Connect with us

Hi, what are you looking for?

News

စစ်ကောင်စီကိုအသိအမှတ်မပြုဘဲ NUG နဲ့ထိတွေ့ဆက်ဆံဖို့ မလေးရှားအစိုးရအဖွဲ့ဆုံးဖြတ်ထား

မလေးရှားအစိုးရအနေနဲ့တော့ အာဏာသိမ်းစစ်ကောင်စီကိုအသိအမှတ်မပြုကြောင်း၊ NUG ၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံသွားဖို့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက် ချထားတယ်လို့လည်း RFA ရဲ့သတင်းမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

အာဆီယံအနေနဲ့ အမျိုးသားညီညွှတ်ရေးအစိုးရ (NUG )ကို အလွတ်သဘော အသိအမှတ်ပြုဖို့အချိန်ကျရောက်ပြီဖြစ်ကြောင်း အမေရိကန် − အာဆီယံထိပ်သီးအစည်းအဝေးမှာ မလေးရှားဝန်ကြီးချုပ်ကအဆိုပြုခဲ့တယ်လို့သိရပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)နဲ့ အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC) တို့ကို အလွတ်သဘောအသိအမှတ်ပြုဖို့အတွက် မလေးရှားအနေနဲ့ အာဆီယံအဖွဲ့ ကို နှစ်ကြိမ် အဆိုပြုခဲ့တဲ့အပြင် ပြီးခဲ့တဲ့ရက်ပိုင်းကကျင်းပခဲ့တဲ့ အမေရိကန် − အာဆီယံ ထိပ်သီးအစည်းအဝေးမှာလည်း မလေးရှားဝန်ကြီးချုပ်က ထပ်မံအဆိုပြုခဲ့တယ်လို့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက အမေရိကန်အခြေစိုက် RFA သတင်းဌာနကိုပြောထားပါတယ်။

မလေးရှားအစိုးရအနေနဲ့တော့ အာဏာသိမ်းစစ်ကောင်စီကိုအသိအမှတ်မပြုကြောင်း၊ NUG ၊ NUCC တို့နဲ့ ထိတွေ့ဆက်ဆံသွားဖို့ အစိုးရအဖွဲ့ ဆုံးဖြတ်ချက် ချထားတယ်လို့လည်း RFA ရဲ့သတင်းမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

ဒါအပြင် အမေရိကန်ပြည်ထောင်စုမှာရှိနေခိုက်မနေ့က မေလ ၁၄ ရက်မှာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ဟာတွေ့ဆုံဆွေးနွေးမှု လုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ဒီမိုကရေစီရရှိရေးအတွက် မလေးရှားက ကူညီဖို့အသင့်ရှိနေကြောင်းတွေ့ဆုံမှုအပြီး မလေးရှားနိုင်ငံခြားရေးဝန်ကြီးက တွစ်တာကနေ သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဘက်ကတော့ သူတို့အစိုးရကို အသိအမှတ်မပြုကြောင်း လူသိရှင်ကြားထုတ်ဖော်ပြောကြားတဲ့နိုင်ငံ တစ်နိုင်ငံမျှ မရှိသေးကြောင်း နိုင်ငံတကာဆက်ဆံရေးနဲ့ပတ်သက်ပြီး တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

Facebook