Connect with us

Hi, what are you looking for?

News

ထီးလင်းမြို့နယ်၌ လာမည့်တစ်လအတွင်း အင်တာနက်နှင့်ဖုန်းလိုင်းပြန်ဖွင့်မ​ပေးပါက တာဝါတိုင်အားလုံး ဖြိုချမည်ဟု သတိ​ပေး

စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ထီးလင်းမြို့နယ်တွင် အင်တာနက်ကိုအချိန်အကန့်အသတ်ဖြင့်သာရရှိခဲ့ပြီးနောက် ယမန်နှစ် စက်တင်ဘာကစ၍ အင်တာနက်လုံးဝဖြတ်တောက်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။

(People Defence Force Htilin (Yaw Region)မှ ရဲဘော်များအား တွေ့ရစဥ်)

ထီးလင်းမြို့နယ်အတွင်း ကာလကြာရှည်စွာ ဖြတ်တောက်ထားသည့် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ တစ်လအတွင်း လိုင်းပြန်ဖွင့်ပေးရန် ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ထီးလင်း ယောဒေသကာကွယ်ရေးတပ်(YDF)တို့က တောင်းဆိုခဲ့ပြီး ပြန်မရပါက ဆက်သွယ်ရေး တာဝါတိုင်များအားလုံးကို ဖြိုချသွားမည်ဟု ထုတ်ပြန်သည်။

စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ထီးလင်းမြို့နယ်တွင် အင်တာနက်ကိုအချိန်အကန့်အသတ်ဖြင့်သာရရှိခဲ့ပြီးနောက် ယမန်နှစ် စက်တင်ဘာကစ၍ အင်တာနက်လုံးဝဖြတ်တောက်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် ယခုအချိန်တွင် အင်တာနက်လုံးဝမရရှိသည်မှာ ရှစ်လကျော်ကြာမြင့်ခဲ့ပြီဟု အသိပေးသည်။

“အခုထီးလင်းက ဖုန်းကိုခေါ်ရင်တောင် ဝင်ချင်မှ ဝင်တာ။ဆက်သွယ်ရေးက တအားခက်ခဲနေတယ်။ဒါကြောင့် အများပြည်သူအကျိုးကို ရှေးရှုပြီးတောင်းဆိုတာ ဖြစ်တယ်။ဒါကို မဖြည့်ဆည်းပေးနိုင်ရင် တာဝါတိုင်တွေရှိလည်း ဘာမှ မထူးတော့ဘူး”ဟု YDF ထီးလင်း တာဝန်ရှိသူက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်း” ကျွန်တော်တို့ လူငယ်တွေနဲ့ ချတာ။ ချကြစမ်း။ ယောကျ်ား ယောကျ်ားချင်းချတာ။ အခုတော့ ဆက်သွယ်ရေးကုမ္ပဏီတွေက စစ်ကောင်စီ သူရဲဘောကြောင်သမျှ ခိုင်းတာလိုက်လုပ်ပေးနေတယ်။ လိုင်းတွေ ပိတ်ထားတာဟာ ညွှန်ကြားသူရော လိုက်နာသူရော အောက်တန်းကျတာ”ဟု ပြော သည်။

ထို့အပြင် ထီးလင်းမြို့နယ်ဧရိယာ ၅၀ ရာခိုင်နှုန်းခန့်သာပုံမှန်ဖုန်းလိုင်းရရှိပြီး စစ်ကြောင်းများထိုးသည့်အချိန်တိုင်း ထိုဖုန်းလိုင်းများကိုဖြတ်တောက်ပစ်သဖြင့် ပြည်သူအများသတင်းမရရှိပဲ အခက်အခဲကြုံနေရသည်ဟုလည်း ဖော်ပြသည်။

ထို့ကြောင့် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် ထမင်းရှင် ပြည်သူများ၏မျက်နှာကိုမကြည့်ပဲ စစ်ကောင် စီအလိုကျ အင်တာနက်ဖြတ်တောက်ခြင်း၊ဖုန်းလိုင်းဖြတ်တောက်ခြင်းများပြုလုပ်နေပြီး (Comsumer Rights) ချိုးဖောက်နေခြင်းများကို ယခုချက်ခြင်းရပ်တန့်၍ ထီးလင်းတစ်မြို့နယ်လုံးအား အင်တာနက်ပြန်ဖွင့်ပေးရန် တောင်းဆိုသည်။

ယခု တောင်းဆိုချက်ကို ယနေ့(မေ ၁၂ရက်)မှ နောက်တစ်လအတွင်း အကောင်အထည်ဖော်ရန်နှင့် တစ်လပြည့်ချိန်ထိ အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများ ပြန်လည်မရရှိပါက ထီးလင်းမြို့နယ်တွင်းရှိဆက်သွယ်ရေးတာဝါတိုင်များအားလုံးကို တစ်စစီဖြိုချကာ တော်လှန်ရေးအတွက်အသုံးချသွားမည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ပြီးခဲ့တဲ့ ဇွန်လ ပထမပတ်က သတင်းဌာန Page တစ်ခုမှာ စစ်ခေါင်းဆောင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာခိုင်ခိုင်စိုးရဲ့သတင်းတစ်ခု တက်လာပါတယ်။ အဲဒီသတင်းအောက်မှာ အမျိုးသမီးတစ်ယောက်က "ဇော်မဲလုံး ညီမလား"လို့ မှတ်ချက်(Comment)ရေးသားခဲ့ပါတယ်။ စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဇော်မင်းထွန်းနေရာ ဝင်လာခဲ့တဲ့အတွက် အဲဒီလို မန့်လိုက်တာပါ။

သတင်း

ရွှေဘိုခရိုင်အတွင်းက မြို့နယ် ၃ခုမှာ စစ်ဆင်ရေးရှိနေလို့ စတားလင့်ခ်အင်တာနက်တွေ ယာယီ ပိတ်သိမ်းထားကြဖို့ အမှတ်(၁)ရွှေဘိုခရိုင် စစ်ဌာနက သတိပေးပါတယ်။

သတင်း

စစ်တပ်သတင်းပေးတွေက စတားလင့်အင်တာနက်(Starlink)အသုံးပြုပြီး စစ်တပ်ထံ သတင်းပေးနေတာကြောင့် ကနီမြို့နယ်မှာ တေယ်လှန်ရေးအဖွဲ့အစည်းတွေရဲ့ အင်တာနက်စက်ကလွဲပြီး စတားလင့်အင်တာနက်အားလုံး ပိတ်သိမ်းဖို့ မြို့နယ်အရေးပေါ်အုပ်ချုပ်ရေး (ဗဟို)အဖွဲ့က ထုတ်ပြန်ထားပါတယ်။

သတင်း

တိုက်ပွဲတွေကြောင့် အင်းတော်မြို့နယ်မှာ Starlink အင်တာနက်အသုံးပြုမှုယာယီပိတ်သိမ်းဖို့ အင်းတော်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပဖက) ထုတ်ပြန်ထားပါတယ်။

Trending

Facebook