒီတစ်ပါတ်ကြိုးဝိုင်းထဲမှာ ထိုးသတ်ဖို့ရှိပြီး ချန်ပီယံအစစ်က ဘယ်သူလဲဆိုတာ မကြာမီ အဖြေပေါ်ပါလိမ့်မယ်။ပြည်တွင်း နိုင်ငံရေးစင်မြင့်ပေါ်မှာတော့ ရေဘေးအကြောင်းပြုပြီး အမျိုးသားညီညွတ်​ရေးအစိုးရ-NUGနဲ့ အာဏာသိမ်းစစ်ကောင်စီတို့ကြား ဩဂုတ်လဆန်းက‌နေ စက်တင်ဘာလဆန်းအထိ ထိပ်တိုက်တွေ့ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်း စစ်တပ်ဆီက အာဏာပြန်သိမ်းမယ့် တပ်တွင်း ပုန်ကန်မှုကို တွန်းလှန်ဖို့ နိုက်ဂျားစစ်တပ်ကို အကူအညီ ပေးခဲ့ကြောင်း ရုရှားကက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

အာဏာသိမ်းမယ့် အားထုတ်မှု တစ်ခုကို တွန်းလှန်ပြီး အခြေအနေကို ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း နိုက်ဂျား အာဏာသိမ်း စစ်တပ်က ပြောပါတယ်။ စစ်တပ်ဟာ ၂၀၂၃ ခုနှစ်တုန်းက ဒီမိုကရေစီ အစိုးရကို ဖြုတ်ချပြီး အာဏာသိမ်းယူထားတာပါ။