Connect with us

Hi, what are you looking for?

သတင်း

မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပေပါမိုင်းဖြင့် တိုက်ခိုက်

အင်အား ၃၀၀ ခန့်ရှိ အဆိုပါစစ်ကြောင်းနှစ်ခုမှာ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် ထိခိုက်သေဆုံးများနိုင်ပြီး ထုတ်ပြန်ချက်၌ စာရင်းအတိအကျအား ဖော်ပြထားခြင်းမရှိသေးပေ။

(မြိုင်PDFအဖွဲ့ဝင် ရဲဘော်အချို့အား တွေ့ရစဥ်။)

မြိုင်မြို့နယ်အနောက်ဘက်ခြမ်းသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို ပေပါမိုင်းနှစ်လုံး၊ မိုင်းခုနစ်လုံးတို့ဖြင့် တိုက်ခိုက်ခဲ့ကြောင်း အဆိုပါမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(မေ ၂၇)ထုတ်ပြန်သည်။

ယနေ့နံနက် ၉ နာရီခန့်တွင် မြိုင်မှ ကိုင်းတောမသို့ ထွက်လာသော စစ်ကြောင်းနှင့် ပခုက္ကူမြို့မှ ကိုင်းတောမဘက်သို့ လာသောစစ်ကြောင်း နှစ်ခုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အင်အား ၃၀၀ ခန့်ရှိ အဆိုပါစစ်ကြောင်းနှစ်ခုမှာ မိုင်းဆွဲတိုက်ခိုက်ခံရခြင်းကြောင့် ထိခိုက်သေဆုံးများနိုင်ပြီး ထုတ်ပြန်ချက်၌ စာရင်းအတိအကျအား ဖော်ပြထားခြင်းမရှိသေးပေ။

“ဆက်လက်ချီတက်လာပါက အထိတ်တလန့်ဖြစ်စေရန် ပြင်ဆင်ထားရှိပါကြောင်းနှင့် စခ၊ ရခများမှအပြစ်မဲ့ပြည်သူကို သတ်ဖြတ်ခြင်းများရှိနိုင်ပါသဖြင့် ဘေးလွတ်ရာရှောင်ရှားပေးပါရန်သတိပေးထုတ်ပြန်အပ်ပါသည်”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“မြိုင်မြို့နယ်လေး အဖိခံနေရတယ်။ မြိုင် (ပကဖ)ကော ရှိသမျှ Local PDF လေးတွေကို ထောက်ပံ့ဖို့ တောင်းဆိုပါတယ်။ ဘယ်အဖွဲ့ပဲဖြစ်ဖြစ် ထိရောက်ပါတယ်။”ဟု ဆက်လက် ပြောသည်။

ယနေ့နံနက်ပိုင်းတွင် မြိုင်မြို့နယ်အနောက်ပိုင်းသို့ အင်အား ၂၀၀ ဝန်းကျင်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် ဒေသကာကွယ်ရေးအဖွဲ့များသည် နေ့လယ် ၁နာရီဝန်းကျင်မှ စတင်ကာ တဲကြီးရွာ၊ နယ်သတ်ရွာ အနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များက မြိုင်နယ်အတွင်းသို့ စနိုက်ပါများ၊ RPG၊ (၆၀) မမ၊ (၁၂၀) မမ များ အသုံးပြုကာ သာလွန်အင်အားဖြင့် ထိုးစစ်ဆင်နေကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊မင်းတုန်းအနောက်ခြမ်းကတဆင့် ရခိုင်ရိုးမပေါ် စစ်ကြောင်းထိုးဖို့ ပေါ်တာဆွဲခံထားရတဲ့ စစ်မှုထမ်းတပ်သားသစ်တွေအနေနဲ့ စစ်အုပ်စုအရာရှိတွေကို ရှင်းလင်းနိုင်ခဲ့ရင် ကျပ်သိန်း ၁၀၀ ကနေ ၁၀၀၀ အထိ ရာထူးအဆင့်ပေါ်မူတည်ပြီး ဆုပေးမယ်လို့ သရက်ခရိုင်ပကဖ(ပြည်သူ့ကာကွယ်ရေးအဖွဲ့)တာ၀န်ခံကိုဗဟိန်းက ပြောကြားလိုက်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook