Connect with us

Hi, what are you looking for?

News

ကျဆုံး ကရင်နီရိမ်းဂျား ရဲဘော်ငြိမ်းရန်အေးကို အောက်မေ့သတိရကြောင်း Free Burma Rangers ထုတ်ပြန်

Free Burma Rangers အဖွဲ့တွင် တိုင်းရင်းသားလူမျိုးစုံပါဝင်နေပြီး စစ်ဘေးရှောင်များကိုကျန်းမာ​ရေး​​စောင့်​ရှောက်မှုနှင့်ကူညီရေးဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကာ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများ၌ အဓိက လှုပ်ရှားသည်။

အာဏာသိမ်းပြီးနောက် ကရင်နီရိမ်းဂျားလေးဦးထိကျဆုံးခဲ့ဟု အသိပေး

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကျဆုံးခဲ့ရသည့် ကရင်နီရိမ်းဂျားအဖွဲ့ဝင် ရဲဘော်ငြိမ်းရန်အေးကို အောက်မေ့သတိရကြောင်း Free Burma Rangers (FBR)အဖွဲ့က ယနေ့ ထုတ်ပြန်လိုက်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီရိန်းဂျား လေးဦးကျဆုံးခဲ့ရဟု အသိပေးထားသည်။

ယခုနှစ် ဧပြီ ၁၃ရက်က ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် Joe John ဟု ခေါ်ဆိုသည့် ရဲဘော် ငြိမ်းရန်အေး(ခ) အငြိမ်းသည် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကျဆုံးခဲ့ရသည်ဟု ဆိုသည်။

ရဲဘော် ငြိမ်းရန်အေးသည် ၂ဝ၁၄တွင် Free Burma Rangers (FBR) အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၅ တွင် ၎င်း၏ ပထမဆုံးတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီကျောင်းသား ၂ဝဝကျော်ကို FBR က သင်တန်းပို့ချရာ၌လည်း ရဲဘော် ငြိမ်းရန်အေးက ကူညီပေးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Free Burma Rangers အဖွဲ့တွင် တိုင်းရင်းသားလူမျိုးစုံပါဝင်နေပြီး စစ်ဘေးရှောင်များကိုကျန်းမာ​ရေး​​စောင့်​ရှောက်မှုနှင့်ကူညီရေးဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကာ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများ၌ အဓိက လှုပ်ရှားသည်။

ရဲဘော် ငြိမ်းရန်အေးသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၂)နှင့်အတူ ပါဝင်ဆောင်ရွက်နေပြီး သင်္ကြန်ကလာတိုက်ပွဲ၌ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ရန်ဘက်ထိမှန်ဒဏ်ရာဖြင့် ကျဆုံးခဲ့ရသည်ဟု ဆိုသည်။

“ဒါဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး သိပ်ကိုဝမ်းနည်းကြေကွဲ ရပါတယ်”ဟု ကရင်နီ FBRအဖွဲ့ခေါင်းဆောင်က ပြောကြားကြောင်း FBRက ထုတ်ပြန်သည်။

စစ်ဘေးရှောင် ၂သိန်းခွဲကျော် ထွက်ပြေးနေရသည့် ကရင်နီပြည်နယ်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ကရင်နီရိမ်းဂျား လေးဦးကျဆုံးခဲ့ရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) ရဲ့ အတွင်းရေးမှူး အဖွဲ့ဝင်တစ်ဦးဖြစ်သလို ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC)ရဲ့ဥက္ကဋ္ဌ၊ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ရဲ့ အထွေထွေအတွင်းရေးမှူး စတဲ့ တာဝန်တွေယူထားတဲ့ ဦးအောင်ဆန်းမြင့် ကွယ်လွန်ခြင်းအတွက် ဝမ်းနည်းကြောင်း၊ကောင်းရာသုဂတိမှာငြိမ်းချမ်းစွာ အနားယူနိုင်ပါစေ​ကြောင်း SCEFကထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအတွင်းက တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေဟာ (၃၈) နှစ်မြောက် ရှစ်လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အဖြစ် လှုပ်ရှားမှုတွေ ဒီကနေ့ (သြဂုတ် ၈) မှာ ပြုလုပ်ခဲ့ပါတယ်။

ဆောင်းပါး

ဧပြီလဆန်းလေပြီ။မကြာခင်သင်္ကြန်ကာလရောက်တော့မည်မို့ ရပ်ဝေးက သားတွေသမီးတွေ အလုပ်တွေနားလို့ မိဘအိမ် ပြန်လာကြလေပြီ။ ဖားကန့်မြို့နယ်၊ကျေးရွာတစ်ရွာက ဒေါ်စိုး(အမည်လွှဲ)တစ်ယောက်လည်း သူ့သားလေး ပြန်အလာကို မျှော်လေပြီ။

သတင်း

ရန်နိုင်မင်းစစ်ဆင်ရေး အဖြစ် ရှမ်းပြည်နယ်တောင်ပိုင်းကနေ ကရင်နီပြည်နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့ မြေပြင်စစ်ကြောင်းတွေ၊ယာဥ်တန်းတွေ ချေမှုန်း ဖျက်ဆီးခံနေရပြီး မြေပြင်တပ်သားတွေ ထိခိုက်သေဆုံးမှုများနေတယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF က ဒီကနေ့ ထုတ်ပြန်ပါတယ်။