Connect with us

Hi, what are you looking for?

News

သွေးသောက်အဖွဲ့သတ်ဖြတ်၍ တက္ကသိုလ်ကျောင်းသူတစ်ဦးသေဆုံး

ယနေ့(မေ ၁၉)နေ့လယ် ၂ နာရီ ၄၅ ခန့်က သာကေတမြို့နယ် (၈)ထိပ်မှတ်တိုင် အောင်သပြေလမ်းနှင့် စံပယ်လမ်းထောင့်တွင် သွေးသောက်အဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းကိုခံရပြီး နားထင်တွင် သေနတ်ဒဏ်ရာနှစ်ချက်ထိမှန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

စစ်ကောင်စီအောက်ဆွဲ သွေးသောက်အဖွဲ့မှ သတ်ဖြတ်၍ တက္ကသိုလ်ကျောင်းသူတစ်ဦးသေဆုံးခဲ့ကြောင်း ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် ကျောင်းသားများသမဂ္ဂက ယနေ့(မေ ၁၉) ထုတ်ပြန်သည်။

ပစ်ခတ်ခံရမှုကြောင့် အသက်ဆုံးပါးခဲ့ရသူမှာ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်၏ ရုပဗေဒနောက်ဆုံးနှစ်ကျောင်းသူ မဟန်နီဦးဖြစ်ပြီး ၎င်းနှင့်အတူ မိသားစုဝင်အချို့ပါ ပစ်ခတ်ခြင်းခံခဲ့ရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့(မေ ၁၉)နေ့လယ် ၂ နာရီ ၄၅ ခန့်က သာကေတမြို့နယ် (၈)ထိပ်မှတ်တိုင် အောင်သပြေလမ်းနှင့် စံပယ်လမ်းထောင့်တွင် သွေးသောက်အဖွဲ့၏ ပစ်ခတ်ရှင်းလင်းခြင်းကိုခံရပြီး နားထင်တွင် သေနတ်ဒဏ်ရာနှစ်ချက်ထိမှန်၍ သေဆုံးသွားခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

မဟန်နီဦးနှင့်အတူ မိခင်ဖြစ်သူနှင့် ဦးလေးပါဒဏ်ရာရရှိခဲ့ပြီး ထိုပစ်ခတ်မှုမှာ သွေးသောက်အဖွဲ့၏လက်ချက်ဖြစ်ကြောင်း မျက်မြင်တွေ့ရှိသူများကို ကိုးကားပြီး ထုတ်ပြန်အသိပေးထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။