Connect with us

Hi, what are you looking for?

LuduNwayOo

News

ရန်ကုန်တွင် မင်း​အောင်လှိုင်အမည်ဖြင့် သိမ်းယူပိုင်ဆိုင်ထားသည့် ​နေအိမ်​လေးလုံးရှိဟု NUG ဝန်ကြီး ဦးတင်ထွန်းနိုင်​​ပြော

NUGက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့်ရောင်းချနေသည်။

ရန်ကုန်မြို့တွင် စစ်​ခေါင်း​ဆောင် မင်းအောင်လှိုင်အမည်ဖြင့် သိမ်းယူပိုင်ဆိုင်ထားသည့် ​နေအိမ်လေးလုံးရှိပြီး ၎င်းတို့ကို လေလံတင်ရောင်းချသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ယ​နေ့ ပြောကြားသည်။

မင်းအောင်လှိုင်၏ သားသမီးများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းစုများလည်း ရှိ​နေသည်ဟု ၎င်းက ​ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တစ်ခုတည်းတွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုက သိမ်းယူပိုင်ဆိုင်ထားသည့် မြေကွက်ပေါင်း ၆၀အထိရှိသည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

NUGက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့်ရောင်းချနေသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ​ရောင်းချမှုမှာ ယနေ့အထိ ကန်ဒေါ်လာ ၅သန်းကျော်ဖိုး ရှယ်ယာရောင်းချပြီးလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

သတင်း

စစ်ကောင်စီက မြဝတီမြို့ကို ဆက်သွယ်ရေးဖုန်းလိုင်းများ ဖြတ်တောက်ထားကြောင်းလည်း ဒေသခံများက ပြောသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။