Connect with us

Hi, what are you looking for?

သတင်း

NLDနှင့် KNUတွေ့ဆုံပြီး စစ်အာဏာရှင်ပြုတ်ကျရေး၊ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ဆက်လက်ပူးပေါင်းဆောင်ရွက်ရန်ဆွေးနွေး

KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ အမြဲတမ်း ဗဟိုကော်မတီဝင်များနှင့် ဦးအောင်ကြည်ညွန့် ခေါင်းဆောင်သည့် NLD ဗဟိုအလုပ်ကော်မတီဝင်များသည် မေလ ၂၇ရက်တွင် အွန်လိုင်းမှ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

(NLDပါတီ နှင့် KNU တာဝန်ရှိသူများ ယခင်က တွေ့ဆုံဆွေးနွေးနေစဥ်)

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နှင့် ကရင်အမျိုးသားအစည်းအရုံး(KNU) တာဝန်ရှိသူများ ယနေ့တွင် အွန်လိုင်းမှ တွေ့ဆုံ၍ စစ်အာဏာရှင် ပြုတ်ကျရေး နှင့် ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေး ကိစ္စရပ်များအပေါ် ဆက်လက်ပူးပေါင်းဆောင်ရွက်ရန် ဆွေးနွေးခဲ့သည်ဟု KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက ပြောကြားသည်။

KNU ဒုဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ပဒိုစောတာဒိုမူး၊ အမြဲတမ်း ဗဟိုကော်မတီဝင်များနှင့် ဦးအောင်ကြည်ညွန့် ခေါင်းဆောင်သည့် NLD ဗဟိုအလုပ်ကော်မတီဝင်များသည် မေလ ၂၇ရက်တွင် အွန်လိုင်းမှ ဆွေးနွေးခဲ့ကြသည်ဟု ဆိုသည်။

“အတိုချုပ်ပြောရမယ်ဆိုရင်တော့ ရှေ့ကာလမှာ ဘယ်လိုဆက်ပြီး ပူးပေါင်းဆောင်ရွက်ကြမလဲ ဒါလောက်ပါပဲ။ ကျွန်တော်တို့ရဲ့ အဓိက ရည်မှန်းချက်ဖြစ်တဲ့ ဖက်ဒရယ်ဒီမိုကရေစီကို ဘယ်လို တည်ဆောက်ကြမလဲ။ နောက်ပြီး စစ်အာဏာရှင် ပြုတ်ကျရေးကို ဘယ်လိုဆက်လက်ဆောင်ရွက်သွားမလဲ ဒါလောက်ပါပဲ”ဟု ပဒိုစောတောနီးက ပြောသည်။

ယခု KNU နှင့် NLDတာဝန်ရှိသူများ၏ တွေ့ဆုံဆွေးနွေးမှုသည် စစ်တပ်အာဏာသိမ်းပြီးနောက် တတိယအကြိမ်မြောက်တွေ့ဆုံသည်ဟုဆိုနိုင်ကြောင်း၊ မကြာမကြာ တွေ့ဆုံရန်ရှိကြောင်း ပဒိုစောတောနီးက ပြောသည်။

Public Service Announcement

Public Service Announcement

လူထုကို သတင်းပေးချင်သည်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆောင်ရွက်နေသည့်အဖွဲ့ကြီး နှစ်ဖွဲ့ ရှေ့ဆက်ပူးပေါင်းလုပ်ဆောင်သွားနိုင်မှုသည် ပိုမိုအကျိုးရှိမည်ဖြစ်ကြောင်း၊ အချင်းချင်း မကြာခဏတွေ့ဆုံလေ ပိုမိုနားလည်မှုရှိလေဖြစ်ကြောင်း ပဒိုစောတောနီးက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU)နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီတို့ တွေ့ဆုံခြင်းသည် ပုံမှန်တွေ့ဆုံခြင်းဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေနှင့် ရှေ့ဆက်သွားမည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်အတွက် အတွေးအမြင်ဖလှယ်ခဲ့ကြောင်း ဗဟို အလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောသည်။

“အခုက ဖက်ဒရယ်ဒီမိုကရေစီလမ်းခရီးကို အမြန်ဆုံးရောက်ဖို့အတွက် ကျွန်တော်တို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့လည်း ကြိုးစားနေတယ်။ အဲဒီလိုမျိုးပဲ ရည်မှန်းချက်တူတဲ့ အဖွဲ့ အစည်းတွေအားလုံးနဲ့လည်း မိတ်ဖက်ဆက်ဆံရေးတည်ဆောက်မယ်ဆိုတဲ့ မူရှိတယ်။ တွေ့လို့ရတဲ့ အဖွဲ့တွေနဲ့တော့ တွေ့တာတွေ ရှိပါတယ်။ တွေ့ဆုံဆွေးနွေးမှုတွေက ပြောလို့ရတဲ့ အခြေအနေရှိရင် ပြောပါတယ်။ ပြောလို့ မရတဲ့အခြေအနေရှိရင် မပြောသေးပါဘူး။ အဲဒါလေး နားလည် ပေးပါ” ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ(ICRC) ကိုယ်စားလှယ်တို့ တွေ့ဆုံခဲ့ကြောင်း သတင်းတွေအပေါ် အလေးထား စောင့်ကြည့်သုံးသပ်နေပြီး ICRC ရဲ့ လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ကြိုးပမ်းမှုကို အသိအမှတ်ပြုတယ်လို့ NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က စစ်မှုထမ်း‎တပ်သားတစ်ဦး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ(၄) တပ်‌ရင်း(၂၀၃)ထံ အလင်းဝင်လာကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)မြိတ်ထားဝယ်ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အုပ်စုရဲ့ဟန်ပြလုပ်ရပ်တွေ စိစစ်ပြီး ကျားဖြန့်လုပ်ငန်း အမှန်တကယ် တိုက်ဖျက်နေတဲ့ မြေပြင်အဖွဲ့တွေနဲ့ လက်တွဲပူးပေါင်းဖို့ အိမ်နီးချင်းနဲ့ နိုင်ငံတကာထံ တောင်းဆို

သတင်း

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့မွေးနေ့မှာသံဃာတွေကိုဆွမ်းလောင်းပြီး မွေးနေ့ဆုတောင်းပေးခဲ့တဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဒေါက်တာစောနိုင်ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးပြီးနောက် ထောင်ဒဏ်သုံးနှစ်ချလိုက်တယ်လို့ ပါတီနဲ့နီးစပ်သူအချို့ဆီကသိရပါတယ်။