Connect with us

Hi, what are you looking for?

News

ရွှေပြည်ရဲစခန်းနှင့်အကူလာ​သောစစ်သားများကိုတိုက်ခိုက် စခန်းမှူးအပါအဝင် ၆ ဦး​သေဟုPDFများ​ပြော

ရွှေပြည်ရဲစခန်းအား ၂၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်ကူလာသည့်ကားကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထပ်မံသေဆုံးသွားကြောင်း ဥဒေါင်းမင်းအဖွဲ့က ပြောသည်။

မန္တလေးတိုင်း၊စဥ့်ကူးမြို့နယ်၊ မိုးကုတ်-မန္တလေးလမ်းမကြီးပေါ်ရှိ ရွှေပြည်ရဲစခန်းနှင့် တပ်ကူလာသည့်အဖွဲ့အားစစ်​ကောင်စီတပ်က တိုက်ခိုက်ခဲ့ရာ စခန်းမှူးအပါအဝင် ၆ ဦးသေဆုံးကြောင်းဒေသတွင်းမဟာမိတ်အဖွဲ့များကပြောသည်။

ယနေ့ (မေလ ၂၀ ရက်) နံနက် ၁ နာရီခွဲ ခန့်က စဥ့်ကူးမြို့နယ်၊ ရွှေပြည်ရဲစခန်းအား မဟာမိတ်အဖွဲ့များက ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရွှေပြည်လက်ရှိ စခန်းမှူးအပါအ၀င်၃ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသေဆုံးသူထပ်မံရှိနိုင်ကြောင်း ဥဒေါင်းမင်းအဖွဲ့က ပြောသည်။

ရွှေပြည်ရဲစခန်းအား ၂၅ မိနစ်ခန့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး တပ်ကူလာသည့်ကားကိုပါ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး ထပ်မံသေဆုံးသွားကြောင်း ဥဒေါင်းမင်းအဖွဲ့က ပြောသည်။

“ကားပေါ်က​​နေ ဆင်းပြီး မိုင်းရှင်းလင်းရေးလုပ်တဲ့မိုင်းဆရာ၃ယောက် မိုင်းဆွဲခံရပြီး ထပ်မံသေဆုံးခဲ့ပါတယ်။ စုစုပေါင်း ၆ ယောက်သေဆုံးခဲ့ကြောင်း မြေပြင်အတည်ပြုချက်အရသိရပါတယ်။”ဟု ဥဒေါင်းမင်းအဖွဲ့က အသိပေးသည်။

Public Service Announcement

Public Service Announcement

“ညက တစ်အုန်းအုန်းနဲ့ပဲ။ အသံတွေတော်တော်ကျယ်ကျယ်ကြီးကြားလိုက်ရတယ်။ ရွှေပြည်စခန်းအတိုက်ခံရတယ်ပြောတယ်။”ဟု စဥ့်ကူးဒေသခံတစ်ဦးက ပြောသည်။

“ရရှိတဲ့သတင်းအတိုင်းပဲ အခုလောလောဆယ် သူတို့ (PDF) လုံခြုံမှုရှိတယ်။ သူတို့နောက်ကိုလိုက်တာရှိပေမယ့် သူတို့မျက်ခြေဖြတ်ထားနိုင်ခဲ့တယ်။ အရင်တုန်းကတော့ ရုန်းပင်ရဲကင်းကို ဝင်ပစ်တာရှိတယ်။ အဲဒါက ရဲမရှိတဲ့စခန်းကို အဲဒါကြာခဲ့ပြီ။ အခုဖြစ်စဉ်က ဒီနေ့မနက်မှဖြစ်တာ” ဟု အခြားဒေသခံတစ်ဦးကပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်သည် ကား ၆စီးဖြင့် မတ္တရာအရှေ့ပိုင်း သို့ ဝင်ရောက်လျက်ရှိပြီး အုန်းလွတ်ရွာ၌ ရောက်ရှိနေသည်ဟု ဆိုသည်။

အဆိုပါစစ်ဆင်ရေးအား မဟာမိတ်ညီနောင်များဖြစ်သော မတ္တရာပကဖ၊ဗိုလ်လင်းယုန်၊စဥ့်ကူးမဟာမိတ်တပ်ပေါင်းစုနှင့်ဥဒေါင်းမင်းအဖွဲ့တို့ကပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စဥ့်ကူးမြို့နယ်သည် မိုးကုတ်-မန္တလေးလမ်းပေါ်တွင်တည်ရှိပြီး မန္တလေးမှတဆင့် စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ်တို့ကို သွားလာနိုင်သည့်လမ်းပိုင်းဖြစ်နေ၍ အကြမ်းဖက်စစ်တပ်ကားများ မကြာခဏ မိုင်းဆွဲတိုက်ခိုက်ခံနေရသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်နဲ့ ရွှေကူမြို့နယ်က တိုက်ပွဲတွေမှာ ဒဏ်ရာအပြင်းအထန်ရတဲ့ စစ်သားတွေကို မြစ်ကြီးနာမြို့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)အပြင် ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကိုပါ လေကြောင်းကနေပို့ပြီး ဆေးကုသနေတယ်လို့ သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ဟာ စစ်သားတွေရဲ့ အသက်ကိုစတေးပြီး အသေခံ စစ်ဗျူဟာ အသုံးပြုနေတာဖြစ်လို့ အသုံးချခံနေရတဲ့ စစ်သည်တွေအနေနဲ့ ကိုယ့်ဘ၀ ကိုယ်ကယ်ဆယ်ကြဖို့ လိုအပ်ကြောင်း ပြည်သူ့ပန်းတိုင်က တိုက်တွန်းလိုက်ပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းလိုက်ခြင်းကြောင့် စစ်သားတွေ ပိုပင်ပန်းတော့မယ် ပိုအလုပ်ရှုပ်တော့မယ်ဆိုတာ ခံစားခဲ့ရကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ စစ်သုံ့ပန်းဖြစ်နေတဲ့ ဗိုလ်မှူး အောင်ဖြိုးဝေက ပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

Facebook