Connect with us

Hi, what are you looking for?

News

ရန်ကုန်တွင် မင်း​အောင်လှိုင်အမည်ဖြင့် သိမ်းယူပိုင်ဆိုင်ထားသည့် ​နေအိမ်​လေးလုံးရှိဟု NUG ဝန်ကြီး ဦးတင်ထွန်းနိုင်​​ပြော

NUGက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့်ရောင်းချနေသည်။

ရန်ကုန်မြို့တွင် စစ်​ခေါင်း​ဆောင် မင်းအောင်လှိုင်အမည်ဖြင့် သိမ်းယူပိုင်ဆိုင်ထားသည့် ​နေအိမ်လေးလုံးရှိပြီး ၎င်းတို့ကို လေလံတင်ရောင်းချသွားမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှပ်နှံမှုဝန်ကြီး ဦးတင်ထွန်းနိုင်က ယ​နေ့ ပြောကြားသည်။

မင်းအောင်လှိုင်၏ သားသမီးများ ပိုင်ဆိုင်သည့် စီးပွားရေးလုပ်ငန်းစုများလည်း ရှိ​နေသည်ဟု ၎င်းက ​ပြောသည်။

ထို့အပြင် ရန်ကုန်မြို့တစ်ခုတည်းတွင် မင်းအောင်လှိုင်နှင့် စစ်အုပ်စုက သိမ်းယူပိုင်ဆိုင်ထားသည့် မြေကွက်ပေါင်း ၆၀အထိရှိသည်ဟု ဦးတင်ထွန်းနိုင်က ပြောသည်။

NUGက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ပိုင်ဆိုင်ထားသည့် အင်းယားလမ်း၊ အိမ်နံပတ်(၁၄)ကို အ​မေရိကန်ဒေါ်လာ ၁၀သန်းသတ်မှတ်ပြီး ရှယ်ယာစနစ်ဖြင့်ရောင်းချနေသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ​ရောင်းချမှုမှာ ယနေ့အထိ ကန်ဒေါ်လာ ၅သန်းကျော်ဖိုး ရှယ်ယာရောင်းချပြီးလည်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့လယ်ခေါင်ကျောက်တံတားမြို့နယ် ပန်းဆိုးတန်းနဲ့ မဟာဗန္ဓုလလမ်းထောင့်မှာ ဒီကနေ့ (စက်တင်ဘာ ၁၉)ညမှာအမျိုးသားတစ်ဦး မူးယစ်ဆေးသုံးစွဲပြီး ကားကိုမောင်းနှင်တာမှာ လမ်း​ပေါ်ရှိတဲ့ ကား​တွေကို လိုက်လံတိုက်ခိုက်မှု ဖြစ်ပွားခဲ့တယ်လို့ဒေသခံပြည်သူတွေက ပြောပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

ရန်ကုန်မြို့မှာ စားအုန်းဆီဈေးတွေ သတ်မှတ်ဈေးထက် ၂ဆလောက် မြင့်တက်နေပြီး ရပ်ကွက်တွေမှာလည်း စာအုန်းဆီ ခွဲတမ်းဝယ်ယူရတာ ပိုခက်ခဲလာတယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။