Connect with us

Hi, what are you looking for?

News

မြေ​တော်ရဲစခန်းမှ​ဈေး​ဝယ်ထွက်လာ​သောရဲများကို PDF တိုက်ခိုက် ၃ ဦး​သေ ၊ ၂ ဦးဒဏ်ရာအပြင်းအထန်ရ

တိုက်ခိုက်ခံရပြီးနောက် ယနေ့ မေလ ၂၄ ရက်နေ့တွင် မြေတော်ရဲစခန်းမှ စစ်သားအချို့ နှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာထွက်​ပြေးသွားကြောင်း ဒေသခံများက ပြောသည်။

(စစ်​ကောင်စီရဲများထံမှသိမ်းဆည်းရမိ​သောလက်နက်၊ ဗုံးသီး၊ကျည်နှင့် ​ငွေသားအချို့ ။ ။ဓါတ်ပုံ-YSO. I S A)

●တိုက်ခိုက်ခံရပြီး​နောက်​နေ့တွင် ​မြေ​တော်ရဲစခန်းမှစစ်သားနှင့်ရဲများ စခန်းကိုစွန့်ခွာထွက်​ပြေး

မကွေးတိုင်း၊ရေစကြိုမြို့နယ်၊မြေတော်ရဲစခန်းမှ စျေးဝယ်ထွက်လာသည့် စစ်​ကောင်စီလက်​အောက်ခံ ရဲတပ်ဖွဲ့ဝင်များအား ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ ရဲ၃ဦးသေဆုံးကြောင်း YSO.I S A(ရေလယ်ကျွန်းဒေသ ပြောက်ကျားတပ်)က သတင်းထုတ်ပြန်သည်။

ယမန်နေ့ (မေလ ၂၃ ရက်နေ့) နံနက် ၁၀နာရီခွဲခန့်က ရေစကြိုမြို့နယ်၊ မြေတော်ရဲစခန်းမှ ဈေးဝယ်ထွက်လာသော ရဲ ၇ဦးအား ဝင်ရောက်ပစ်ခတ်ခဲ့ရာ၃ဦး သေဆုံးပြီး ၂ဦးအပြင်းအထန်ဒဏ်ရာရရှိသွားကြောင်း YSO.I S A အဖွဲ့က ပြောသည်။

(စစ်​ကောင်စီရဲများထံမှသိမ်းဆည်းရမိ​သောလက်နက်၊ ဗုံးသီး၊ကျည်နှင့် ​ငွေသားအချို့ ။ ။ဓါတ်ပုံ-YSO. I S A)

ထို့အပြင် G3 ​သေနတ် ၂လက်၊G3ကျည် ၃၅တောင့်နှင့် လက်ပစ်ဗုံး ၁လုံး၊ဖုန်း ၂လုံး၊ ​ ငွေ-၃၁၄၅၀ကျပ်တို့ သိမ်းဆည်းရမိခဲ့ကြောင်း YSO.I S A အဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါတိုက်ခိုက်မှုတွင် YSO.I S A(ရေလယ်ကျွန်းဒေသ ပျောက်ကျားတပ်)၊MGN-Tiger၊ Bagan Nyaung Oo PDF၊ Black Wolf PDF -Mdy မဟာမိတ်အဖွဲ့များ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း ၎င်းတို့က ပြောသည်။

တိုက်ခိုက်ခံရပြီးနောက် ယနေ့ မေလ ၂၄ ရက်နေ့တွင် မြေတော်ရဲစခန်းမှ စစ်သားအချို့ နှင့် ရဲတပ်ဖွဲ့ဝင်များ စခန်းကိုစွန့်ခွာထွက်​ပြေးသွားကြောင်း ဒေသခံများက ပြောသည်။

ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသရှိ ကျေးရွာများတွင် အကြမ်းဖက်စစ်တပ်က ကျေးရွာပေါင်းများစွာမှ အိမ်ခြေပေါင်းရာချီမီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူများကိုလည်း ဖမ်းဆီးသတ်ဖြတ်မှုများ ပြုလုပ်ခဲ့သည်။ ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များနှင့်လည်း မကြာခဏတိုက်ပွဲများ ဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့မှာ ဒေသခံတွေလုံခြုံရေးအတွက် ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကို ၂ လကျော်အကြာမှာ ပြန်လည်ရုပ်သိမ်းလိုက်ပြီလို့ ကောလင်းခရိုင်အမှတ်(၄)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲဘော် တွေအနေနဲ့ ဒရုန်းနည်းပညာ စစ်ရေးမှာ အသုံးပြုတာနဲ့ ပတ်သက်ပြီး စစ်အုပ်စုထက် ပိုသာကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။