Connect with us

Hi, what are you looking for?

LuduNwayOo

News

တော်လှန်​ရေးအဖွဲ့ ၈၀ စု​ပေါင်း၍ မဟာမိတ်ဖွဲ့

အကြမ်းဖက်စစ်ကောင်စီကို ခုခံတော်လှန်နေကြသော အဖွဲ့ပေါင်း ၈၀ စုပေါင်းကာ မဟာမိတ်(CRC)ဖွဲ့စည်းခဲ့​ကြောင်းယ​နေ့ထုတ်ပြန်သည်။

ထိုအဖွဲ့များတွင်​မြောင်မှ CDSOM ၊ ​ယောနယ်မှ YDF ၊ မြင်းမူလျှပ်စီး​ပျောက်ကြားတပ်ဖွဲ့ ၊ မန္တ​လေးမှ မြို့ပြ​ပြောက်ကျားတပ်ဖွဲဖြစ်​သော RoM၊ ​မြောင်မှ အမျိုးသမီးတပ်ဖွဲဖြစ်​သောMWW၊ ​ရေစကြိုမှ YSO-PDF စ​​သောအဖွဲ့များပါဝင်သည်။ သို့​သော်အဖွဲ့အချို့ မှာလူသိနည်း​သေးသည်ကို​တွေ့ရသည်။
CRC-Civilian Resistance Coalition မဟာမိတ်များအကြား သဘောတူညီချက် ၅ ချက်ရရှိခဲ့ပြီးတော်လှန်ရေး သဘောထား စစ်မှန်ပြီး ခွဲခြားဆက်ဆံခြင်း မရှိရန်၊ တော်လှန်ရေးတွင် လူမျိုးမရွေး၊ ဘာသာမရွေး၊ ပါတီမရွေး၊ လိင်မရွေး ပါဝင်သဖြင့် အပြန်အလှန် လေးစားရမည်ဟု​သောအချက်လည်းပါဝင်သည်။

ဤကာလအတွင်း အာဏာရှင်ကို ဖီဆန်သော လုပ်ငန်းစဥ်များအား တစိုက်မတ်မတ် လုပ်ဆောင်နေရမည်ဖြစ်ပြီး မလုပ်ဆောင်နိုင်ပါက သင့်အား အကြောင်းကြားပြီး အဖွဲ့ဝင်အဖြစ်မှ ရပ်စဲမည်ဟု လည်း​ဖော်ပြထားသည်။

ထိုအပြင်မဟာမိတ်၏ ခွင့်ပြုချက်မရှိဘဲ နာမည် နှင့် အမှတ်အသား သုံးစွဲခွင့် မပြုဘဲ သာမန်ကိစ္စ ဖြစ်ပေါ်ပါက တိုက်ရိုက်ခွင့်တောင်းရမည်ဖြစ်ကြောင်း၊ အရေးပေါ်ကိစ္စ ဖြစ်ပေါ်ပါက တဆင့်ခွင့်တောင်းလည်းရသည်ဟုလည်းသတ်မှတ်ထားသည်။

မိမိသည် အာဏာရှင်ကို တိုက်ခိုက်နေရသော်လည်း ပြည်သူများ မထိခိုက်အောင် အစဥ်အမြဲ ကြိုးစားရမည်ဖြစ်၍ တိကျသော စစ်ဆင်ရေးကိုသာ လုပ်ဆောင်သင့်သည်ဆို​သောအချက်ကိုလည်းထည့်သွင်းထားသည်။

Public Service Announcement

Public Service Announcement

​နောက်ဆုံးအချက်မှာ ရွေးကောက်ထားသော ဦးဆောင်ကော်မတီကို ပြောင်းလဲလိုပါက ထောက်ခံမဲ ၅ရာခိုင်နှုန်း နှင့်အထက် လိုအပ်ကြောင်း၊ အဖွဲ့ဝင်ခြင်း/ထုတ်ခြင်းကို ၁ ရက် မှ ၃ ရက် ကြိုဆွေးနွေးရမည်ဟု ဖြစ်သည်။

အဆိုပါ ​တော်လှန်​ရေးအဖွဲ့များမှာ

၁။Bhamo Commando Force (BCF)
၂။ Generation Z – 21 Loikaw (GZ-21 Loikaw)
၃။ Dawna Commando Force (DCF)
၄။ Federal Liberation Army (FLA)
၅။People Defence Army (PDA)
၆။Southern Shan State People’s Defense Force (SSPDF)
၇။ Spring Revolution Local People Defence Force – Southern Shan State (SRLPDF-SSS)
၈။ Ywangan People’s Defense Force (YPDF)
၉။ Special Secret Services (SSS)
၁၀။United Democratic Front (UDF)
၁၁။ Hlaing Thar Yar Region Defense Force (HRDF)
၁၂။ Phoenix Army – Mandalay People’s Defense Force (PA)
၁၃။Never Give Up – Fox Force (NGUFF)
၁၄။Yadanapon Urban Revolutionary Force (ရတနာမြို့ပြတော်လှန်ရေးတပ်ဖွဲ့)
၁၅။ People’s Defense Force Mandalay (PDF-M)
၁၆။Rangers of Mandalay (RoM)
၁၇။Nation’s Defense Army (NDA)
၁၈။Kyaukse District Defense Force (KDDF)
၁၉။Local People’s Defense Force – Sintgaing (LPDF-S)
၂၀။People Defense Force Myittha (PDF-M)
၂၁။Bagan Nyaung-U People’s Defense Force (BNU PDF)
၂၂။Beautiful-Hearted Gangsters (နှလုံးလှလူမိုက်ကြီးများအဖွဲ့)
၂၃။ People’s Defense Force – Taloke (PDF-T)
၂၄။Burmese Guerrilla Force (BGF)
၂၅။ Myingyan Tiger (MGN Tiger)
၂၆။Myingyan Ranger (MGN Ranger)
၂၇။ Myingyan 27 Revolution Force (MGN 27 RF)
၂၈။ Sagaing People’s Defense Force (SGG)
၂၉။Civilian’s Defense Security Organization of Myaung (CDSOM)
၃၀။Myaung Special People’s Defense Force (MSPDF)
၃၁။ Myaung Union Army (MUA)
၃၂။Myaung Women Warriors (MWW)
၃၃။ Myinmu Defense Force (MMDF)
၃၄။. Black Eagle Defense Force – Myinmu (BEDF-MM)
၃၅။ Myinmu Lightning Urban Guerrilla Force (မြင်းမူလျှပ်စီးပြောက်ကျားတပ်ဖွဲ့)
၃၆။ Myinmu Civil Revolution Force (MCRF)
၃၇။Harmonious Northern Brotherhood (HNB)
၃၈။Mingin – People’s Defense Force (M-PDF)
၃၉။ Mingin – Lower River Battalion (M-LRB)
၄၀။ 205 Commando (205 C)
၄၁။ Monywa Truth of Force (MTF)
၄၂။ Lin Yone – Budalin People’s Defense Force (LY-BPDF)
၄၃။ Spring Revolution Force – Butalin (SRF-B)
၄၄။Naung Gyi Aing – Local People’s Defense Force (NGA-LPDF)
၄၅။ Than Dauk Chaung-U Guerrilla (TDCUG)
၄၆။Shwe Bo Defense Force (SBDF)
၄၇။ Galon People’s Defense Force (GPDF)
၄၉။ Wetlet Generation Z Special Task Force (WGZSTF)
၅၀။ Hero Tiger Force (HTF)

  1. Yoma Fighter (YF)
    ၅၁။Myauk Yamar People’s Defence Force (MYPDF)
    ၅၂။Kani People’s Defense Force (KPDF)
    ၅၃။ Kani Guerrilla Force (KGF)
    ၅၄။Independence Army (IA)
    ၅၅။ Salingyi Special Task Force (SSTF)
    ၅၆။Triple Two Task Force (TTTF)
    ၅၇။ Salingyi Local Defence Force (SLDF)
    ၅၈။Pale People’s Defense Force (PPDF)
    ၅၉။No Chair Guerrilla (NCG)
    ၆၀။Climbing Perch Guerrilla Force (ငါးပြေမပြောက်ကျားတပ်ဖွဲ့)
    ၆၁။Yaw Defense Force (YDF)
    ၆၂။ Yaw Defense Force – Kyaw (YDF-Kyaw)
    ၆၃။Yaw Defense Force – Htilin (YDF-Htilin)
    ၆၄။Yaw Defense Force – Saw & Kyaukhtu (YDF-Saw&Kyaukhtu)
    ၆၅။ Local Guerrilla Force (LGF)
    ၆၆။ Pakokku People’s Defense Force (PPDF)
    ၆၇။Myit Chay Kyun Chaung People Defence Force (MCKCPDF)
    ၆၈။ Brown Mountain Dragon (တောင်ညိုနဂါး)
    ၆၉။Myaing People’s Defense Force (MPDF)
    ၇၀။Golden Sword General (ရွှေဓားဗိုလ်)
    ၇၁။People’s Power Coalition (PPC)
    ၇၂။ Yesagyo People’s Defense Force (YSO PDF)
    ၇၃။ Central Armed Forces (CAF)
    ၇၄။ Dawei District People’s Defence Frontier (DDPDF)
    ၇၅။Peacock King Military Operation (ဒေါင်းမင်းစစ်ဆင်ရေး)
    ၇၆။Dawei Southern People’s Defense Force (DSPDF)
    ၇၇။Kaw Thaung Sea Viper (KTSV)
    ၇၈။ One Bead Guerrilla Force (ပုတီးတလုံးပြောက်ကျားတပ်ဖွဲ့)
    ၇၉။Palaw Regional Defence Force (PRDF)
    ၈၀။ Myanmar Civilian Defense Force (MCDF)
    ဟူ​သောအဖွဲ့တို့ဖြစ်သည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း အစိုးရကတော့ အမေရိကန်ဆီက ခိုင်မာအားကောင်းတဲ့ အထောက်အပံ့တွေ ဆက်ပြီး မရရှိနိုင်ဘူးဆိုရင် ကျူးကျော်သူ ရုရှားကို ရင်ဆိုင် ခုခံရတဲ့ စစ်ပွဲမှာ ရှုံးနိမ့်သွားနိုင်ကြောင်း သတိပေး ပြောဆိုထားပါတယ်။

သတင်း

ပန်းချီကားလေလံကို စင်ကာပူ နှင့် အမေရိကန် နှစ်နိုင်ငံရှိမြန်မာများက ဈေးပြိုင်ပေးကာ အကြိတ်အနယ်လေလံဆွဲခဲ့ပြီး နောက်ဆုံးတွင် အမေရိကန်နိုင်ငံ၌နေထိုင်သည့် ကိုစည်သူဝင်းက အမေရိကန်ဒေါ်လာ ၃၁၀၀၀ ဖြင့် လေလံအောင်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဝင်ရောက်စီးနင်းတိုက်ခိုက်ချိန်မှာညအချိန်ဖြစ်သောကြောင့် မည်မျှထိခိုက် သေဆုံးဒဏ်ရာရသည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ခြင်းမရှိဘဲစစ်ကောင်စီတပ်သားများ ထွက်ပြေးတိမ်းရှောင်သွားခဲ့ရသည်ဟု အသိပေးသည်။

သတင်း

လက်ရှိတွင် မင်းတပ်မြို့နယ်အတွင်း ၅ရက်ဆက် တိုက်ပွဲဖြစ်ပွားလျက်ရှိရာ ကျည်လိုအပ်ချက်များလည်းရှိနေသည်ဟု ဆိုသည်။