Connect with us

Hi, what are you looking for?

သတင်း

စစ်သားနှင့်ရဲ လက်နက်နှင့်အတူ အလင်းဝင်လာပါက ကျပ်သိန်း ၃၀ပေးမည်ဟု ရှမ်းတောင်မှ အမှတ်(၁၀၀၈) တပ်ရင်း ကြေညာ

အမှတ်(၁၀၀၈)တပ်ရင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ညောင်ရွှေအစပ် တိုက်ပွဲများ၌ အခြား တော် လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

ဓမ္မဘက်ခိုလှုံလိုသော စစ်သားနှင့် ရဲများအတွက် လက်နက်နှင့်အတူ အလင်းဝင်ပါက ဆုကြေးငွေ ကျပ်သိန်း ၃၀နှင့် လုံခြုံရေးအပြည့်အ၀ အာမခံပေးမည် ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း အခြေစိုက် အမှတ်(၁၀၀၈)တပ်ရင်းက ယနေ့ ကြေညာသည်။

“သမိုင်းမှာ အမဲစက်မစွန်းဖို့ရာ နောက်ဆုံးအခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ပါ”ဟု လည်းကြေညာချက်၌ ဖော်ပြထားသည်။

ရှမ်းတောင်ရှိ စစ်တပ်အတော်များများ၌ CDM လုပ်ချင်သည့် ရဲဘော် စစ်သားများရှိနေသေးသည်ကို ကြားသိရကြောင်း၊ ထို့ပြင် အကြမ်းဖက်စစ်ကောင်စီ အသုံးချခံ အဖွဲ့အစည်းအောက်၌ မနေချင်သည့် ရဲဘော်များလည်းရှိကြောင်း အမှတ်(၁၀၀၈)တပ်ရင်းက ဆိုသည်။

Public Service Announcement

“ဒါကြောင့် မိမိတို့၁၀၀၈ တပ်ရင်းဆီသို့ဟိုဖက်ကပြေးလာလာ ဒီဖက်ကပြေးလာလာဘာကိုယ် ရေးလှို့ဝှက်ချက်မှ မပေါက်ကြားစေရပါဘူးလို့အာမခံပါတယ်။ နိုင်ငံခြားဘဲသွားသွားပြည်သူ့ ရင်ခွင်ထဲနေပီး ပြည်သူဖက်ကနေပြန်တိုက်ကူလို့လည်းရပါတယ်။ လက်နက်တစ်ခုခုယူ လာတာဖြစ်ဖြစ်လက်နက်စခန်းကိုမီးရှို့တာဖြစ်ဖြစ် လုပ်ခဲ့ပေါ့ဗျာ။ ”ဟု အမှတ် (၁၀၀၈)တပ်ရင်း၏ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

Public Service Announcement

Public Service Announcement

အမှတ်(၁၀၀၈)တပ်ရင်းသည် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံနှင့် ညောင်ရွှေအစပ် တိုက်ပွဲများ၌ အခြား တော် လှန်ရေးအင်အားစုများနှင့် ပူးပေါင်းပြီး တိုက်ပွဲဝင်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်က ငါးဘတ်ကြီးရွာကို စစ်တပ်က လေကြောင်းနဲ့ လက်နက်ကြီးအသုံးပြုပစ်ခတ်တာ​ကြောင့် ကလေးငယ်တဦးအပါအဝင် အရပ်သားနှစ်ဦးလက်နက်ကြီးကျည်ထိမှန်သေဆုံးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။

သတင်း

ဩဂုတ်လ၁ရက် မနက်၉နာရီခွဲခန့်က ဖားကန့်မြို့၊ လုံးခင်းဆေးရုံကုန်းအနီးမှာအိမ်တစ်အိမ် ဓားပြတိုက်ခံနေရတာကိုသတင်းရတဲ့KIAနဲ့ KPDFကပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။