Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ကြားကာလချင်းပြည်အစိုးရ ဖွဲ့စည်းပေါ်ပေါက်နိုင်ရေး ဆောင်ရွက်နေမှုကို ICNCC ထုတ်ပြန်

ICNCCတွင် ချင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်း / CDM/ သပိတ်ကော်မတီများ ပါဝင်စုဖွဲ့ထားသည်။

ချင်းပြည်နယ်ဟားခါးမြို့ ။ ဓါတ်ပုံ-CJ
ချင်းပြည်နယ်ဟားခါးမြို့ ။ ဓါတ်ပုံ-CJ

ချင်း ပဋိညာဉ် မူကြမ်းရေးဆွဲရေးကော်မတီကိုဖွဲ့စည်း

ကြားကာလ ချင်းပြည်အစိုးရဖွဲ့စည်း ပေါ်ပေါက်နိုင် ရေးအပါအဝင် ကြားကာလ အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို အခြေခံထားသည့် ချင်းပဋိညာဉ် ရရှိနိုင်ရေးအတွက် ချင်း ပဋိညာဉ် မူကြမ်းရေးဆွဲရေးကော်မတီ ဖွဲ့စည်းကာ လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း ကြားကာလ ချင်းအမျိုးသားအတိုင်ပင်ခံကောင်စီသည်(ICNCC)က သတင်းထုတ်ပြန်သည်။

ယခုအခါ ချင်းပဋိညာဉ် မူကြမ်းရေးဆွဲရေးကော်မတီသို့ပေးပို့တင်ပြလာသည့် မူကြမ်းများကိုစိစစ်သုံးသပ်ကာတစ်ခုတည်းသောမူကြမ်း (Single Text Draft) အဖြစ် စုစည်းရရှိနိုင်ရေးအတွက် မေလ ၂၄ရက်တွင် ကျင်းပသည့် ကောင်စီ၏ ပုံမှန်အစည်းအဝေးတွင်ချင်းပဋိညာဉ် မူကြမ်းများ စုစည်းရေး လုပ်ငန်းကော်မတီကို အစုအဖွဲ့အသီးသီးမှ ကိုယ်စားပြုကောင်စီဝင် နှစ်ဦးစီ စုစုပေါင်း ရှစ်ဦး ဖြင့် ဖွဲ့စည်း တာဝန်ပေးအပ်ထားပြီးဖြစ်ကြောင်း အသိပေးထားသည်။

ICNCCတွင် ချင်းတိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့၊ လွှတ်တော်ကိုယ်စားလှယ်များ၊ နိုင်ငံရေးပါတီနှင့် အရပ်ဘက်အဖွဲ့အစည်း / CDM/ သပိတ်ကော်မတီများ ပါဝင်စုဖွဲ့ထားသည်။

Public Service Announcement

Public Service Announcement

လုပ်ငန်းကော်မတီမှစိစစ်စုစည်းထားသည့် တစ်ခုတည်းသောမူကြမ်း (Single Text Draft) ရရှိလာပါကကောင်စီသည် ဆွေးနွေးညှိနှိုင်းသင့် ဆွေးနွေးညှိနှိုင်းထိုက်သည့် ချင်းတော်လှန်ရေးအင်အားစုများနှင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းကာ အားလုံး၏ သဘောထား တူညီမှုများကိုစုစည်း၍ အတည်ပြုပြဌာန်းနိုင် ရေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

“ချင်းပြည်အစိုးရ။ အစိုးရတစ်ရပ်ဖွဲ့မယ်ဆိုရင် အဲဒီအစိုးရကိုင်စွဲရ မယ့်/ အဲဒီအစိုးရကို ပဲ့ကိုင်မယ့်ဖွဲ့ စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ/ ဒါမှမဟုတ် ပဋိညာဥ်/ ဒါမှမဟုတ် စာချုပ်စာတမ်းတစ်ခုခုလိုအပ်ပါတယ်။ အဲဒါ မရှိဘဲနဲ့ အစိုးရတစ်ရပ်ကိုဖွဲ့လို့ မရပါ။၂၀၀၈ ကိုဖျက်သိမ်းလိုက်တဲ့အခါ NUCC က Federal Democracy Charter ကိုရေးဆွဲ ပါတယ်။ FDC ရဲ့ အစိတ်အပိုင်း (၂) [ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုင်ရာအစီအမံ] ဟာ NUG ရဲ့ အုပ်ချုပ်မှုလမ်းညွန်ဖြစ်သလို NUG ဟာ FDC ကို တာဝန်ခံပြီး အလုပ်လုပ်ရပါတယ်။ချင်းပြည်အစိုးရပေါ်ပေါက်နိုင်ဖို့ တော်လှန်ရေးချင်း stakeholders တွေအားလုံးလက်ခံသဘောတူတဲ့ပဋိညာဥ်တစ်ခုလိုအပ်ပါတယ်။ အဲဒါကို ချင်းချာတာဆိုပြီး ICNCC ကနေ အချိန်ယူရေးဆွဲခဲ့ပါတယ်” ဟု ICNCCတွင် ပါဝင်ဆောင်ရွက်နေသည့် ဦးဆလိုင်းအိုက်ဇက်ခင်က ၎င်း၏ Facebook၌ ရေးသားထားသည်။

အကြောင်းကြောင်းကြောင့် ချင်းချာတာသည် မူကြမ်းအဆင့်၌ ရပ်နေခဲ့ကြောင်း၊ တစ်ဆို့မှု များပြန်လည်ဖြည်ရန် နည်းမျိုးစုံဖြင့် ကြိုးစားနေဆဲဖြစ်ကြောင်းလည်း ၎င်းက ​ရေးသားထားသည်။

“ချင်းချာတာဆိုတာ ချင်းတွေရဲ့ နိုင်ငံရေးသဘော တူညီချက်ဖြစ်သလို ဘယ်လိုပြည်ထောင်မျိုး တည်ဆောက်မလဲဆိုတာကို ပုံဖော်ပြသပေးမယ့် စာရွက်စာတမ်းဖြစ်ပါတယ်။ ဒီချာတာအားဖြင့် သာ ညီညွတ် တဲ့ချင်းပြည်ကို စုစည်းနိုင်မှာပါ။ချင်းချာတာမူကြမ်းအချောသတ် စုစည်းဖို့ တာဝန်ရှိသူတွေ အမြန်ဆုံးစုစည်းဆောင်ရွက် ပေးကြပါ။ မတူညီမှုတွေကို အခြေတည်မယ့်အစား စိတ်ရှည်ခြင်းနဲ့ တူနိုင်သမျှကို စုစည်း ပေးကြစေလိုပါတယ်။ချင်းပြည်အစိုးရ မပေါ်ပေါက်ခင်စပ်ကြား မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးဆောင်ရွက်နေကြ တဲ့ ပအဖ/ CDFအဖွဲ့များစုစည်း၍ ချင်းပြည် ပြည်သူ့အုပ်ချုပ်ရေးပေါင်းစပ်ညှိနှိုင်းမှုကော်မတီလိုဟာမျိုး ဖွဲ့စည်းထားသင့်ပါတယ်” ဟု ဦးဆလိုင်းအိုက်ဇက်ခင်ကအကြံပြု​ရေးသားသည်။

ချင်းပြည် အစိုးရဖွဲ့စည်းပေါ်ပေါက်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြရန်လည်း ၎င်းက တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စ္စရေးနဲ့ အီရန်တို့ဟာ ခါးသီးရန်ဘက်တွေအဖြစ် ကာလရှည်ကြာ ရပ်တည်ခဲ့ပေမယ့် နှစ်နိုင်ငံကြား အတိအလင်း ကိုယ်ထိလက်ရောက် စစ်ပြုတိုက်ခိုက်တာမျိုးကတော့ ဧပြီ ၁၃ ရက်ဖြစ်စဉ်ဟာ ပထမဆုံးလို့ သိရပါတယ်။

သတင်း

မူဟာမတွတ်ဟာ အိန္ဒိယမှ ၃ ရက်ကြာ နေထိုင်မှာဖြစ်ပြီး သူ့ကို အိန္ဒိယ ပြည်ပရေးရာ (နိုင်ငံခြားရေး) ဝန်ကြီး ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ဖိတ်ကြားခဲ့တာပါ။ သူတို့နှစ်ဦးကလည်း ဖေဖော်ဝါရီ ၇ ရက် ညနေပိုင်းမှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။

နိုင်ငံတကာ

အမေရိကန် ထောက်လှမ်းရေးရဲ့ အဆိုအရ Tower 22 စခန်းကို တိုက်ခိုက်ခဲ့တဲ့ ဒရုန်းဟာ အီရန်လုပ် အမျိုးအစားဖြစ်ပြီး ယူကရိန်း စစ်ပွဲမှာ အသုံးပြုဖို့ ရုရှားဆီ တင်ပို့ထားတာတွေနဲ့လည်း တူညီတယ်လို့ သိရပါတယ်။

သတင်း

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့နောက် ချင်းတိုင်းရင်းသား အနွယ်ဝင် ၃၀၀၀၀ လောက်ဟာ မီဇိုရမ် ပြည်နယ်ထဲကို စစ်ရှောင်တွေအဖြစ် ဝင်ရောက် ခိုလှုံနေခဲ့ကြရပြီး ဖြစ်ပါတယ်။