Connect with us

Hi, what are you looking for?

News

ရွှေ​ဈေးပြန်ကျ​သော်လည်း ဈေးကွက်တွင်ဝယ်မရ

အပြင်ပေါက်ဈေးမှာ လက်တွေ့ဝယ်တော့ သိန်း နှစ်ဆယ်နဲ့လေး​သောင်း၊ သိန်းနှစ်ဆယ်နဲ့ ခုနှစ်​သောင်းခွဲ (ကျပ်)ပေးရတယ်။ ဒါတောင် ဝယ်ချင်သလို ဝယ်လို့မရဘူး”ဟု မေ ၁၃ ရက်က ရွှေဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

●​​ရွှေအသင်းဖွင့်​သော​​ဈေးမှာ ပြင်ပဈေးကွက်​ပေါက်​ဈေးထက်နည်း​နေ

ပြည်တွင်းရွှေဈေး အခေါက်ရွှေ တစ်ကျပ်သားကိုကျပ် ၁၉သိန်းခွဲအောက်ကျဆင်းလာသော်လည်း ဈေးကွက်အတွင်း ရွှေဝယ်ယူ၍ မရတော့ကြောင်း ပြည်တွင်းရွှေလုပ်ငန်းရှင်များက​ပြောသည်။

ပြည်တွင်းရွှေဈေးကို ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက အခေါက်ရွှေတစ်ကျပ်သားကို ၁,၉၄၆,၇၀၀ကျပ်ဖြင့် မေ ၁၃ ရက်က ဈေးဖွင့်ခဲ့သော်လည်း ထိုဈေးနှုန်းဖြင့် ​ဈေးကွက်တွင်ဝယ်ယူ၍မရကြောင်း ရွှေလုပ်ငန်းရှင်များကပြောသည်။

အပြင်ပေါက်ဈေးမှာ လက်တွေ့ဝယ်တော့ သိန်း နှစ်ဆယ်နဲ့လေး​သောင်း၊ သိန်းနှစ်ဆယ်နဲ့ ခုနှစ်​သောင်းခွဲ (ကျပ်)ပေးရတယ်။ ဒါတောင် ဝယ်ချင်သလို ဝယ်လို့မရဘူး”ဟု မေ ၁၃ ရက်က ရွှေဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ရွှေဆိုင်များတွင် အခေါက်ရွှေကို ဝယ်ယူရန် ခက်ခဲပြီး ဆိုင်အများစု မရောင်းချကြောင်းလည်း ၎င်းကဆက်​ပြောသည်။

ရွှေရောင်းချသည့် ဆိုင်များတွင် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းကသတ်မှတ်သည့်ဈေးထက် အခေါက်ရွှေကိုကျပ် တသိန်းကျော် ပိုပေးရသည်ဟုလည်း အခြားရွှေဝယ်သူတစ်ဦးကပြောသည်။ တစ်ဦးလျှင် တကျပ်သားထက် ပိုမရောင်းကြောင်းလည်း အဆိုပါ​ရွှေဝယ်ခဲ့သူ​က​ပြောသည်။

ပြည်တွင်းရွှေထွက်နည်းလာခြင်းကြောင့် ရွှေကုန်သည်များတွင် ရွှေကုန်ကြမ်းပြတ်လပ်လာခြင်းကြောင့် ရွှေအရောင်းကို ရပ်တန့်ထားရခြင်းဖြစ်သည်ဟု ရွှေဆိုင်ပိုင်ရှင်တစ်ဦးကပြောသည်။

စစ်တပ်က အာဏာသိမ်းပြီး​နောက် ကျပ်​ငွေတန်ဖိုးစံချိန်တင်ကျဆင်းကာ​ဒေါ်လာနှင့်​ရွှေ ​ဈေးများ ဆက်တိုက်တက်ခဲ့ရာ ၂၀၂၁ စက်တင်ဘာလတွင် ​ရွှေတစ်ကျပ်သား ၂၂ သိန်း​ကျော်ထိ့​ဈေး​တက်ခဲ့သည်။ ​ရွှေ​ဈေးတက်သဖြင့်လုပ်ငန်းရှင်များကို စစ်​ကောင်စီတပ်က ​ခေါ်ယူစစ်​ဆေးပြီး ​ခြိမ်း​​ခြောက်ဖိအား​ပေး​သောနည်းလမ်းဖြင့်​ရွှေ​ဈေးကွက်ကို ထိန်း​နေခြင်းဖြစ်သည်။ထို​ကြောင့်​ရွှေ​ဈေးမှာ ​ရွှေအသင်းမှ ဖွင့်​သော​ဈေးနှင့် ပြင်ပ​ဈေးကွက်တွင်အမှန်တစ်ကယ်အ​ရောင်းအဝယ်လုပ်​သော​ဈေး ပို၍ကွာဟလာသည်။

ရန်ကုန်တိုင်း​ရွှေလုပ်ငန်းရှင်များအသင်းက ​မေ ၄ ရက်ကပြုလုပ်​သောအစည်းအ​ဝေးတွင် ​ရွှေကုန်ကြမ်းမပြတ်လပ်​စေ​​ရေး ပြည်ပမှ​ရွှေတင်သွင်း​ရန်​ဆောင်ရွက်​ရေး၊ စစ်​ကောင်စီဗဟိုဘဏ်မှ ​ရွှေများ​ရောင်း​ပေးရန် တင်ပြရန်၊ရွှေဆိုင်နှင့် ရွှေကုန်လုပ်ငန်းရှင်များသည် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းဖွင့်လှစ်သည့် ဈေးနှုန်းထက် ကျပ် ၅၀၀၀ သာခွာ၍ ရောင်းချရန်၊ နယ်မြေဖြတ်ကျော်မရောင်းချရန်နှင့် ​ရွှေတွင်းလိုင်စင်ရှိသူများနှင့်​ရွှေ​ရောင်ဝယ်ကြရန် ဆိုကာ ​ဆွေး​နွေးဆုံးဖြတ်ခဲ့​ကြောင်းထုတ်ပြန်ခဲ့သည်။

သို့​သော်​ဈေးကွက်တွင် ​ရွှေအသင်းက ဖွင့်​သော​ဈေးမှာ ဖွင့်​ဈေးသာရှိပြီး ပြည်ပတွင် ထို​ဈေးမှာနည်း၍ ဝယ်ယူမရဖြစ်​နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေရောင်းဝယ်မည့်သူများသည် စစ်ကောင်စီကထုတ်ပေးသည့် စမတ်ကတ်နှင့် ထောက်ခံစာတင်ပြရမည်ဟု စစ်ကောင်စီက ရွှေဆိုင်များကို ကန့်သတ်ထား​ကြောင်း ရွှေဆိုင်အသိုင်းအဝိုင်းမှ စုံစမ်းသိရှိရသည်။

သတင်း

စက်သုံးဆီဈေးမှာလည်း အာဏာမသိမ်းခင်က အောက်တိန်း၉၂ တစ်လီတာကို ကျပ် ၆၅၅ ကျပ်ရှိရာမှ ယခုအခါက ၂၂၃၅ ကျပ်အထိမြင့်တက်ခဲ့သည်။

သတင်း

စစ်ကောင်စီ၏ ငွေကြေးအသစ်ရိုက်ထုတ်လိုက်ခြင်းသည် ၎င်းတို့လိုအပ်နေသည် ဘဏ္ဍာငွေကြေးကို ဖြည့်တင်းရန် ဖြစ်ပြီး ကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းသွားနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

သတင်း

လက်ရှိ ပြင်ပပေါက်ဈေးတွင် အခေါက်ရွှေတစ်ကျပ်သားကို ကျပ် ၃၂သိန်းပေါက်ဈေးရှိပြီး တစ်ဒေါ်လာကို ၃၁၀၀ ကျပ်ဝန်းကျင်ရှိနေသည်။