Connect with us

Hi, what are you looking for?

LuduNwayOo

News

ထီးလင်းမြို့နယ်၌ လာမည့်တစ်လအတွင်း အင်တာနက်နှင့်ဖုန်းလိုင်းပြန်ဖွင့်မ​ပေးပါက တာဝါတိုင်အားလုံး ဖြိုချမည်ဟု သတိ​ပေး

စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ထီးလင်းမြို့နယ်တွင် အင်တာနက်ကိုအချိန်အကန့်အသတ်ဖြင့်သာရရှိခဲ့ပြီးနောက် ယမန်နှစ် စက်တင်ဘာကစ၍ အင်တာနက်လုံးဝဖြတ်တောက်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။

(People Defence Force Htilin (Yaw Region)မှ ရဲဘော်များအား တွေ့ရစဥ်)

ထီးလင်းမြို့နယ်အတွင်း ကာလကြာရှည်စွာ ဖြတ်တောက်ထားသည့် အင်တာနက်လိုင်းနှင့် ဖုန်းလိုင်းများ တစ်လအတွင်း လိုင်းပြန်ဖွင့်ပေးရန် ထီးလင်းပြည်သူ့ကာကွယ်ရေးတပ်(PDF)နှင့် ထီးလင်း ယောဒေသကာကွယ်ရေးတပ်(YDF)တို့က တောင်းဆိုခဲ့ပြီး ပြန်မရပါက ဆက်သွယ်ရေး တာဝါတိုင်များအားလုံးကို ဖြိုချသွားမည်ဟု ထုတ်ပြန်သည်။

စစ်တပ်၏ အာဏာသိမ်းပြီးနောက်ပိုင်း ထီးလင်းမြို့နယ်တွင် အင်တာနက်ကိုအချိန်အကန့်အသတ်ဖြင့်သာရရှိခဲ့ပြီးနောက် ယမန်နှစ် စက်တင်ဘာကစ၍ အင်တာနက်လုံးဝဖြတ်တောက်ခြင်းခံခဲ့ရသည်ဟု ဆိုသည်။

ထို့ကြောင့် ယခုအချိန်တွင် အင်တာနက်လုံးဝမရရှိသည်မှာ ရှစ်လကျော်ကြာမြင့်ခဲ့ပြီဟု အသိပေးသည်။

“အခုထီးလင်းက ဖုန်းကိုခေါ်ရင်တောင် ဝင်ချင်မှ ဝင်တာ။ဆက်သွယ်ရေးက တအားခက်ခဲနေတယ်။ဒါကြောင့် အများပြည်သူအကျိုးကို ရှေးရှုပြီးတောင်းဆိုတာ ဖြစ်တယ်။ဒါကို မဖြည့်ဆည်းပေးနိုင်ရင် တာဝါတိုင်တွေရှိလည်း ဘာမှ မထူးတော့ဘူး”ဟု YDF ထီးလင်း တာဝန်ရှိသူက People’s Springသို့ ပြောသည်။

Public Service Announcement

Public Service Announcement

ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကလည်း” ကျွန်တော်တို့ လူငယ်တွေနဲ့ ချတာ။ ချကြစမ်း။ ယောကျ်ား ယောကျ်ားချင်းချတာ။ အခုတော့ ဆက်သွယ်ရေးကုမ္ပဏီတွေက စစ်ကောင်စီ သူရဲဘောကြောင်သမျှ ခိုင်းတာလိုက်လုပ်ပေးနေတယ်။ လိုင်းတွေ ပိတ်ထားတာဟာ ညွှန်ကြားသူရော လိုက်နာသူရော အောက်တန်းကျတာ”ဟု ပြော သည်။

ထို့အပြင် ထီးလင်းမြို့နယ်ဧရိယာ ၅၀ ရာခိုင်နှုန်းခန့်သာပုံမှန်ဖုန်းလိုင်းရရှိပြီး စစ်ကြောင်းများထိုးသည့်အချိန်တိုင်း ထိုဖုန်းလိုင်းများကိုဖြတ်တောက်ပစ်သဖြင့် ပြည်သူအများသတင်းမရရှိပဲ အခက်အခဲကြုံနေရသည်ဟုလည်း ဖော်ပြသည်။

ထို့ကြောင့် ဆက်သွယ်ရေးကုမ္ပဏီများအနေဖြင့် ထမင်းရှင် ပြည်သူများ၏မျက်နှာကိုမကြည့်ပဲ စစ်ကောင် စီအလိုကျ အင်တာနက်ဖြတ်တောက်ခြင်း၊ဖုန်းလိုင်းဖြတ်တောက်ခြင်းများပြုလုပ်နေပြီး (Comsumer Rights) ချိုးဖောက်နေခြင်းများကို ယခုချက်ခြင်းရပ်တန့်၍ ထီးလင်းတစ်မြို့နယ်လုံးအား အင်တာနက်ပြန်ဖွင့်ပေးရန် တောင်းဆိုသည်။

ယခု တောင်းဆိုချက်ကို ယနေ့(မေ ၁၂ရက်)မှ နောက်တစ်လအတွင်း အကောင်အထည်ဖော်ရန်နှင့် တစ်လပြည့်ချိန်ထိ အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများ ပြန်လည်မရရှိပါက ထီးလင်းမြို့နယ်တွင်းရှိဆက်သွယ်ရေးတာဝါတိုင်များအားလုံးကို တစ်စစီဖြိုချကာ တော်လှန်ရေးအတွက်အသုံးချသွားမည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

Elon Musk ပိုင်ဆိုင်သော X(Twitter)လူမှုကွန်ရက်မှတဆင့် ရန်ဟီးလီိက တိုက််တွန်းခဲ့ခြင်းဖြစ််ပြီး အာဏာသိမ်းစစ်ကောင်စီက မြေပြင်အခြေအနေမှန်များ ကမ္ဘာအနှံ့ရောက််ရှိရန် အလွန်ခက်ခဲစေရေးအတွက် အင်တာနက််ပိတ်ဆို့များကိို ဆက်လက်လုပ်ဆောင််ထားဆဲဖြစ်ကြောင်း အသိပေး ဖော်ပြသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီသည် ရက္ခိုင်ပြည်သူလူထုများကို မတရားသဖြင့် ဖမ်းဆီးခြင်း၊ စစ်ဘက်၊ အရပ်ဘက်မခွဲခြားဘဲ မြို့ရွာများအတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းများကို ဆက်လက် ပြုလုပ်လျက်ရှိကြောင်း ဖော်ပြသည်။

နိုင်ငံတကာ

Optusဟာ အင်တာနက် ပြတ်တောက်တဲ့ ကိစ္စအပြင် မနှစ်တုန်းက အချက်အလက် ပေါက်ကြားမှုတွေ ဆိုးဆိုးရွားရွား ကြုံတွေ့ခဲ့ရဖူးပါတယ်။ အဲဒီတုန်းကလည်း ကုမ္ပဏီကို ရို့စ်မာရင်ပဲ အဓိက မောင်းနှင် ဦးဆောင်နေခဲ့တာပါ။

သတင်း

စစ်တပ်အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ်က မြန်မာနိုင်ငံရဲ့ အင်တာနက်လွတ်လပ်ခွင့်အညွှန်းကိန်းဟာ အဆင့် ၃၁ ရှိခဲ့ပါတယ်။