Connect with us

Hi, what are you looking for?

LuduNwayOo

News

မီတာခမဆောင်လျှင်မီးဖြတ်မည်ဟု ခြိမ်းခြောက်နေသည့် ထန်းတပင်မြို့နယ်မှ ပျူစောထီးအဖွဲ့ဝင် သားအဖနှစ်ဦးအား ရှင်းလင်း

ယနေ့(မေ ၂၃ရက်) နံနက် ၁၀နာရီ ၄၅မိနစ်ခန့်က ရိုးခွကျေးခွနှင့်အေးရွာလေးကျေးရွာကြားတွင် စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင် ဦးသောင်းမြင့်နှင့် ၎င်း၏ သားဖြစ်သူ သက်ဇင်ဆိုသူတို့ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

လျှပ်စစ်မီတာခမဆောင်လျှင် မီးဖြတ်မည်ဟု ကျေးရွာနေပြည်သူများအား ခြိမ်းခြောက်နေသည့် ထန်းတပင်မြို့နယ်မှ ပျူစောထီးအဖွဲ့ဝင် သားအဖနှစ်ဦးအားရှင်းလင်းခဲ့ကြောင်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့(From Zero to Hero)က ထုတ်ပြန်သည်။

ယနေ့(မေ ၂၃ရက်) နံနက် ၁၀နာရီ ၄၅မိနစ်ခန့်က ရိုးခွကျေးခွနှင့်အေးရွာလေးကျေးရွာကြား
တွင် စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင် ဦးသောင်းမြင့်နှင့် ၎င်း၏ သားဖြစ်သူ သက်ဇင်ဆိုသူတို့ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ဦးသောင်းမြင့်ဆိုသူမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားပြီး ၎င်း၏သားဖြစ်သူမှာ သေနတ်ဒဏ်ရာတစ်ချက်ရ၍ ရေမြောင်းထဲထိုးဆင်းသွားပြီး ယခုချိန်ထိ မပေါ်လာသေးသ၍ သေဆုံးမှုအား အတည်မပြု၍ မရရှိသေးပေ။

Public Service Announcement

“သေမှာ မကြောက်တဲ့သူတွေအနေနဲ့ ဒလန် ဘောမနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ အဖြစ်ဆက်လုပ်ပါလို့ အသိပေးချင်ပါ တယ်”ဟု From Zero to Heroက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ရေစိုမငေးစုကျေးရွာ စစ်ကောင်စီထောက်တိုင် ဒလန်ဦးသောင်းမြင့်သည် ကျေးရွာအတွင်းရှိ မီတာခများအား လိုက်လံကောက်ခံ၍ မီတာခမဆောင်လျှင်မီးဖြတ်မည်ဟု ကျေးရွာနေပြည်သူများအား ခြိမ်းခြောက်ခြင်း အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွသူများနှင့် စစ်အာဏာရှင်ဆန့်ကျင်​ရေးတွင် ဆန္ဒပြပွဲများတွင်ပါဝင်သော ကျေးလက်နေပြည်သူများအား စခ/ရခ နဲ့ပူးပေါင်း၍ မတရားဖမ်းဆီးခြင်းတွင်ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

ဆက်လက်၍ LLPDF အနေဖြင့် ပျူစောထီးစာရင်း၀င် သောင်းကျန်းသူများအား အလျဉ်း သင့်သလို တိုက်ခိုက်ရှင်းလင်းသွားမည်ဖြစ်ပြီး အသက်မဆုံးရှူံးလိုပါက လက်နက်နှင့်တ ကွ‌ လောင်းလုံး(ပကဖ)ထံ အလင်း၀င်ရောက်နိုင်ကြောင်း အသိပေးထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီယန္တရားတွင် ဆက်လက်ပါဝင်နေသူများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ အချိန်မီဆင်ခြင်ရန်နှင့် စစ်မှုထမ်းကိစ္စ ဆောင်ရွက်ပေးနေသည့် ရပ်ကျေးအုပ်ချုပ်ရေးမှူး စာရင်းများလည်း ရရှိထားကြောင်း စလင်းပကဖက သတိပေးသည်။

သတင်း

အထက်ပါ ပျူခေါင်းဆောင်ဆိုသူအား ပစ်ခတ်ရှင်းလင်းသည့် စစ်ဆင်ရေးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂၊ တပ်ခွဲ ၂၊ တပ်ခွဲ ၃ နှင့် မင်းလှမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

သတင်း

ရွာငံမြို့နယ်တွင် ပြီးခဲ့သည့် မတ်လ ၁၅ရက်၊၁၇ရက်နှင့် ၁၉ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် အထိနာခဲ့သည်။