Connect with us

Hi, what are you looking for?

News

မီတာခမဆောင်လျှင်မီးဖြတ်မည်ဟု ခြိမ်းခြောက်နေသည့် ထန်းတပင်မြို့နယ်မှ ပျူစောထီးအဖွဲ့ဝင် သားအဖနှစ်ဦးအား ရှင်းလင်း

ယနေ့(မေ ၂၃ရက်) နံနက် ၁၀နာရီ ၄၅မိနစ်ခန့်က ရိုးခွကျေးခွနှင့်အေးရွာလေးကျေးရွာကြားတွင် စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင် ဦးသောင်းမြင့်နှင့် ၎င်း၏ သားဖြစ်သူ သက်ဇင်ဆိုသူတို့ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

လျှပ်စစ်မီတာခမဆောင်လျှင် မီးဖြတ်မည်ဟု ကျေးရွာနေပြည်သူများအား ခြိမ်းခြောက်နေသည့် ထန်းတပင်မြို့နယ်မှ ပျူစောထီးအဖွဲ့ဝင် သားအဖနှစ်ဦးအားရှင်းလင်းခဲ့ကြောင်း မြို့ပြ ပြောက်ကျားတပ်ဖွဲ့(From Zero to Hero)က ထုတ်ပြန်သည်။

ယနေ့(မေ ၂၃ရက်) နံနက် ၁၀နာရီ ၄၅မိနစ်ခန့်က ရိုးခွကျေးခွနှင့်အေးရွာလေးကျေးရွာကြား
တွင် စစ်ကောင်စီထောက်တိုင် ပျူစောထီးအဖွဲ့ဝင် ဦးသောင်းမြင့်နှင့် ၎င်း၏ သားဖြစ်သူ သက်ဇင်ဆိုသူတို့ကို သေနတ်ဖြင့်ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

ဦးသောင်းမြင့်ဆိုသူမှာ အခင်းဖြစ်ပွားရာနေရာ၌ သေဆုံးသွားပြီး ၎င်း၏သားဖြစ်သူမှာ သေနတ်ဒဏ်ရာတစ်ချက်ရ၍ ရေမြောင်းထဲထိုးဆင်းသွားပြီး ယခုချိန်ထိ မပေါ်လာသေးသ၍ သေဆုံးမှုအား အတည်မပြု၍ မရရှိသေးပေ။

Public Service Announcement

“သေမှာ မကြောက်တဲ့သူတွေအနေနဲ့ ဒလန် ဘောမနဲ့ စစ်ကောင်စီအဖွဲ့ဝင်တွေ အဖြစ်ဆက်လုပ်ပါလို့ အသိပေးချင်ပါ တယ်”ဟု From Zero to Heroက People’s Spring သို့ ပြောသည်။

Public Service Announcement

Public Service Announcement

ရေစိုမငေးစုကျေးရွာ စစ်ကောင်စီထောက်တိုင် ဒလန်ဦးသောင်းမြင့်သည် ကျေးရွာအတွင်းရှိ မီတာခများအား လိုက်လံကောက်ခံ၍ မီတာခမဆောင်လျှင်မီးဖြတ်မည်ဟု ကျေးရွာနေပြည်သူများအား ခြိမ်းခြောက်ခြင်း အပါအဝင် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွသူများနှင့် စစ်အာဏာရှင်ဆန့်ကျင်​ရေးတွင် ဆန္ဒပြပွဲများတွင်ပါဝင်သော ကျေးလက်နေပြည်သူများအား စခ/ရခ နဲ့ပူးပေါင်း၍ မတရားဖမ်းဆီးခြင်းတွင်ပါဝင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်မှာ စစ်မှုထမ်းစုဆောင်းခံရသူတွေက ပျူစောထီးတွေကို ရိုက်နှက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှာ လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတဲ့ စစ်တပ် လက်အောက်ခံ ပျူစောထီး၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ သားဖြစ်သူကို နေအိမ်မှာတင် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်ကို ထောက်ခံပြီး လက်နက်ကိုင်ဆောင်ထားတဲ့ သင်္ကန်းဝတ်ပျူခေါင်းဆောင်ပေါက်ကိုယ်တော် စစ်ကူတောင်းပေးနေတဲ့ မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးအားကောင်းတဲ့ ကုက္ကိုလ်စုကျေးရွာကို တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်လိုက်ပြီလို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။