Connect with us

Hi, what are you looking for?

သတင်း

ကြားကာလချင်းပြည်အစိုးရ ဖွဲ့စည်းပေါ်ပေါက်နိုင်ရေး ဆောင်ရွက်နေမှုကို ICNCC ထုတ်ပြန်

ICNCCတွင် ချင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်း / CDM/ သပိတ်ကော်မတီများ ပါဝင်စုဖွဲ့ထားသည်။

ချင်းပြည်နယ်ဟားခါးမြို့ ။ ဓါတ်ပုံ-CJ
ချင်းပြည်နယ်ဟားခါးမြို့ ။ ဓါတ်ပုံ-CJ

ချင်း ပဋိညာဉ် မူကြမ်းရေးဆွဲရေးကော်မတီကိုဖွဲ့စည်း

ကြားကာလ ချင်းပြည်အစိုးရဖွဲ့စည်း ပေါ်ပေါက်နိုင် ရေးအပါအဝင် ကြားကာလ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံထားသည့် ချင်းပဋိညာဉ် ရရှိနိုင်ရေးအတွက် ချင်း ပဋိညာဉ် မူကြမ်းရေးဆွဲရေးကော်မတီ ဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီသည်(ICNCC)က သတင်းထုတ်ပြန်သည်။

ယခုအခါ ချင်းပဋိညာဉ် မူကြမ်းရေးဆွဲရေးကော်မတီသို့ပေးပို့တင်ပြလာသည့် မူကြမ်းများကိုစိစစ်သုံးသပ်ကာတစ်ခုတည်းသောမူကြမ်း (Single Text Draft) အဖြစ် စုစည်းရရှိနိုင်ရေးအတွက် မေလ ၂၄ရက်တွင် ကျင်းပသည့် ကောင်စီ၏ ပုံမှန်အစည်းအဝေးတွင်ချင်းပဋိညာဉ် မူကြမ်းများ စုစည်းရေး လုပ်ငန်းကော်မတီကို အစုအဖွဲ့အသီးသီးမှ ကိုယ်စားပြုကောင်စီဝင် နှစ်ဦးစီ စုစုပေါင်း ရှစ်ဦး ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း အသိပေးထားသည်။

ICNCCတွင် ချင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်း / CDM/ သပိတ်ကော်မတီများ ပါဝင်စုဖွဲ့ထားသည်။

Public Service Announcement

Public Service Announcement

လုပ်ငန်းကော်မတီမှစိစစ်စုစည်းထားသည့် တစ်ခုတည်းသောမူကြမ်း (Single Text Draft) ရရှိလာပါကကောင်စီသည် ဆွေးနွေးညှိနှိုင်းသင့် ဆွေးနွေးညှိနှိုင်းထိုက်သည့် ချင်းတော်လှန်ရေးအင်အားစုများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းကာ အားလုံး၏ သဘောထား တူညီမှုများကိုစုစည်း၍ အတည်ပြုပြဌာန်းနိုင် ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“ချင်းပြည်အစိုးရ။ အစိုးရတစ်ရပ်ဖွဲ့မယ်ဆိုရင် အဲဒီအစိုးရကိုင်စွဲရ မယ့်/ အဲဒီအစိုးရကို ပဲ့ကိုင်မယ့်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ/ ဒါမှမဟုတ် ပဋိညာဥ်/ ဒါမှမဟုတ် စာချုပ်စာတမ်းတစ်ခုခုလိုအပ်ပါတယ်။ အဲဒါ မရှိဘဲနဲ့ အစိုးရတစ်ရပ်ကိုဖွဲ့လို့ မရပါ။၂၀၀၈ ကိုဖျက်သိမ်းလိုက်တဲ့အခါ NUCC က Federal Democracy Charter ကိုရေးဆွဲ ပါတယ်။ FDC ရဲ့ အစိတ်အပိုင်း (၂) [ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာအစီအမံ] ဟာ NUG ရဲ့ အုပ်ချုပ်မှုလမ်းညွန်ဖြစ်သလို NUG ဟာ FDC ကို တာဝန်ခံပြီး အလုပ်လုပ်ရပါတယ်။ချင်းပြည်အစိုးရပေါ်ပေါက်နိုင်ဖို့ တော်လှန်ရေးချင်း stakeholders တွေအားလုံးလက်ခံသဘောတူတဲ့ပဋိညာဥ်တစ်ခုလိုအပ်ပါတယ်။ အဲဒါကို ချင်းချာတာဆိုပြီး ICNCC ကနေ အချိန်ယူရေးဆွဲခဲ့ပါတယ်” ဟု ICNCCတွင် ပါဝင်ဆောင်ရွက်နေသည့် ဦးဆလိုင်းအိုက်ဇက်ခင်က ၎င်း၏ Facebook၌ ရေးသားထားသည်။

အကြောင်းကြောင်းကြောင့် ချင်းချာတာသည် မူကြမ်းအဆင့်၌ ရပ်နေခဲ့ကြောင်း၊ တစ်ဆို့မှု များပြန်လည်ဖြည်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေဆဲဖြစ်ကြောင်းလည်း ၎င်းက ​ရေးသားထားသည်။

“ချင်းချာတာဆိုတာ ချင်းတွေရဲ့ နိုင်ငံရေးသဘော တူညီချက်ဖြစ်သလို ဘယ်လိုပြည်ထောင်မျိုး တည်ဆောက်မလဲဆိုတာကို ပုံဖော်ပြသပေးမယ့် စာရွက်စာတမ်းဖြစ်ပါတယ်။ ဒီချာတာအားဖြင့် သာ ညီညွတ် တဲ့ချင်းပြည်ကို စုစည်းနိုင်မှာပါ။ချင်းချာတာမူကြမ်းအချောသတ် စုစည်းဖို့ တာဝန်ရှိသူတွေ အမြန်ဆုံးစုစည်းဆောင်ရွက် ပေးကြပါ။ မတူညီမှုတွေကို အခြေတည်မယ့်အစား စိတ်ရှည်ခြင်းနဲ့ တူနိုင်သမျှကို စုစည်း ပေးကြစေလိုပါတယ်။ချင်းပြည်အစိုးရ မပေါ်ပေါက်ခင်စပ်ကြား မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးဆောင်ရွက်နေကြ တဲ့ ပအဖ/ CDFအဖွဲ့များစုစည်း၍ ချင်းပြည် ပြည်သူ့အုပ်ချုပ်ရေးပေါင်းစပ်ညှိနှိုင်းမှုကော်မတီလိုဟာမျိုး ဖွဲ့စည်းထားသင့်ပါတယ်” ဟု ဦးဆလိုင်းအိုက်ဇက်ခင်ကအကြံပြု​ရေးသားသည်။

ချင်းပြည် အစိုးရဖွဲ့စည်းပေါ်ပေါက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ကာကွယ်နေကြတဲ့ ရဲဘော်တွေကို အဖက်ဖက်မှ ကူညီပံ့ပိုးပေးဖို့ လိုအပ်နေကြောင်း ကြားကာလမင်းတပ် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အသိပေးလိုက်ပြီး မင်းတပ်မြို့နယ်အတွက် ကူညီပံ့ပိုးလိုပါက ဆက်သွယ်နိုင်ကြောင်း ကြားကာလမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေရာ ချင်းတော်လှန်ရေးပူးပေါင်းတပ်နဲ့ စစ်တပ်အကြား ယနေ့ ဇွန်လ ၁၀ရက် မနက်အထိ တိုက်ပွဲတွေ ပြင်းထန်နေကြောင်း ဒေသခံသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းက မင်းတပ်နဲ့ ကန်ပက်လက်မြိုနယ်တွေမှာ ချင်းပြည်သူ့တပ်မတော် (CPU/CPA)၊ မဟာမိတ်ပူးပေါင်းတပ်တွေနဲ့ အာဏာသိမ်းစစ်တပ်အကြား ထိတွေ့တိုက်ပွဲ ဆက်လက်ပြင်းထန်နေကြောင်း CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကက အသိပေးပါတယ်။