Connect with us

Hi, what are you looking for?

LuduNwayOo

News

ကျဆုံး ကရင်နီရိမ်းဂျား ရဲဘော်ငြိမ်းရန်အေးကို အောက်မေ့သတိရကြောင်း Free Burma Rangers ထုတ်ပြန်

Free Burma Rangers အဖွဲ့တွင် တိုင်းရင်းသားလူမျိုးစုံပါဝင်နေပြီး စစ်ဘေးရှောင်များကိုကျန်းမာ​ရေး​​စောင့်​ရှောက်မှုနှင့်ကူညီရေးဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကာ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများ၌ အဓိက လှုပ်ရှားသည်။

အာဏာသိမ်းပြီးနောက် ကရင်နီရိမ်းဂျားလေးဦးထိကျဆုံးခဲ့ဟု အသိပေး

စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကျဆုံးခဲ့ရသည့် ကရင်နီရိမ်းဂျားအဖွဲ့ဝင် ရဲဘော်ငြိမ်းရန်အေးကို အောက်မေ့သတိရကြောင်း Free Burma Rangers (FBR)အဖွဲ့က ယနေ့ ထုတ်ပြန်လိုက်ပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကရင်နီရိန်းဂျား လေးဦးကျဆုံးခဲ့ရဟု အသိပေးထားသည်။

ယခုနှစ် ဧပြီ ၁၃ရက်က ဒီးမော့ဆိုမြို့နယ်အတွင်း ဖြစ်ပွားခဲ့သည့်တိုက်ပွဲတွင် Joe John ဟု ခေါ်ဆိုသည့် ရဲဘော် ငြိမ်းရန်အေး(ခ) အငြိမ်းသည် စစ်ကောင်စီတပ်၏ လက်နက်ကြီးကြောင့် ကျဆုံးခဲ့ရသည်ဟု ဆိုသည်။

ရဲဘော် ငြိမ်းရန်အေးသည် ၂ဝ၁၄တွင် Free Burma Rangers (FBR) အဖွဲ့သို့ ဝင်ရောက်ခဲ့ပြီး ၂၀၁၅ တွင် ၎င်း၏ ပထမဆုံးတာဝန်ကို ထမ်းဆောင်ခဲ့ကြောင်း၊ စစ်တပ်အာဏာသိမ်းပြီးနောက် ကရင်နီကျောင်းသား ၂ဝဝကျော်ကို FBR က သင်တန်းပို့ချရာ၌လည်း ရဲဘော် ငြိမ်းရန်အေးက ကူညီပေးခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

Free Burma Rangers အဖွဲ့တွင် တိုင်းရင်းသားလူမျိုးစုံပါဝင်နေပြီး စစ်ဘေးရှောင်များကိုကျန်းမာ​ရေး​​စောင့်​ရှောက်မှုနှင့်ကူညီရေးဆောင်ရွက်ပေးနေသည့် အဖွဲ့အစည်းဖြစ်ကာ နယ်စပ်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နယ်မြေများ၌ အဓိက လှုပ်ရှားသည်။

ရဲဘော် ငြိမ်းရန်အေးသည် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)တပ်ရင်း(၂)နှင့်အတူ ပါဝင်ဆောင်ရွက်နေပြီး သင်္ကြန်ကလာတိုက်ပွဲ၌ စစ်ကောင်စီတပ်ပစ်ခတ်သည့် လက်နက်ကြီးကျည် ရန်ဘက်ထိမှန်ဒဏ်ရာဖြင့် ကျဆုံးခဲ့ရသည်ဟု ဆိုသည်။

“ဒါဟာ ကျွန်တော်တို့အတွက် ကြီးမားတဲ့ဆုံးရှုံးမှုတစ်ခုဖြစ်ပြီး သိပ်ကိုဝမ်းနည်းကြေကွဲ ရပါတယ်”ဟု ကရင်နီ FBRအဖွဲ့ခေါင်းဆောင်က ပြောကြားကြောင်း FBRက ထုတ်ပြန်သည်။

စစ်ဘေးရှောင် ၂သိန်းခွဲကျော် ထွက်ပြေးနေရသည့် ကရင်နီပြည်နယ်သို့ စစ်ကောင်စီတပ်က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်၏ လက်ချက်ကြောင့် ကရင်နီရိမ်းဂျား လေးဦးကျဆုံးခဲ့ရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်နီ အမျိုးသားစည်းလုံးညီညွတ်ရေးအဖွဲ့ (KNSO)မှ ယနေ့ ဧပြီ ၁၀ရက်တွင် သဘောထား ထုတ်ပြန်ချက်ဖြင့် ယခုကဲ့သို့ အသိပေးခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီကို တိုက်ခိုက်ရသည့် အကြောင်းအရင်းများကို ဖော်ပြသည်။

သတင်း

ကိုမာန်ဇာမြေမွန်နှင့် ကိုအောင်ကျော်ဇင်တို့အား မြို့တော်ခန်းမအတွင်းရှိ စစ်သားများက ရိုက်နှက် နှိပ်စက်ခဲ့ရာ ကိုအောင်ကျော်ဇင်မှာ မတ်လ (၂၉) ရက်နေ့တွင် ကျဆုံးခဲ့ကြောင်း မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က ပြောကြားသည်။

သတင်း

ကယ်ထုတ်ခဲ့သူများတွင် ဘုန်းကြီးနှင့် ကိုရင်များ ၊က​လေူငယ်များ ၊အမျိုးသမီး အများစုပါဝင်ပြီး သက်ကြီးရွယ်အိုနှင့်အရွယ်စုံအမျိုးသားများလည်းပါဝင်သည်။

သတင်း

ယာယီသမ္မတထံသို့ ဝန်ကြီးဦးရည်မွန်က သွားရောက်တင်ပြခဲ့ပြီး ဒုဝန်ကြီး နိုင်ကောင်းရွက်က ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းတို့ထံ တင်ပြခဲ့သည်ဟု အသိပေးသည်။