Connect with us

Hi, what are you looking for?

သတင်း

က​လေးမြို့တွင် စစ်​ကောင်စီတပ်ကလက်နက်ကြီးဖြင်ရမ်းပစ်၍ စစ်​ရှောင်မိသားစုဝင်သုံးဦး​သေဆုံး၊​ ခြောက်လသားက​လေးငယ်ကျန်ရစ်

ကလေးမြို့ပေါ်တိုက်ခိုက်မှုများဖြစ်ပြီးနောက် ယမန်​နေ့ည ည ၁၂ နာရီတွင် စန်းမြို့ရပ်ကွက်ရှိ အ.ထ.က (၈ ) ကျောင်းဆောင်မီးလောင်ခဲ့​ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ ​

စစ်​ကောင်စီတပ်လက်နက်ကြီး ကျည်ထိ၍ ကွယ်လွန်ခဲ့​သောက​လေးမိခင်နှင့်ကျန်ရစ်ခဲ့​သောက​လေးငယ်။ ။ဓါတ်ပုံ-Zalen
စစ်​ကောင်စီတပ်လက်နက်ကြီး ကျည်ထိ၍ ကွယ်လွန်ခဲ့​သောက​လေးမိခင်နှင့်ကျန်ရစ်ခဲ့​သောက​လေးငယ်။ ။ဓါတ်ပုံ-Zalen

ကလေးမြို့၊ တာဟန်းရပ်ကွက်အတွင်း စစ်ကောင်စီတပ်က ယမန်​နေညတွင် လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့်စစ်ဘေးရှောင်မိသားစုဝင် ၃ ဦး သေဆုံးသွားကြောင်း ကလေးမြို့ခံများက ပြောသည်။

ယမန့်နေ့(မေ ၂၈ ရက်) ည ၇နာရီခန့်က ကလေးမြို့တွင် တိုက်ပွဲဖြစ်ပွားပြီးသေနတ်ပစ်ခတ်သံများ တရစပ်ထွက်ပေါ်လာပြီးနောက် စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် လူနေရပ်ကွက်များသို့ရမ်းသန်း ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။ စစ်​ကောင်စီ၏ ဂိတ်စခန်းများကို ​​တော်လှန်​ရေးအဖွဲ့များကဝင်​ရောက်တိုက်ခိုက်ပြီး တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

လက်နက်ကြီးကျည် ကျထား​သော​နေရာ။ ဓာတ်ပုံ-ခိုနူမ်းသုန်
လက်နက်ကြီးကျည် ကျထား​သော​နေရာ။ ဓာတ်ပုံ-ခိုနူမ်းသုန်

တိုက်ပွဲဖြစ်ပွားပြီး​နောက်စစ်​ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုများကြောင့် ကလေးမြို့၊ တာဟန်းရပ်ကွက်၊ မေတ္တာ(Agape) ဆေးရုံအနောက်ဖက် ကပ်ရပ် နေအိမ်သို့ လက်နက်ကြီးကျည်ကျရောက်ခဲ့ပြီး တစ်မိသားစုတည်းမှအသက် ၄၅ နှစ်အရွယ်မိခင်နှင့် အသက်၂၅ နှစ်အရွယ်သမီး ၊အသက် ၂၇ နှစ်အရွယ်ရှိသမက် တို့ ကွယ်လွန်ခဲ့သည်။ အသက် ၂၇ နှစ်အရွယ်အမျိုးသားနှင့် အသက် ၂၅ နှစ်အရွယ် အမျိုးသမိး တို့၏ ဇနီး​မောင်နှံတွင် ​ခြောက်လအရွယ်က​လေးငယ်တစ်ဦး ကျန်ရစ်ခဲ့သည်။

စစ်​ကောင်စီ၏ လက်နက်ကြီးကျည် အကျွင်းအကျန်တစ်ခု။ ဓာတ်ပုံ-ခိုနူမ်းသုန်
စစ်​ကောင်စီ၏ လက်နက်ကြီးကျည် အကျွင်းအကျန်တစ်ခု။ ဓာတ်ပုံ-ခိုနူမ်းသုန်

“မင်းကင်းဘက်ကနေ စစ်ဘေးရှောင်ပြီး ကလေးမြို့ကိုရောက်နေတာ တစ်အိမ်ထဲမှာသုံးယောက်လုံးသေတာ။”ဟု ကလေးမြို့ခံတစ်ဦးက People’s Springသို့ပြောသည်။

Public Service Announcement

Public Service Announcement

ထိုအပြင်ရပ်ကွက် အတွင်းလက်နက်ကြီးကျပြီး မပေါက်ကွဲသေး​သော ကျည်ဆံတစ်ခုကျန်ရှိ​နေ​သေး​ကြောင်းလည်း မြို့ခံတစ်ဦးက​ပြောသည်။

ထိုအတူ ကလေးမြို့၊တောင်ဖီလာတောင်ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က စက္ကန့်ကျေးရွာထဲသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ကလေးမိခင်တစ်ဦး ညာဘက်လက်ပြတ်သွားခဲ့သည်ဟု ဒေသခံများကပြောသည်။

ကလေးမြို့ပေါ်တိုက်ခိုက်မှုများဖြစ်ပြီးနောက် ယမန်​နေ့ည ည ၁၂ နာရီတွင် စန်းမြို့ရပ်ကွက်ရှိ အ.ထ.က (၈ ) ကျောင်းဆောင်မီးလောင်ခဲ့​ကြောင်းလည်း ဒေသခံများထံမှ သိရသည်။ ​

လက်ရှိတွင် ကလေးမြို့တွင် လျှပ်စစ်မီးများကိုလည်း စစ်ကောင်စီက ဖြတ်တောက်ထားသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ရာဘာခြံလုပ်သား ၁ဦး အသက်ဆုံးရှုံးခဲ့ရသလို ၁ဦး ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

Facebook