Connect with us

Hi, what are you looking for?

သတင်း

စစ်​ကောင်စီက စစ်ကိုင်းနှင့်မ​ကွေး ​ဒေသအချို့တွင် ဖုန်းနှင့်အင်တာနက်လိုင်းများကိုဖြတ်​တောက်ပြန်

ဆက်သွယ်​ရေးကုမ္ပဏီအချို့ထံမှ​သိရ​သောသတင်းအရ ယ​နေ့ညမှစ၍ မေ ၂၉ ရက် ည​နေအထိ့ အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မည်ဆို​သော မြို့နယ်များမှာ စစ်ကိုင်းတွင် မုံရွာ၊ ကနီ၊ ပုလဲ၊ ယင်းမာပင်နှင့်ဆားလင်းကြီး ၊ မကွေးတိုင်းတွင် မြိုင်၊ ရေစကြို၊ ဂန့်ဂေါနှင့်ပေါက်မြို့နယ်တို့တွင်ဖြစ်သည်ဟုသတင်းပျံ့နှံ​နေသည်။

ဖုန်းနှင့်အင်တာနက်လိုင်းများကိုဖြတ်​တောက်
ဖုန်းနှင့်အင်တာနက်လိုင်းများကိုဖြတ်​တောက်

စစ်ကိုင်းနှင့်မကွေးတိုင်းဒေသ အချို့တွင်ယ​နေ့ (မေ ၂၈ ရက်) ည ၁၂ နာရီမှစ၍ ဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများပြတ်​တောက်သွားသည်။

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းရှိ မြို့နယ် ၉ခု တွင် မေ ၂၈ ရက် ည ၁၂ နာရီမှ မေ ၂၉ ညနေ ၄နာရီအထိ အင်တာနက်လိုင်းနှင့်ဖုန်းလိုင်းများဖြတ်တောက်မည်ဟု သတင်းများယ​နေ့ည တွင် ပျံ့နှံပြီး နာရီပိုင်းအကြာတွင် ​ဒေသအချို့တွင် လိုင်းများပြတ်​တောက်သွားခြင်းဖြစ်သည်။

“စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွာ-အမြင့်လမ်းနယ်တွင် ယနေ့ည ၁၁နာရီ၄၂မိနစ်မှစ၍ MPT internetလိုင်းများ ဖျတ်တောက်သွားပြီး ဖုန်းလိုင်းလည်း အနည်းငယ်သာကောင်းကြောင်း သိရှိရပါတယ်။”ဟု မုံရွာအမြင့်လမ်းသတင်းမှန်ပြန်ကြားရေး က သတင်းထုတ်ပြန်ထားသည်။

ဂန်ံ့ဂေါမြို့၊ ယောဒေသအချို့တွင် လည်း ည ၁၂ နာရီခန့်ကစတင်ပြီး အင်တာနက်လိုင်းများ ပြတ်တောက်နေပြီး ဖုန်းလိုင်းတချို့လည်း အဆက်အသွယ်ပြတ်တောက်နေသည်ဟု ထိုဒေသကို အဆက်အသွယ်ပြုလုပ်ခဲ့သူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

ဆက်သွယ်​ရေးကုမ္ပဏီအချို့ထံမှ​သိရ​သောသတင်းအရ ယ​နေ့ညမှစ၍ မေ ၂၉ ရက် ည​နေအထိ့ အင်တာနက်နှင့် ဖုန်းလိုင်းဖြတ်တောက်မည်ဆို​သော မြို့နယ်များမှာ စစ်ကိုင်းတွင် မုံရွာ၊ ကနီ၊ ပုလဲ၊ ယင်းမာပင်နှင့်ဆားလင်းကြီး ၊ မကွေးတိုင်းတွင် မြိုင်၊ ရေစကြို၊ ဂန့်ဂေါနှင့်ပေါက်မြို့နယ်တို့တွင်ဖြစ်သည်ဟုသတင်းပျံ့နှံ​နေသည်။

​မေလ ၂၄ ရင်တွင်လည်း စစ်​ကောင်စီတပ်က စစ်ကိုင်းတစ်တိုင်းလုံးကိုဖုန်းနှင့်အင်တာနက်လိုင်းများကိုဖြတ်​တောက်ခဲ့​သေးသည်။​ဧပြီလကုန်ပိုင်းမှ စ၍ စစ်ကိုင်းတိုင်းတွင် မုံရွာ၊​ရွှေဘို ၊စစ်ကိုင်း၊က​လေး မြို့မှ အပ ကျန်​ဒေသအားလုံးတွင်အင်တာနက်လိုင်းများဖြတ်​တောက်၍ စစ်​ကောင်စီတပ်က စစ်ကိုင်းတိုင်းတွင် ပြည်သူများကိုသတ်ဖြတ်ပြီး ​နေ​အိမ်​ပေါင်း​ထောင်ရှိမီးရှို့ဖျက်ဆီး​နေခြင်းဖြစ်သည်။

စစ်​ကောင်စီက ဖုန်းလိုင်းနှင့်အင်တာနက်လိုင်းများကို စစ်ကိုင်း၊ချင်း၊မ​ကွေး၊ကချင် စ​သော​ဒေသများတွင် မကြာခဏဖြတ်​တောက်​နေသည်။ထိုသို့လိုင်များဖြတ်​တောက်ပြီး စစ်​ကောင်စီတပ်သည် ထို​ဒေသများမှ ပြည်သူများအ​ပေါ်အကြမ်းဖက်မှုများပိုမို့ ပြုလုပ်​လေ့ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက်(၈၁)နှစ်ပြည့် မွေးနေ့အကြို နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၈)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီလှုပ်ရှားမှုတွေ ပြုလုပ်ဖို့ လှုံ့ဆော်မှုတွေကို ဒီက​နေ့ (ဇွန် ၁၇) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ မကွေးတိုင်းအတွင်းက ဒေသခံပြည်သူတွေ၊ တော်လှန်သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၆)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်မှ သပိတ်အင်အားစုတွေနဲ့ တော်လှန်ပြည်သူတွေက လာမယ့်ဇွန်လ ၁၉ရက်မှာ ကျရောက်မယ့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ တစ်နိုင်ငံလုံးဆိုင်ရာ လူထုလှုပ်ရှားမှုအနေနဲ့ နှင်းဆီလှုပ်ရှားမှု (ROSE Movement: Roses of Hope) ပြုလုပ်ဖို့ အတွက်လက်ကမ်းစာစောင်ဖြန့်ဝေခြင်း ပြုလုပ်ခဲ့ပါတယ်။