Connect with us

Hi, what are you looking for?

News

စစ်အာဏာသိမ်းတာကို ပထမဆုံးလမ်းပေါ်ထွက်ဆန္ဒပြသူတွေထဲကဖမ်းခံရသူ ၄ ဦးကိုထောင်ချ

၁၅ မိနစ်ကျော်ကြာဆန္ဒပြပြီးနောက် လူစုခွဲရာမှာ ကျောင်းသား ၄ ဦးဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။

စစ်အာဏာသိမ်းမှုကိုအလိုမရှိကြောင်း နဲ့ အာဏာသိမ်းမှုကို လက်မခံကြဖို့ ပထမဆုံးလမ်းပေါ်ထွက်ပြီး ဆန္ဒပြကြတဲ့ မန္တလေးက ကျောင်းသား၄ ဦးကို စစ်အုပ်စုက ထောင်ဒဏ်အသီးသီးမနေ့က ချလိုက်ပါတယ်။

သူတို့ ၄ ဦးကို မန္တလေး အိုးဘိုထောင်တရားရုံးမှာအမှုစီရင်ပြီး ငြိမ်းစုစီပုဒ်မ ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးပုဒ်မတွေနဲ့ ထောင်ဒဏ် ၁ နှစ်နဲ့ ၉ လစီ ချလိုက်တာလို့သိရပါတယ်။ ဖမ်းဆီးထားတဲ့ တစ်နှစ်ကျော်ကာလကိုလည်း ချုပ်ရက်ခံစားခွင့်ပြုတယ်လို့သိရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ဖေဖော်ဝါရီလ ၄ ရက်မှာ ဒေါက်တာတေဇာဆန်းဦးဆောင်ပြီး မန္တလေးဆေးတက္ကသိုလ်ရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။ အဲဒီဆန္ဒပြပွဲဟာ ပြည်သူတွေ စစ်တပ်အာဏာသိမ်းတာကိုလက်သင့်မခံဖို့ ၊ ဖမ်းဆီးထားတဲ့ခေါင်းဆောင်တွေကို ပြန်လွှတ်ဖို့ ၊လက်နက်အားကိုးဝါဒကို ဆန့်ကျင်ဖို့ကြွေးကြော်ဆန္ဒပြခဲ့ကြတာပါ။

၁၅ မိနစ်ကျော်ကြာဆန္ဒပြပြီးနောက် လူစုခွဲရာမှာ ကျောင်းသား ၄ ဦးဖမ်းခံခဲ့ရတာပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်တပ်အာဏာသိမ်းတာကို လက်နက်မဲ့ ငြိမ်းချမ်းစွာဆန္ဒပြသူတွေကို စစ်တပ်ကတိုက်ပွဲသုံးလက်နက်​တွေနဲ့ အကြမ်းဖက်သတ်ဖြတ်မှု တွေအပြီး မန္တလေးမြို့မှာ ၂၀၂၁ ခုနှစ်က စစ်တပ်ကို ထိတ်လန့် အောင်ပြုလုပ်နိုင်ခဲ့သူတွေ​ပေါ်လာခဲ့ပါတယ်။

ဆောင်းပါး

စစ်အာဏာသိမ်းမှုနောက်ပိုင်း ပဋိပက္ခတွေနဲ့ အကျပ်အတည်းတွေကြားမှာ မြန်မာနိုင်ငံက ကလေးငယ်တွေဟာ မရေရာမှုတွေနဲ့ ပြည့်နှက်နေတဲ့ ဘဝကို ဖြတ်သန်းရင်း နေ့စဉ် အသက်အန္တရာယ်တွေနဲ့ နီးကပ်စွာ ရှင်သန်နေကြရပါတယ်။ ဒီလို စိုးရိမ်ဖွယ်အခြေအနေတွေကြားမှာ ရှင်သန်နေကြရတဲ့ ကလေးတွေရဲ့ အသက်ကို ကာကွယ်ပေးဖို့ နိုင်ငံတကာက အကူအညီဆိုတာ တကယ်အားကိုးစရာ မျှော်လင့်ချက်တစ်ခုပါ။

ဆောင်းပါး

နိုင်ငံတစ်နိုင်ငံ ပျက်စီးယိုယွင်းသွားတဲ့အခါ အဲဒီနိုင်ငံသားတွေရဲ့ အနာဂတ်နဲ့ အိမ်မက်တွေဟာလည်း နိုင်ငံနဲ့အတူ ပြာကျသွားရပါတယ်။ မိမိချစ်ခင်မြတ်နိုး သံယောဇဉ် ကြီးလှတဲ့ ကိုယ့်အသိုက်အမြုံကို စွန့်ခွာပြီး၊ အသက်ရှင်သန်ခွင့်ရရုံ သက်သက်အတွက် အခြားနိုင်ငံဆီ ထွက်ခွာသွားကြတဲ့ ဖြစ်တည်မှုကို 'Survival Migration' (အသက်ရှင်ရေးရွှေ့ပြောင်းခြင်း) လို့ ခေါ်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုရဲ့ သမီးဖြစ်သူ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ လူငယ်တာဝန်ခံ မမိုး ဆန်းစုကြည်ကို အာဏာသိမ်းစစ်တပ်က အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)နဲ့ ထပ်မံတရားစွဲဆိုပြီး ထောင်ဒဏ်ငါးနှစ်ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောကြပါတယ်။