Connect with us

Hi, what are you looking for?

သတင်း

နှစ်​သောင်းတန် ဂယက်​ကြောင့် ​ဒေါ်လာနှင့် ​ရွှေ​ဈေးတဟုန်ထိုးတက်

စစ်ကောင်စီ၏ ငွေကြေးအသစ်ရိုက်ထုတ်လိုက်ခြင်းသည် ၎င်းတို့လိုအပ်နေသည် ဘဏ္ဍာငွေကြေးကို ဖြည့်တင်းရန် ဖြစ်ပြီး ကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းသွားနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

(စစ်​ကောင်စီ ထုတ်​ဝေမည့် ၂၀၀၀၀ တန်။ ဓါတ်ပုံ-စစ်​ကောင်စီ)
(စစ်​ကောင်စီ ထုတ်​ဝေမည့် ၂၀၀၀၀ တန်။ ဓါတ်ပုံ-စစ်​ကောင်စီ)

▪︎​နေ့ခင်းပိုင်းတွင် ​​ဒေါ်လာ​ဈေး ၃၅၄၀ ကျပ် ၊​ရွှေ​ဈေး ၃၆ သိန်းအထိ ​ခေါ်​ဈေးရှိ​သော်လည်းဝယ်လိုသူသာရှိပြီး​ရောင်းသူမရှိ

​စစ်ကောင်စီကကျပ်ငွေနှစ်သောင်းတန်ထုတ်​ဝေမည်ဟု​ကြေညာလိုက်ပြီးနောက် ပြင်ပ​ငွေ​ကြေးဈေးကွက်အတွင်း ဒေါ်လာဝယ်လိုသူများလာပြီး တစ်ဒေါ်လာကို ကျပ် ၃၅၀၀ ​ကျော်အထိ ခေါ်ဈေးရှိလာသော်လည်း ရောင်းသူမရှိကြောင်း​ငွေလဲ​ကောင်တာပိုင်ရှင်အချို့ကပြောသည်။

“နှစ်သောင်းတန် သတင်းကြားရကတည်းက ဒေါ်လာဈေးကတက်နေတာ။ ငွေလဲနှုန်းတွေက တရိတ်ရိတ်တက်နေတယ်၊”ဟု ငွေလဲကောင်တာပိုင်ရှင်တစ်ဦးကပြောသည်။

ယ​နေ့ (ဇူလိူင် ၂၃ )​နေ့ခင်းတစ်နာရီတွင် ပြသ်ပ​ငွေလဲလှယ်​သောဈေးကွက်အတွင်း ​ဒေါ်လာ​ဈေးမှာ ၃၅၄၀ အထိ့​ခေါ်​ဈေးရှိ​နေသည်။ ဝယ်လိုသူများသော်လည်း ​ရောင်းသူမရှိ​ကြောင်းသိရသည်။ ဇူလိုင် ၂၂ ရက်တွင် ​ဒေါ်လာ​ဈေးမှာ ၁ ​ဒေါ်လာလျှင် ၃၀၆၀ ကျပ်ဖြစ်သည်။ဒေါ်လာဈေးသာမကထိုင်းဘတ်၊တရုတ်ယွမ်၊ ဂျပန်ယမ်းဈေးများက တရှိန်ထိုးမြင့်တက်လာသည်ဟု သိရသည်။

အလားတူ ​ရွှေ​ဈေးလည်းတက်လာပြီး ပြည်တွင်းအခေါက်

Public Service Announcement

Public Service Announcement

ရွှေဈေးမှာလည်း ၁ ကျပ်သားလျှင် ကျပ် ၃၆ သိန်းအထိမြင့်တက်လာပြီး ရွှေဆိုင်အများစုမှာလည်း အရောင်းပိတ်ထားသည့် ရွှေလုပ်ငန်းရှင်တစ်ဦးကပြောသည်။

စီးပွား​ရေးအကျပ်ဆိုက်​နေ​သောစစ်​ကောင်စီက ၂၀၀၀၀ တန်​ငွေစက္ကူကိုထုတ်​ဝေမည်ဟု​ကြေညာသဖြင့် ပြည်သူများကယခင် စစ်အာဏာရှင် ဗိုလ်ချုပ်​နေဝင်းကဲ့သို့ ရှိ​နေ​သော ​​ငွေစက္ကူများကို တရားမဝင် ​ကြေညာမည်ကို အလွန်စိုးရိမ်ပူပန်လာကြသလို ၊ ကျပ်​ငွေတန်ဖိုး ပို​ဖောင်းပွလာမည့်အ​ပေါ် ပြည်သူများ စိုးရိမ်​နေကြသည်။ သို့​သော် နာရီပိုင်းအတွင်း​ ​ငွေ​ကြေး​ဈေးကွက်တွင် ကျပ်​ငွေတန်ဖိုး ထိုးကျလာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ ငွေကြေးအသစ်ရိုက်ထုတ်လိုက်ခြင်းသည် ၎င်းတို့လိုအပ်နေသည် ဘဏ္ဍာငွေကြေးကို ဖြည့်တင်းရန် ဖြစ်ပြီး ကျပ်ငွေတန်ဖိုး တရှိန်ထိုးကျဆင်းသွားနိုင်သည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးကပြောသည်။

“ဒီလိုအချိန်မှာ ငွေစက္ကူအသစ်ရိုက်ထုတ်တယ်ဆိုတာ တော်တော်မိုက်ဲမဲတဲ့ လုပ်ရပ်လို့မြင်ပါတယ်။ ဒါက စစ်ကောင်စီရဲ့ ဘဏ္ဍာရေးလိုအပ်ချက်က တကယ်ကို သေရေးရှင်ရေးဖြစ်နေတာဆိုတာ မြင်သာလွန်းပါတယ်”ဟု ၎င်းကဆက်ပြောသည်။

စစ်​ကောင်စီက လက်ရှိ​ငွေ​ကြေးများကို မဖျက်သိမ်းဘဲ ၂၀၀၀၀ တန်​ကိုအကန့်အသတ်ဖြင့် ထုတ်​ဝေပြီး ​ဟောင်းနွမ်း​ငွေ​ကြေးများဖြင့် လဲလှယ်မည်ဟုဆို​သော်လည်း စစ်​ကောင်စီက ဗိုလ်ချုပ်​အောင်ဆန်းပုံပါ​သော တစ်​ထောင်တန်​အပါအဝင်ငွေစက္ကူများကိုရုပ်သိမ်းပယ်ဖျက်သွားမည်ဟုသတင်းကျယ်ပြန့်စွာထွက်​ပေါ်​နေသည်။

စစ်​ကောင်စီမှာ ဆင်နှင့် အာဏာသိမ်း​ခေါင်း​ဆောင် ဦး​ဆောင်တည်​သောဘုရားတို့ကို အ​ကြောင်းပြ၍ ထုတ်​ဝေခြင်းမှာ ၎င်းတို့ စီးပွား​ရေး အကျပ်အတည်းကြုံ​နေခြင်းနှင့် ဘက်​ပေါင်းစုံအကြပ်အတည်းဆိုက်​နေသဖြင့် ယတြာအရပါ ထုတ်​ဝေခြင်းဖြစ်​ကြောင်းလုပ်ငန်းရှင်တစ်ဦးက ပြောသည်။

အာဏာသိမ်းစစ်​ကောင်စီလက်ထက်တွင် ပြည်ပရင်းနှီးမြှပ်နှံမှုများထွက်ခွာသွားခြင်း၊ ပြည်ပရင်းနှီးမြှပ်နှံမှု​လျော့ကျခြင်း ၊ နိူင်ငံတကာအကူအညီများမရ​တော့ခြင်း ၊ကုန်သွယ်မှု​လျော့ကျခြင်း ၊အ​ထွေ​ထွေကုန်​ဈေးနှုန်းများတက်ပြီးလုပ်ငန်းမျာရပ်နားကုန်ခြင်း ၊ အလုပ်လက်မဲ့များလာခြင်း ၊ အခွန်အခနှင့် အဂတိလိုက်စားမှုပိုများလာခြင်း ၊နိုင်ငံတစ်ဝန်းတိုက်ပွဲများပိုမိုကျယ်ပြန့်လာခြင်း ၊ ဘက်ဂျက်လို​ငွေပြ​နေခြင်း ၊အ​မေရီကန် နှင့်အ​​နောက်နိုင်ငံများကစစ်​ကောင်စီအ​ပေါ် အ​ရေးယူဒဏ်ခတ်ပိန်ဆို့မှုများ​ကြောင့် စီးပွား​ရေးအကျပ်အတည်း​တွေ့​နေသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

ဆောင်းပါး

ခွေးကိုက်ခံရတာက ကြောက်စရာကောင်းပါတယ်။ဒါပေမယ့် မြန်မာနိုင်ငံမှာ ခွေးကိုက်ခံရပြီးဆေးရုံရောက်သွားတဲ့အခါလိုအပ်တဲ့ ခွေးရူးကာကွယ်ဆေးကို အချိန်မီ မရနိုင်တာက ပိုပြီး ကြောက်စရာကောင်းလာနေပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်